Friday 22 February 2013

Facebook ပေါ်မှာကိုယ့်ကို ဘယ်သူတွေ Unfriend ထားလဲ ??


Facebook ပေါ်မှာကိုယ့်ကို ဘယ်သူတွေ Unfriend ထားလဲ ??

ဒါကတော့လူတိုင်းသိချင် ကြမယ့် မေးခွန်းလေးပဲ ဖြစ်ပါတယ်..

ကိုယ့်ကို ဘယ်သူတွေ Unfriend လုပ်လဲဆိုတာ ခု သိလို့ပါပီ

ပထမဆုံး http://www.outandin.info/ ကိုသွားပါ

ပီးးရင် Login with facebook ကိုလုပ်

ပီးရင် Permission တွေပေး

ပီးရင် နည်းနည်း ကလိကြည့် အနော်လည်း အသေးစိတ်ကြောတော့ဘူးနော်


ITgroup

Friday 15 February 2013

Internet ကနေ ကိုယ့်ချစ်သူနဲ့ ကလေးမွေးကြမယ် ...


မပူပါနဲ့....ဘ၀တူတွေအတွက်..နည်းလမ်းလေးတစ်ခုပေးလိုက်ပါတယ်
ချစ်သူရှိသူရော....မရှိတဲ့သူပါ..လုပ်နိုင်ပါတယ်...ခင်ဗျာ....
ကဲ...ကလေးတစ်ယောက်.စဖန်တီးကြည့်ရအောင်.......
1>>> ပထမဆုံး ဒီကိုသွားပါ.......http://www.makemebabies.com/
2>>>Upload Your Photo မှာ.ကိုယ့် ဓါတ်ပုံကို တင်ပြီး Go ကိုနှိပ်လိုက်....
3>>ပြီးတော့ ကိုယ့်ပုံကို လိုချင်သလောက် Crop လုပ်ပြီးတော့ Next ကိုနှိပ်ပေးလိုက်...
4>>>ပြီးရင် ကိုယ့် ဓါတ်ပုံဘေးနားမှာ မြှားထိုးထားတဲ့ Upload Partner's Photo ကိုနှိပ်...
5>>>ကိုယ့်ချစ်သူရဲ့ ပုံဖြစ်ဖြစ်...ကိုယ်ကျိတ် ကြွေနေတဲ့ ကောင်မလေး တစ်ယောက်ရဲ့ ပုံဖြစ်ဖြစ်တင်ပေးပြီး Upload Photo လုပ်ပေးလိုက်..
စောစောကလိုပဲ..လိုချင်သလောက် Crop လုပ်ပြီး Next ကိုနှိပ်လိုက်ပါ
(ကျွန်တော်Einsteinကတော့ဝတ်မှုန်ရွှေရည်ပုံကိုတင်ပေးလိုက်တာပါ..ခိ..ခိ)
6>>နောက်ဆုံး အဆင့်ကတော့..ကလေးနာမည် တို့ အသားအရောင်တို့ ယောင်္ကျားလေးလား...မိန်းကလေးလား တို့ ..ကိုယ်ကြိုက်တာရွေးပြီးတော့....Proceed ကိုနှိပ်ပေးလိုက်ပါ...
7>>ကဲ...ကိုယ်နဲ့ ကိုယ့်ချစ်သူရဲ့ ရင်သွေးလေးကို Online ပေါ်မှာတင်မွေးဖွားနိုင်ပါတယ်... :)

သူငယ်ချင်းတို့အားလုံး..ချက်ချင်းစမ်း ပျော်ရွှင်ကြပါစေ...

~>Einstein Kelvin<~ITgroup

Monday 11 February 2013

အမျိုးသမီးများ သုံးနေကျ စကား ၉ ခွန်း.....





(1 )Fine: ကောင်းပြီလေ။ ။။ ဤစကားလေးက အမျိုးသမီးများ က သူမ မှန်နေသောအချိန် သင်နုတ်ပိတ်ဖို့ အတွက်ပြောခြင်းဘဲ။

(2)FiveMinutes:ငါးမိနစ်။။။သူမအပြင်ထွက်ဖို့အဝတ်အစားလဲနေချိန်သုံးပါတယ်၊ ဒီလိုဆို သေချာပြီ ခင်ဗျား နာရီဝက်အနဲဆုံးစောင့်ရမယ် ဆိုတာပါဘဲ။ သင်ဘောလုံးပွဲကို စိတ်ဝင်တစားထိုင်ကြည့်ပြီး၊အိမ်အလုပ်ကို လျစ်လျူရှုနေရင်တော့သင့်အတွက်ငါးမိနစ်ဟာငါးမိနစ်ထက်လုံးဝမပိုတော့ပါဘူး။

( 3 ) Nothing: ဘာမှမဟုတ်ပါဘူး၊ အရေးမကြီးပါဘူး။ ။။
ဒီစကားလုံးသုံးပြီဆိုရင် သတိထား၊ ပြီးတဲ့နောက် ကြီးမားတဲ့
တိုက်ခိုက်မှု့တခုရှိနေလို့ဘဲ။သင့်အနေနဲ့ခြေနဲ့တင်ပါးတထပ်တည်း ကျအောင်ပြေးနိုင်ဖို့ အဆင်သင့်ပြင်ထားပါ၊ နူးညံ့သိမ်မွေ့တဲ့ အဖြေတခုနဲ့
အဆုံးသပ်မှာ မဟုတ်လို့ဘဲ။

(4) Go Ahead : လုပ်လိုက်လေ။ ။။ ဒီလိုဆိုလို့ ခွင့်ပြုချက်ရပြီလို့
မထင်လိုက်လေနဲ့၊ လုပ်ရဲရင် လုပ်ကြည့်ဆိုတာမျိုးဘဲ။ မပြုမိအောင် ဂရုပြုပါ။

(5) Loud Sigh: သက်ပြင်းရှည်။ ။။ ဒီမှာ အဓိပ္ပါယ် အားလုံးပါသွားပါပြီ၊
မင်းကို လုံးဝနားမလည်နိုင်တော့ဘူး၊ စိတ်မရှည်နိုင်တော့ဘူး၊ ဆိုတဲ့
အဓိပ္ပါယ်လေးပါ၊ သက်ပြင်းရှည်လျားစွာ ချပြီဆိုရင်တော့၊ အသုံးမကျတဲ့ သူနဲ့ဘာကြောင့် အချိန်ကုန်၊ လေကုန်ခံပြီး အငြင်းပွားနေပါလိမ့် ဆိုတဲ့
သဘောဘဲ၊(နံပါတ် ၃ ကိုပြန်လည် အမှတ်ရပါ)။

(6) That's Okay: ရပါတယ်၊ ကိစ္စ မရှိပါဘူး။ ။။ အန္တရယ် အကြီးမားဆုံးသောစကားလုံးလေး တခုပါ၊ သင့်အမှားအတွက် ကြီးမားသော ပေးဆပ်မှု့တခုကို သင့်ထံမှတောင်းဆိုတော့မှာ ဖြစ်တဲ့ အတွက် အသင့်ပြင်ထားလိုက်ပါတော့။

(7) Thanks: ကျေးဇူး တင်ပါတယ်။ ။။ အဲလိုများ အပြောခံရပြီဟေ့ ဆိုရင်မအံ့သြလိုက်ပါနဲ့ တကယ်တမ်း စိတ်ထဲကပြောတာပါ၊ ကျေနပ်စွာ လက်ခံလိုက်ပါ။
ရင်ထဲက စစ်မှန်သော စကားတရပ်ပါ ယုံကြည်လိုက်ပါ။ ကိစ္စမရှိပါဘူးလို့ များယောင်လို့ မပြောလိုက်ပါနဲ့၊ ကိုယ်လုပ်ပေး၊ ပြုပေးလိုက်ရလို့
ဝမ်းသာပါတယ်လို့သာပြောလိုက်ပါ။

(8) Whatever: ဘာဖြစ်ဖြစ်လေ။ ။။ ဒီစကားလုံးက သိမ်မွေ့တဲ့
ဆဲရေးတိုင်းထွာခြင်းဘဲလေ၊ သတိနဲ့သာ နေတော့။

(9) Don't worry about it, I got it : စိုးရိမ်စရာ မလိုပါဘူး၊ ရပါတယ်
ကျမလုပ်လိုက်ပါ့မယ်။ ။။ ဆိုတဲ့သဘောကတော့ ရန်ပွဲမစခင်၊
စကားချိုသပ်ခြင်းပါဘဲ သင့်ကိုလုပ်ဖို့ ကြိမ်ဖန်များစွာ ပြောထားပေမဲ့၊
သင့်ပျက်ကွက်မှု့ကို သည်းမခံနိုင်မှု့ကို ပြသတဲ့ သဘောပါဘဲ။ ဒီနောက်တော့နံပါတ် ၃ကို ပြန်ရောက်တော့တာဘဲ

Original up-loader