Saturday, 28 May 2011

အမြန် ဆံပင်ပျော့သွားစေမည့်နည်းလမ်း

သင်ဟာ ပွဲတက်တွေသွားဖို့ ဆံပင်ကိုအဖြောင့်လေးချသွားချင်ပေမယ့် ဆံပင်သားဟာ ပျော့ပျောင်းမှုမရှိဘဲ ကြမ်းနေပါသလား။ မနက်ဖြန်လိုသွားမယ်ဆိုရင် ညဘက်အိပ်ရာမ၀င်ခင်မှာ ဆံပင်တွေကို တစ်ခေါင်းလုံးအုန်းဆီအနှံ့ လိမ်းထားလိုက်ပါ။တစ်ညနေလုံးလုံး ဒီအတိုင်းထားပြီး အိပ်ရာဝင်တော့မယ်ဆိုရင် သံပရာရည် ထမင်းစားဇွန်းသုံးဇွန်းကို သင့်ဆံပင်အနေအထား (အတို၊ အရှည်ပေါ်မူတည်ပြီး ရေနဲ့အနည်းငယ်ရောစပ်ပါ။) ဦးရေပြားကိုမဟုတ်ဘဲ ဆံပင်သားကိုပဲ အဲဒီသံပရာရည်နဲ့လိမ်းလိုက်ပါ။ (စပရေးဘူးထဲထည့်ပြီးလည်း ဖျန်းပေးနိုင်ပါတယ်)။ ပြီးရင် အိပ်ရာဝင်လိုက်ပါ။  မနက်မိုးလင်းလို့ အိပ်ရာနိုးရင် ရေနွေးနွေးလေးနဲ့ အုန်းဆီနဲ့ သံပရာရည်တွေကို ပြောင်စင်အောင်ခေါင်းလျှော်ပြီးပျော့ဆေးလေးသုံးပေးပါ။ ဆံပင်သားကို လေအေးမှုတ်စက်နဲ့ အခြောက်ခံပြီး ခေါင်းဖြီးလိုက်ချိန်မှာတော့ အံ့သြစရာကောင်းလောက်အောင် ပျော့ပျောင်းနူးညံ့နေတဲ့ဆံသားကို သင်ပိုင်ဆိုင်ရမှာဖြစ်ပါတယ်။

swesonemedia postကိုကိုးကားတင်ပြပါသည်။
ရာဇ၀င်

No comments:

Post a Comment