Thursday 26 May 2011

၁၅၀၀ Error.

ခေါင်းစားတယ်...
ပတ်သက်ဖူးသမျှ၁၅၀၀ တွေလဲ
Error တွေပဲပြပြနေတယ်
၅၂၈ ကလည်းအနားမှာမရှိဘူး၊
ကိုယ်စောင့်နတ်ကလည်းအိပ်ယာမထသေးဘူး
နှလုံးသား Folder လည်း Virus ကိုက်သွားပြီ
သက်ပျင်းတွေပဲချချနေရတယ်...
ကဗျာကောင်းကောင်းတစ်ပုဒ်ရေးဖို့
ဦးနှောက်နဲ့ရင်ဘတ်ကို
Network မချိတ်ရသေးဘူး
ဒိတ်အောက်နေတဲ့ငါ့ရင်ဘတ်ကြီးကိုလည်း

Update   ပြန်လုပ်ရအုန်းမယ်...
သိုးရေခြုံတဲ့ဝံပုလွေတွေငါ့နားမလာနဲ့
အနာဂတ်ကိုကြည့်ဖို့
ပစ္စုပန်ကိုမျက်မှန်တတ်ပေးလိုက်ပြီ
ဒီကဗျာ ဒီမှာပဲ ပုဒ်မချလိုက်ပြီ ။ ။

သစ္စာမရှိတဲ့လူတွေကြောင့်
ကမ္ဘာကြီးတောင်နှာဆေး ချောင်းဆိုး ဖြစ်နေလေရဲ့....
ရာဇ၀င်

No comments:

Post a Comment