Sunday 26 June 2011

ဂဏန်းဗေဒင်မှလာသော သင်၏ချစ်သူအကြောင်း

ကျွန်ုပ်၏ မိတ်ဆွေ ဆရာ ( ဟိန်းတင့်ဇော် ) ပေးပို့ သော မေးလ်ဖြစ်ပါသည်..။ကျွန်ုပ်၏အပြာရောင်ကောင်းကင်သို့လာရောက်
သော သူငယ်ချင်းများအား ဖတ် ၇ှူ့ နိုင်ရန် စေတနာဖြင့်.....



တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 1st, 10th, 19th, 28th မှာ

မွေးဖွားခဲ့မယ်ဆိုရင်.. ==သင်၏ချစ်သူဟာ.. နံပါတ် (၁) သမား...

တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 2nd, 11th, 20th, 29th မှာ

မွေးဖွားခဲ့မယ်ဆိုရင်.. == သင်၏ချစ်သူဟာ.. နံပါတ် (၂) သမား...

တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 3rd, 12th, 21st, 30th မှာ

မွေးဖွားခဲ့မယ်ဆိုရင်.. == သင်၏ချစ်သူဟာ.. နံပါတ် (၃) သမား...

တကယ်လို့..မင်းဟာ..လတွေရဲ့. 4th, 13th, 22nd, 31st မှာ

မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၄) သမား...

တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 5th, 14th, 23rd မှာ 


မွေးဖွားခဲ့မယ်ဆိုရင်..

== သင်၏ချစ်သူဟာ.. နံပါတ် (၅) သမား...

တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 6th, 15th, 24th မှာ 


မွေးဖွားခဲ့မယ်ဆိုရင်.

== သင်၏ချစ်သူဟာ.. နံပါတ် (၆) သမား...

တကယ်လို့..မင်းဟာ..လတွေရဲ့. 7th, 16th, 25th မှာ မွေးဖွားခဲ့မယ်ဆိုရင်..

== မင်းဟာ.. နံပါတ် (၇ သမား...

တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 8th, 17th, 26th မှာ 


မွေးဖွားခဲ့မယ်ဆိုရင်..

== သင်၏ချစ်သူဟာ.. နံပါတ် (၈ ) သမား...

တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 9th, 18th, 27th မှာ 


မွေးဖွားခဲ့မယ်ဆိုရင်..

== သင်၏ချစ်သူဟာ.. နံပါတ် (၉) သမား...

ဒီနေရာမှာ သင်၏ချစ်သူကို မင်းလို့ နာမ်စားသုံးကြပါစို့.......
 
နံပါတ် (၁)
မင်းဟာ..ပါးနပ်တယ်..စကားကိုရှင်းရှင်းပြောတက်တယ်..ဟာသဥာဏ်ရွှင်တယ်..
ခေါင်းမာတယ်. ရိုးသားတယ်.. တဖက်သားကို မနာလို ၀န်တိုတတ်တယ်. . 

ကြင်နာတက်တယ်..ဒေါသလွယ်တယ်..
ဖော်ရွှေတယ်..တာဝန်ယူလိုစိတ်ရှိတယ်..အမြဲတမ်း ကျော်ကြားသူ 

တယောက်ဖြစ်ချင်တယ်..
လူတွေအားလုံးရဲ့ အထက်မှာပဲ နေချင်တယ်.. တခါတရံမှာ လွတ်လပ်မှုကို
မြတ်နိုးတယ်.. သူတပါးရဲ့ အုပ်ချုပ်မှုကို မခံချင်ဘူး.
မိမိကိုယ်ကို ယုံကြည်တက်တဲ့ လူစားမျိုးဖြစ်တယ်..
ငယ်ငယ်ရွှယ်ရွှယ်နဲ့ အချစ်ကို တွေ့တက်ကြတယ်..ဒါပေမယ့်..
ရင့်ကျက်တဲ့ အရွယ်ရောက်မှပဲ လက်ထက်ဖြစ်ကြတာများပါတယ်..
အမြင်မတူတဲ့ သူတွေနဲ့ ပြဿနာတက်ရတာကို နှစ်သက်တယ်..
အငြိုးအတေးကြီးပြီး..လက်စားချေတက်ကြတယ်..အသုံးအဖြုန်းကြီးသူ 

တယောက်ဖြစ်ပေမယ့်..
မင်းမှာ အလုပ်အကိုင်ကောင်းတွေ ရတက်ပါတယ်..
မင်းသာ အမျိုးသားဆိုရင်..အရမ်းနာမည်ကျော်မယ်..
ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နေမှာဖြစ်ပြီ..လူတိုင်းက မင်းကို
လေးစားနေပါလိမ့်မယ်..မင်းဟာ.နေရာစုံ ၀င်ဆန့်နိုင်တဲ့သူ 

 တယောက်ဖြစ်တယ်..
ရပ်ကွက်ထဲမှသည်.. ဟိုအပေါ် ပါလီမန်တွေထိကို မင်းက နေရာစုံသွားနိုင်သူပါ.. 

ဘာဖြစ်လို့လဲဆိုတော့..ကိစ္စတော်တော်များများကို မင်းက       
တဖတ်ကမ်း ခတ်အောင် သိနေတက်တယ်လေ..
ဒါပေမယ့်..မင့်ရဲ့ဘ၀မှာ..တချို့လူတွေက
မင်းဘ၀နှိပ့်ကျသွားအောင်..နာမည်ပျက်သွားအောင်
လုပ်တာမျိုး..ကြုံရတက်ပါတယ်..
ဒါကလည်း မဆန်းပါဘူး...လူတွေရဲ့မနာလိုမှု့ ကြောင့်ပါပဲ..
မင့်ရဲ့မိသားစုဘ၀က အေးချမ်းလွန်ပါတယ်.. မင်းဟာ အဖော်မွန်ကောင်းကို 

ပိုင်ဆိုင်ပြီ..ချစ်စဖွယ်သားသမီးတွေနဲ့
နေထိုင်ရပါလိမ့်မယ်..မင်းဟာ..ရှေ့ဆောင်သူ..လွတ်လပ်မှုကို မြတ်နိုးသူ..
ဘာသာတရားကို ကိုယ်ရှိုင်းသူတယောက်ပါပဲ..
မင်းရဲ့အကောင်းဆုံးအဖော်မွန် နံပါတ်တွေကတော့.. 4, 6, 8
သင့်တင်တဲ့သူတွေကတော့.. 3, 5, 7...
နံပါတ်(၂)
မင်းဟာ ဘာကြီးပဲဖြစ်နေနေ.. မင်းကို လူတိုင်းက ချစ်ကြပါတယ်..
ဘာဖြစ်လို့လဲ ဆိုတော့..မင်းဟာလ နဲ့ တူလို့ပါ.. လကို လူတိုင်းက
သဘောကျသလိုမျိုးပေါ့..
ပြီးတော့ မင်းဟာ..စိတ်ကူးအရမ်းယဉ်တက်သူ တစ်ဦးလည်းဖြစ်တယ်...
မင်းဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအလွန်နည်းတယ်..မင်းဘ၀မှာ
ပြန်ပြီးသုံးသပ်သင့်စရာတွေချည်းပဲ...
မင်းဟာ ခန့်မှန်းရခက်တဲ့သူ တစ်ဦးလည်းဖြစ်တယ်.. အချိန်နဲ့အခြေအနေကို
လိုက်ပြီး မင်းဟာ အမြဲတမ်းပြောင်းလဲနေတယ်..
တကိုယ်ကောင်းဆန်ပြီ.. အနုပညာဘက်မှာ အားအတော်သန်တဲ့သူဖြစ်တယ်..
အပြောအဆို ညက်ညောပြေပြစ်တယ်.
မင်းရဲ့အပြုအမှုတွေဟာ လလို့ပဲ.. နေအလင်းရောင် ပျောက်မှ
လထွက်လာသလိုမျိုး.... လူတွေ စိတ်ဓါတ်ကျနေတဲ့အချိန်ဆိုရောက်လာပြီ..
သူတို့တွေ စိတ်ဓါတ်မြင့်တက်လာပြီဆိုရင် မင်းဟာ သူတို့ဘ၀ထဲက
ပျောက်ကွယ်သွားတက်တယ်..
မင်းဟာ.. ငြိမ်းချမ်းမှုကို မြတ်နိုးတဲ့.ဒုတိယ ဂန္ဒီ
ဖြစ်နိုင်သလို...ငြိမ်းချမ်းမှုကို ဖျက်ဆီးမဲ့.. ဒုတိယ ဟစ်တလာ လည်း
ဖြစ်နိုင်ပါတယ်
(ကျနော်ဆိုလိုတာက မင်းရဲ့ပတ်ဝန်းကျင် ဆက်ဆံရေးပေါ်မှာပါ).
တကယ့်လိုများ..ဘုရားတရားကို နက်နက်ရှိုင်းရှိုင်းလုပ်မယ်ဆိုရင်...မင်းဟာ
အောင်မြင်မယ့်သူတစ်ဦးပါ...
အများစုသော မင်းရဲ့စကားလုံးတွေဟာပျော်ရွှင်မှုတွေဆီကိုပဲဦးတည်နေတာပါ..!
တခါတရံ မင်းဟာ ရှေ့ရေးကို ကြိုပြီး ခံစားမိတက်သူတစ်ဦးပါ.
မင်းဟာ ကဗျာဆရာ..စာရေးဆရာ..  
အနုပညာနယ်ပယ်မှာကျင်လည်မှုသူတစ်ဦးပါ...
မင်းဟာ အချစ်ကို အရမ်းကြီးမယုံကြည်တက်သူတစ်ဦးပါ..
မင်းလက်ထက်ပြီးတဲ့အထိတောင် အဲဒီအတိုင်းပဲ
မင်းဟာ အချစ်အပေါ် သာမန်ပဲခံစားနေတက်သူတစ်ဦပါ..
မင်းဟာ မိန်းကလေးဆိုရင်တော့..မိသားစုမှာ 

တာဝန်သိအမျိုးသမီးတဦးဖြစ်နေပါလိမ့်မယ်..
မင်းဟာ ယောကျာ်းလေးသာဆိုရင်တော့ မိသားစုမှာ
ခိုက်ရန်ဖြစ်တာတွေ..ငြင်းခုန်မှုတွေကို သယ်ဆောင်လာသူ
ဖြစ်နေပါလိမ့်မယ်..ဒါမှမဟုတ် ပြောင်းပြန်လည်း 

 ဖြစ်နေတက်ပါတယ်..ဆိုလိုတာက.
မိသားစုကောင်းစားဖို့အတွက် မင်းဘ၀ကိုတောင် စွန့်လွတ်ဖို့ 

ဝန်မလေးတဲ့သူတစ်ဦးပါ...
မင်းဟာ သိမ့်မွေ့တယ်..အမြင်ကျယ်တယ်..

သူတပါးရဲ့စိတ်ကိုခံစားနားလည်ပေးနိုင်တယ်..
လူတွေနဲ့ လိုက်လျောညီထွေနေတက်တဲ့သူ တစ်ဦးပါ...
မင်းရဲ့အကောင်းဆုံး အဖော်မွန်ကတော့ 2, 5, 9
တခြားသူတွေနဲ့ဆိုရင်တော့..အဆင်ပြေဖို့ခဲ့ရင်းပါတယ်..!!!`
နံပါတ် (၃)
နှလုံးသားမာကျောပြီ.. တကိုယ်ကောင်းဆန်တက်တယ်.. ဒါပေမယ့် 

ဘာသာတရားကိုကိုင်းရှိုင်းတက်သူတစ်ဦးပါ..
တိုးတက်မှုကို မြတ်နိုးတဲ့သူတစ်ဦးပါ.. မင်းဟာ မိသားစုပြဿနာတွေကို
လျှော့ကျဖို့လိုလားပေမယ့်..
ပြဿနာတိုင်းက မင်းဆီကနေပဲ မြစ်ဖျားခံတက်တာများပါတယ်..
မင်းဟာ သြဇာအာဏာကြီးမားပြီး.. နှစ်လိုဖွယ်မျက်နှာထားကို ပိုင်ဆိုင်သူ 

တစ်ဦးပါ..
ဒါကြောင့်.. ဘယ်နေရာကိုသွားသွား.. မင်းအလိုရှိတာတွေကို အဆင်သင့် 

ရနိုင်နေတာပေါ့..
မင်းဘ၀မှာ မွေးဖွားလာကတည်းက တခုခုကို ရဖို့အတွက် အမြဲတမ်း
ပြင်းထန်စွာကြိုးစွာနေရတက်တယ်..
မကြိုးစားဘဲနဲ့ ရလာတာဆိုတာ အလွန်ပဲ ရှားပါးလှပါတယ်....
အရွယ်ရောက်လာတဲ့အခါမှာ.. မင်းဟာ ကိုယ့်ထက်ငယ်ရွယ်သူတွေကို 

ဆိုဆုံးမတက်တယ်..
ဘာကြောင့်လဲဆိုတော့.. ကြီးတဲ့သူကို ငယ်သူက ရိုသေမှုပြသရတာကို မင်းဟာနှစ်သက်လို့ပဲ.. အဲလိုလည်း
မင်းဟာ စံပြနေလေ့ရှိပါတယ်.. ဒါပေမယ့်..ယေဘုယျအားဖြင့်တော့.. မင်းဟာအေးဆေးတည်ငြိမ်တဲ့သူတယောက်မဟုတ်ပါဘူး..
မင်းနဲ့ဆက်ဆံဖို့ဆိုတာ..ခက်ခဲတဲ့အလုပ်တခုပါ..မင်းဟာ စိတ်ဓါတ်မာတဲ့
ပြိုင်ဘက်တယောက်လိုပဲ...ဒါပေမယ့်လည်း.. 

တစုံတယောက်ရဲ့အပြုအမှုကိုမင်းသဘောကျသွားပြီဆိုလည်း..
မင်းတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ အရမ်းကို ခိုင်မာနေတက်ပါတယ်...
မင်းဟာ အမြဲလိုလို..သူတပါးဆီက လေးစားမှုကို ရရှိနေတက်သူ တစ်ဦးပါ..
မင်းဘ၀မှာ ရန်သူတွေ.ပြဿနာတွေ အများကြီးရှိမယ်လို့ ထင်ရပေမယ့်.. 

အဲဒါတွေကကြာရှည်မခံပါဘူး..
ဘာကြောင့်လည်းဆိုတော့.. မင်းက ပါရမီရှင်တယောက်လိုပါပဲ..
သူတို့နဲ့ဖြေရှင်းရာမှာ ပိုင်နိုင်လွန်းပါတယ်..
မင်းဟာ ပိုက်ဆံကို အနည်းငယ်ပို မက်မောတဲ့အတွက်..
သူရဲ့စေခိုင်းမှု အောက်မှာ..အဆုံးမရှိ ကြိုးစားခြင်းတွေ
ရုန်းကန်ခြင်းတွေနဲ့..
မင်းဟာ နပန်းလုံးနေရတက်တယ်...
မင်းဟာ အမျိုးသားတစ်ဦးဆိုရင်တော့..အားလုံးဟာ ပြီပြည့်စုံနေပါပြီ..
မိသားစုကို စောင့်ရှောက်တယ်..
သူငယ်ချင်းတွေကို ကူညီတယ်.. ဘ၀ကို ပေးကမ်းမှုတွေ..ကြင်နာတွေနဲ့
အချိန်ကုန်လွန်စေတဲ့သူပေါ့ (ဒါပေမယ့် ၂၁ ရက် မွေးသူမပါပါ). ပြီးတော့
မင်းဟာ စံပြတယောက်ဖြစ်နေပါလိမ့်မယ်..
တကယ်လို့..မင်းဟာ အမျိုးသမီးဆိုရင်လည်း.. အကျင့်စရိုက်ကောင်းတွေ..
ယဉ်ကျေးသိမ်မွေ့မှုတွေ.. အလုပ်ကြိုစားမှုတွေနဲ့ ပြည့်နေမှာပါ..
မင်းဟာ လွတ်လပ်မှုကို မြတ်နိုးသူ.. တီထွင်သူ..
ရည်မှန်းချက်ကြီးသူ..အာရုံစူးစိုက်လုပ်တက်သူ
ပြီးတော့. ကမ္ဘာကို အလှ..မျှော်လင့်ချက်..ပျော်ရွှင်မှုတွေကို သယ်ဆောင်လာသူတစ်ဦးပါပဲ...
မင်းရဲ့ အကောင်းဆုံး အဖော်မွန်ကတော့... 6, 9.
သင့်တော်တဲ့အဖော်မွန်ကတော့..1, 3, 5!!!
နံပါတ် (၄)
မင်းလည်းပဲ ခေါင်းအလွန်မာတဲ့သူ တဦးပါပဲ.. အလုပ်ကို
အရမ်းကြိုးစားတယ်..ဒါပေမယ့် ဘ၀ရဲ့ အရေးကြီးတဲ့ ကိစ္စတွေမှာတော့
ကံမကောင်းတက်ပါဘူး..
အေးဆေးနေတက်တယ်..ကူညီတက်သူဖြစ်ပေးမဲ့.. စကားပြောတာက 

ပွင့်လင်းလွန်းပါတယ်..
အမျိုးသားဆိုရင်တော့ အဲဒီအတွက်နဲ့ပဲ.. တခြားလူတွေကို
စိတ်အနှောက်ယှက်ပိုဖြစ်စေပြီ.. မင်းကိုထားပြီ
အဝေးကို ပြေးသွားတက်ကြပါတယ်..
မင်းဟာ တခါတရံမှာတော့.. တခြားလူတွေနဲ့ သူတို့ရဲ့ ပြဿနာတွေကို
ကောင်းကောင်းကြီး နားလည်နေပြန်ေ၇ာ့.....
အချိန်တိုင်းလိုလို မင်းဟာ အမျိုးသမီးမိတ်ဆွေတွေနဲ့ အချိန်ဖြုန်းနေတက်ပြီ..
အမျိုးသမီငယ်တွေနဲ့ ပျော်ရွှင်ရတာကို နှစ်သက်သူ တစ်ဦးပါ..
မင်းသူငယ်ချင်းတွေဟာ မင်းရဲ့အချိန်တွေ..ငွေတွေကို သုံးဖြုန်းပြီ..
အဝေးကို ပြေးသွားတက်ကြပါတယ်..
အဲဒီခါကြရင်တော့..မင်းဟာ 

 ခိုးကိုယ်ရာမဲ့နေပြီဆိုတာ..အသေအချာပါပဲ..အဲဒီအတွက်..
လုံးဝသတိပြုပါ.. မင်းရဲ့စီတ်ထားကောင်းကတော့.. မိသားစုနဲ့သူငယ်ချင်းတွေကိုကူညီတက်တာပါပဲ..
မင်းဟာ ငယ်ရွှယ်စဉ်မှာပဲ.. အချစ်ကို တွေ့ရှိတက်ပါတယ်..
မင်းဘ၀မှာ တခါတရံ အဆင်မပြေမှုတွေနဲ့ ပြည့်နက်နေတက်တယ်.. ဥပမာ..
မင်းဟာ ဘွဲ့တခုခုရထားပေမယ့်..အလုပ်လက်မဲ့ဖြစ်နေတာမျိုးပေါ့.. ဒါမှမဟုတ်..
အောက်ခြေအလုပ်ကို လုပ်နေရတာမျိုးပေါ့..
ဒါပေမယ့်..မင်းရဲ့မိသားစုကိုတော့..မင်းဟာ ကောင်းကောင်းစောင့်ရှောက်နိုင်
ပါတယ်..
အဓီက သတိထားရမယ်လူတွေကတော့.. မင်းရဲ့ကြင်နာတက်တဲ့ စိတ်ထားကိုအခွင့်ကောင်းယူမယ့်သူတွေကိုပါပဲ..
ဒါကြောင့်..မင့်နဲ့ပတ်ဝန်းကျင်ဆက်ဆံရေးကို အထူးသတိပြုပါ..
အမျိုးသမီးဆိုရင်တော့.. မင်းဟာ ပညာရပ်ပိုင်းနဲ့ အနုပညာပိုင်းမှာ
ထွန်းပေါက်နိုင်ပါတယ်..
မင်းဟာ..စိတ်ရှည်တယ်.. ခေါင်းမာတယ်.. ရှေးရိုနည်းနည်းဆန်ပြီ..
အစီအစဉ်တကျလုပ်ကိုင်တက်သူတယောက်ဖြစ်တယ်...
မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 1, 

8.သင့်တော်တဲ့သူတွေကတော့...5, 6, 7!   
နံပါတ် (၅)
မင်းဟာ မင့်ပတ်ဝန်းကျင်မှာ ကျော်ကြားတဲ့သူတစ်ဦးပါ.. မင်းရဲ့နှုတ်ထွက်စကားလေးနဲ့တင်..မင်းအလိုရှိရာကို ရနိုင်ပါတယ်..မင်းဟာ
စီးပွားရေးအမြင်စူးရှသူတစ်ဦးလည်း ဖြစ်တယ်..
ဒါပေမယ့်..မင်းဟာစနစ်ရှိတော့မဟုတ်ပါဘူး.ခေါင်းထဲပေါ်လာကို 

လုပ်တက်သူပါ...။
တကယ်လို့.... စီးပွားရေးလုပ်ငန်းတခုကိုတည်ထောင်မယ်ဆိုရင်လည်း..အောင်မြင် 

မယ်သူပါ..ပြီးတော့ ဟာသဥာဏ်ရွှင်တဲ့သူလည်းဖြစ်နေပြန်ရော့..
မိသားစုနဲ့သူငယ်ချင်းတွေအတွက်တော့.. မင်းဟာ 

 တကယ့်ကယ်တင်ရှင်ကြီးတစ်ဦးပါပဲ..
တကယ်လည်း.. မင်းဟာ လက်တွေ့ကျကျ ကူညီတက်သူတစ်ဦးပါ... မင်းဟာ 
နည်းနည်းတော့မြှာပွေတက်ပေမယ့်..
ဘ၀ကို တည်ဆောက်မယ်ဆိုတဲ့အခါမှာတော့.. ကိုယ်ကျိုးတွက် ကြည့်ပြီးမှ
ရွှေးချယ်တက်သူပါ...
မင်းဟာလက်ထက်ပြီးတာတောင်မှကျော်ကြားနေဦးမယ်သူပါ..အဲဒီအတွက်..
သတိထားရမယ်အချက်ကတော့မင့်ရဲ့ ခြေရှုပ်ချင်တဲ့ စိတ်ထားလေးပါပဲ.. အသိတရားနဲ့ထိန်းချုပ်ရင်တော့..အရာအားလုံး အဆင်ပြေနေပါလိမ့်မယ်...
မင်းဟာ လူတိုင်းနဲ့ ပုလဲနံသင့်ပါတယ်..ဘာကြောင့်လည်းဆိုတော့.. နံပါတ် ၅ 
ဟာအလယ်ဂဏာန်း ဖြစ်နေလို့ပဲ..
ပြောင်းလဲမှုနဲ့လွတ်လပ်မှုကို မြတ်နိုးသူ.. ဆွဲဆောင်မှုအပြည့်ရှိတဲ့
မျက်နှာပိုင်ရှင်ပေါ့...
အတွေ့အကြုံကနေ မင်းဘ၀ကို တည်ဆောက်ရတဲ့သူဖြစ်ပြီ..

 အဲဒီအတွေ့အကြုံတွေကပဲ..
မင်းရဲ့အကောင်းဆုံး ဆရာသမားတွေဖြစ်နေလေရဲ့...
မင်းရဲ့အကောင်းဆုံးအဖော်မွန်ကတော့.... 

1, 2, 9. သင့်တော်တဲ့သူကတော့. 6, 8!!!

နံပါတ် (၆)
အိုး... မင်း ပျော်ရွှင်ဖို့အတွက်ပဲ မွေးဖွားလာတာပါလား..မင်းဟာ တခြားလူရဲ့ခံစားချက်ကို ဂရုမစိုက်တက်သူတစ်ဦးပေါ့..ဆိုလိုတာက
မင်းဘ၀မှာ မင်းဟာ အမြဲတမ်း ပျော်ရွှင်နေချင်တဲ့သူပါ..
မင်းဟာ ပညာရေး..အလုပ်..စီမံခန့်ခွဲမှုမှာပဲဖြစ်ဖြစ်.. အောင်မြင်မှုသူတစ်ဦးပါ..
မင်းဟာ ကြင်နာတက်ပါတယ်..(ဒါပေမယ့် မင့်စိတ်ထဲမှာ ကောင်းတယ်လို့ထင်တဲ့လူတွေအပေါ်မှာသာ).....
ရုပ်ရည်အရမ်းချော်မောနေတက်ပြီ.. ဘ၀ဟာလည်း. ကံကောင်းခြင်းတွေ 

စုနေတက်ပါတယ်..
ကံကြမ္မာကောင်းတွေဟာ မင်းနဲ့အတူလာတယ်လို့ ပြောလို့ရနိုင်ပါတယ်..
မင်းရဲ့စိတ်ထားနဲ့ခန္ဓာဟာ အချစ်ကိစ္စတွေမှာ လှိုင်လှိုင်လှဲလှဲရှိလှပါတယ်..
တခြားနံပါတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို ခံရတက်ပါတယ်...ဒါပေမယ့်..
မင်းဟာ အမျိုးသားဆိုရင်တော့.. 

လက်ထက်တဲ့အချိန်အထိမိန်းကလေးငယ်များနဲ့
ရင်းရင်းနှီးနှီးနေရတာကိုနှစ်သက်တဲ့သူတဦးပါ..
အမျိုးသမီးသာဆိုရင်တော့.. စေ့စပ်ကြောင်းလမ်းမှု..ဒါမှမဟုတ် 

လက်ထက်တာကိုစောစောစီးစီး ရင်ဆိုင်ရတက်ပါတယ်..
ကြင်နာတက်သူတွေပဲ မင့်ဘ၀ထဲကို ၀င်လာပါလိမ့်မယ်..
ယေဘုယျအားဖြင့်တော့.. မင်းဟာ အိမ်ရဲ့ဆည်းလှည်းလေးပါပဲ...
စာနာတက်သူ...နှစ်သိမ့်မှုပေးနိုင်သူ.မျှတသူ..
အိမ်ထောင်မှုနိုင်နင်းသူ..ဆုံးဖြတ်ချက်ကောင်းမွန်သူတစ်ဦးပါပဲ..

 ကုန်ကုန်ပြောရရင်..
မင့်ရဲ့အကြင်နာတွေနဲ့..ဒီကမ္ဘာလောကကြီးရဲ့ ဒဏ်ရာ
ဒဏ်ချက်တွေကိုကုစားပေးနိုင်သူတယောက်ပါပဲ...
မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 1, 6, and 9.
သင့်လျော်တဲ့သူတွေကတော့.. 4, 5!!!

 နံပါတ် (၇)

မင်းဟာ ဆွဲဆောင်မှုရှိသူ.. ယထာဘူတ ၀ါဒီတယောက်ပါ.. မိမိကိုယ့်ကိုယုံကြည်တက်တယ်.ပျော်ပျော်ရွှင်ရွှင်နေတက်ပြီ:
ပညာရေးမှာထူးချွန်သူတစ်ဦးပါ..
ဂီတ.အနုပညာ..သီချင်းဆို..သရုပ်ဆောင်နယ်ပယ်တွေမှာလည်း.. 

ထူးချွန်နိုင်သူပါ..
မင်းရဲ့ပြဿနာကတော့..မင့်ရဲ့ဒေါသစိတ်ပါပဲ..
အမျိုးသမီးဆိုရင်တော့. အထက်ကအချက်တွေနဲ့  မင်းဟာအောင်မြင်နိုင်ပါတယ်..
မင်းဟာ..မင်:မိဘအတွက်ဘာမဆိုစွန့်လွှ့တ်နိုင်သူလည်းဖြစ်တယ်.

(ဆိုလိုတာကမိသားစုကို အရမ်းတန်းဖိုးထားတက်တာပါ)
အရွယ်ရလာတာနဲ့အမျှ မင်းရဲ့အဆင့်အတန်းကလည်း တဖြည်းဖြည်း မြင့်တက်နေမှာပါ..
အမျိုးသားတစ်ဦးသားဆိုရင်တော့ အမျိုးသမီးထုကြားမှာ
ရေပန်းစားမယ့်သူပါ..ဘက်စုံထူးချွန်သူတစ်ဦးလည်းဖြစ်နေပါတယ်..
နံပါတ် (၇) သမားအများစုဟာ သူတို့ရဲ့အိမ်ထောင်သည်ဘ၀မှာအဆင်မပြေကြတာများပါတယ်..
အနည်းစုလောက်ပဲပျော်ရွှင်ချမ်းမြေ့တဲ့ဘ၀ကိုတည်ဆောက်နိုင်ကြတာပါ....
မင်းရဲ့ဘ၀မှာ အရာအားလုံးရှိနေပေမယ့်..
အလိုမကျမှုတွေ..စိုးရိမ်ကြောင့်ကျမှုတွေ ကလည်း ရှိနေတက်ပြန်ရော့..
ဒါကလည်း..ဘုရားသခင်က မင်းကို အရာအားလုံးမျှတအောင်
ပေးထားတဲ့သဘောလို့ထင်ပါတယ်..မင်းလို ထူးချွန်တဲ့သူ ၁၀၀လောက်ကိုနှိုင်းယှဉ်ကြည့်မယ်ဆိုရင်မင်းတယောက် လောက်ပဲအိမ်ထောင်ရေးမသာယာတာမျိုးတွေ့ရတက်ပါတယ်..  ဒါကြောင့်..ကြင်ဖော်ကို စောင့်စားနေတာထက်..
ကိုယ်နဲ့ လိုက်လျော်ညီထွေမယ့်သူကို စောစောစီးစီး
ရှာထားသင့်ပါတယ်...အဲလိုမှ မလုပ်ချင်ဘူးဆိုရင်တော့..မင်းဟာ ဘ၀ကို
အထီးကျန်စွာ ဖြတ်သန်းသွားရမှာအသေအချာပါပဲ..ဒါကြောင့်..  ဒီကိစ္စနဲ့ပတ်သက်ပြီးသေချာဂရုစိုက်အလေးထားသင့်ပါတယ်..
မင်းဟာ အံဖွယ်ကောင်းသော.ဖော်ရွှေသော.ယဉ်ကျေးသိမ့်မွေ့သော
ပျော်ပျော်နေတက်တဲ့ လူတယောက်ပါ..မင်းဟာ
ဒီကမ္ဘာလောကကြီးကို ဖြည့်ဆည်းပေးဖို့ မွေးဖွားလာသူတစ်ဦးပါ..
မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 2. သင့်တော်တဲ့အဖော်မွန်ကတော့.. 1,4 !!!


 နံပါတ် (၈)

မင်းရဲ့ ဘ၀ဟာ ကြမ်းတမ်းလွန်းပါတယ်. ဘာကြောင့်ဆိုတာ. ဘယ်သူမှ မင်းကိုနားလည်နိုင်မှာ မဟုတ်ပါဘူး..သူတပါးကို အပြစ်ပြောရာမှာမင်းဟာ
တဖက်ကမ်းခတ် ကျွမ်းကျင်လှပါတယ်.. မင်းရဲ့ ငယ်စဉ်ဘ၀ဟာဆင်းရဲ့နုံချာနိုင်ပါတယ်..
အခြေအနေက မပေးဘူးဆိုရင်တော့.. မင်းရဲ့မိဘတွေကိုတောင် စောစီးစွာလက်လွှတ်ရနိုင်ပါတယ်.. ဒီလိုမျိုးအဖြစ်အပျက်တွေက
မင်းဘ၀ထဲမှာ မကြာခဏဖြစ်နေမယ်အရာတွေပါ..
ဒီပြဿနာတွေကပဲ မင်းရဲ့ပညာရေးကို တားဆီးနေပါလိမ့်မယ်.. ဒါပေမယ့် မင်းဟာဘ၀ကို တခြားနည်းနဲ့ လေ့လာသင်ယူနိုင်ပါလိမ့်မယ်...
မင်းဟာ တရားမျှတမှုအတွက် တိုက်ပွဲဝင်ရဲတဲ့သူတစ်ဦးပါ..ဒါပေမယ့်
အဲဒီတိုက်ပွဲမှာပဲ ကျဆုံးနိုင်သူလည်း ဖြစ်နေပြန်ေ၇ာ့.
ပုံမှန်အားဖြင့်..မိတ်ဆွေတွေနဲ့ဆက်ဆံရာမှာ မင်းဟာ တည်ကြည်လေးနက်စွာနေတက်ပြီ.. ဘ၀ကိုလည်း..အထီးကျန်စွာ
ဖြတ်သန်းနေရမယ့်သူပါ.. ပြီးတော့ တပါးသူကို ကူညီဖို့အသင့်ရှိနေသူ တစ်ဦးပါ..။
မင်း အိမ်ထောင်ကျတဲ့အခါမှာတော့ (အဲဒါကလည်း..အများအားဖြင့်
အလယ်အလတ်အရွယ်မှာပဲ ဖြစ်ပွားတက်ပါတယ်)
မင်းရဲ့ကံကြမ္မာဆိုးအနည်းငယ်ဟာ လွင့်ပျောက်သွားသလို
ခံစားရပါလိမ့်မယ်..ပြီးတော့ မင်းဟာ လုံခြုံချမ်းမြေ့မှုကိုရရှိပါလိမ့်မယ်..
မင်းဟာ မမျှော်လင့်တဲ့အန္တရာယ်တွေကိုလည်း..ယှဉ်ဆိုင်တွေ့ရနိုင်ပါတယ်..
ဥပမာ..(အမှုအခင်းများ..အဆိပ်ရှိသတ္တ၀ါများမတော်တဆထိခိုက်မှုများနဲံကြုံ တွေနိုင်ပါတယ်)
သိုပေသိ.. မင်းဟာ စည်းကမ်းလိုက်နာတဲ့သူ..လုံ့လ၀ီရိယရှိသူ.ရဲရင့်သူ..
ခွန်းအားဗလနဲ့ပြည့်စုံသူ. တစ်ယောက်ပါ..
အဲဒါတွေကပဲ မင်းကို အောင်မြင်မှုဆီကို ခေါ်ဆောင်သွားမှာပါ..
မင်းဟာ မိသားစုရဲ့ အဓီက အစိတ်အပိုင်းတခုပါ..
အားကိုယ်ရဆုံးသူတစ်ဦးလည်းဖြစ်ပြီး.. ဖိုက်တာတစ်ဦးလည်းဖြစ်နေပြန်ရော့...
မင်းရဲ့ အကောင်းဆုံးအဖော်မွန်ကတော့.. 1, 4, and 8.
သင့်တော်တဲ့အဖော်မွန်ကတော့ 5!!!


နံပါတ် (၉)
မင်းကတော့ ဒီကမ္ဘာလောကကြီးမှာ သဟဖာတမဖြစ်ဆုံး လူသားတစ်ဦးပေါ့..
မင်းဟာ ရုပ်ပိုင်း..စိတ်ပိုင်း အရမ်းကို ကြံ့ခိုင်လွန်းသူတစ်ဦးပါ..
ရည်မှန်းချက်ကြီးမားသူတဦးလည်းဖြစ်ပြန်ရော့..
မင်းဟာ အလုပ်ကို အရမ်းကြိုးစားလုပ်ကိုင်ရမှာဖြစ်ပြီ.. အောင်မြင်မှုကိုလည်းခက်ခဲစွာ ရယူရမယ့်သူတစ်ဦးပါ..
သာမန်အားဖြင့်တော့ ငယ်ရွယ်စဉ်မှာ မင်းဟာ မိသားစုပြဿနာတွေနဲ့
လုံးပန်းနေရတက်ပါတယ်..ပြီးတော့ ဘ၀ဟာလည်း...
ရုန်းရင်းဆန်ခတ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်.. ဒါပေမယ့် မင်းအလိုရှိတာကိုရရှိတဲ့အချိန်ကစပြီးတော့  မင်းရဲ့ဘ၀ လုံးဝပြောင်းလဲသွားပါလိမ့်မယ်..
မင်းဟာ ပတ်ဝန်းကျင်မှာ အလေးစားခံရဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်နေပါလိမ့်မယ်..
စိန်ခေါ်မှုတွေကို နှစ်သက်ပြီ.. ပြိုင်ဘက်တွေကို အလှဲထိုးနိုင်တဲ့သူ
တစ်ဦးပေါ့.. ငယ်ရွယ်စဉ်မှာတော့ မင်းဟာ အရမ်းကို ပေတေမယ့် 
ကလေးတယောက်ပါ..
မိဘက မကြာခဏရိုက်နက်ဆုံးမရသူ.. ရန်ခဏခဏ ဖြစ်တက်သူတစ်ဦးပေါ့..
မင်းဘ၀ဟာ ဒဏ်ရာအနာတ၇တွေနဲ့ ပြည့်နက်နေသလိုပါပဲ..
ဒါပေမယ့်..အရွယ်ရောက်လာတဲ့အခါမှာတော့..
မင်းဟာ အေးဆေးတည်ငြိမ်လာပြီ.. ယောကျာ်းပီသစွာ နေထိုင်ပြန်ရော့..
ချစ်ခြင်းမေတ္တာကတော့ မင်းအတွက်လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး..  မင်းဟာဆောက်လုပ်ရေးအလုပ်..ဘဏ်အလုပ်တွေနဲ့ သင့်လျှော်ပါတယ်.. ဘာကြောင့်လဲဆိုတော့လူတွေကို မင့်ကို ယုံကြည့်ကြလို့ပါပဲ..
မင်းရဲ့ မိသားစုဘ၀ကတော့ အရမ်းကို ကောင်းမွန်လှပါတယ်. ဒါပေမယ့်
မင်းကလေးတွေအတွက်တော့ စိုးရိမ်ရပါလိမ့်မယ်..
မင်းဟာလူလူချင်းစာနာတက်သူ..စိတ်ရှည်သူ..ပညာဥာဏ်ကြီးမားသူ..

နားလည်းခွင့်လွတ်ပေးနိုင်သူတစ်ဦးပါ...
မင်းဟာ ရည်မှန်းချက်တွေကို ရယူဖို့.. အဂတိတရားမထားပဲ လူတွေအပေါ်
အလုပ်အကျွေးပြုဖို့ မွေးဖွားလာသူတစ်ဦးပါ...
မင်းဟာ အံ့ဖွယ်စိတ်ကူး စိတ်သန်းတွေမှာ လူတိုင်းအတွက် စံပြတယောက်ပါ..မင့်ရဲ့အကောင်းဆုံး အဖော်မွန်ကတော့..3, 5, 6, and 9.သင့်တော်တဲ့အဖော်မွန်ကတော့ 2!!!


မေးလ်ထဲကိုရောက်လာတာလေးကို ဂဏန်းဗေဒင်ပညာနဲ့

အပ်စပ်လို့ ပြန်လည် ဖော်ပြပေးလိုက်တာပါ။ 
စာလုံးပေါင်းတွေတောင် ပြန်မပြင်လိုက်ရပါဘူး။ 
အလုပ်နည်းနည်းများနေလို့ပါ။
ဟုတ်ကဲ့...ဒီလောက်ဆို ကျေနပ်လိမ့်မည်ဟု မျှော် လင့်ပါတယ်..
 Min Min


Sunday 19 June 2011

အဆင်းရဲဆုံးနိုင်ငံ မှ အချမ်းသာဆုံးသူများ


မြန်မာနိုင်ငံဟာ ကမ္ဘာ့ ကုလသမဂ ရဲ့ စာရင်း  

ဇယားတွေထဲမှာ ကမ္ဘာမှာဖွံဖြိုးမှု့အနည်းဆုံးနဲ့
 
အဆင်းရဲ ဆုံးနိုင်ငံတွေစာရင်းထဲ မှာ ပါဝင်ပါတယ်။
 
သို့သော်ငြား မြန်မာနိုင်ငံ မှာ ဒေါ်လာ သန်း ရာနဲ့ 

ချီပြီးချမ်းသာတဲ့လုပ်ငန်းရှင်ကြီးတွေပေါ်လာနေပါပြီ။
 
တချို့ဆိုလျှင်ဒေါ်လာသန်းထောင်ဂဏန်း ထိ ၇ှိတယ် 

လို့ ဆိုပါတယ်..။
 
သူတို့တွေ ကတော့ ...
(၁) ဦးတေဇ

(၂) ဦးဇော်ဇော်

(၃) လော်စစ်ဟန် သား ဦးထွန်းမြင့်နိုင်

(၄)စက်မှု့(၁)၀န်ကြီးဦးအောင်သောင်းသား 


    ဦးနေအောင်

(၅)ဆရာကျောင်းလို့ လူသိများတဲ့ ဦးအောင်ကိုဝင်း 
     

မြန်မာ နိုင်ငံ ရဲ့ အချမ်းသာဆုံး ( ၅ ) ဦးပါ ။ 
     

သူတို့ဘယ်လို ချမ်းသာလဲဆိုလျှင် ........

 ၂၀၁၁ ခုနှစ်ဆန်းက လွတ်လပ်ရေးနေ့ဧည်ခံ ပွဲတွင် နအဖ  ဥက္ကဋ္ဌဗိုလ်ချူပ်မှူးကြီးသန်းရွှေ မှ စီးပွါးရေး လုပ်ငန်းရှင်များကို နှူတ်ဆက် နေပုံ ။

 
 မြန်မာနိုင်ငံ၏ စီးပွါးရေးလုပ်ငန်းကြီးမှန်သမျှလုပ်ကိုင်ခွင့်၇ရှိနေသော လုပ်ငန်း၇ှင်ကြီးများနှင့်အတူ နအဖ ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး သန်းရွှေ ..။

လုပ်ငန်းရှင်များအကြား အချမ်းသာ ဆုံးဟု အများပြောနေတဲ့ ဦးတေဇ..။

ပို့ ကုန်သွင်းကုန်၊သစ်နဲ့ကျောက်မျက်လုပ်ငန်းတွေ
သာမကသူ့ ရဲလုပ်ငန်းတွေကိုလေထဲ ထိဖြန့့် ကျက်ပြီးလေကြောင်းလိုင်းပါထူထောင်ခဲ့တဲ့ ဦးတေဇ..။

ဦးတေဇ ဟာ ကမ္ဘာ့ ကုဋ္ဌေကြွယ် သူဋ္ဌေးစာရင်းဝင်ချင်တယ် ၊ တစ်နှစ်ကိုအမေရိကန်ဒေါ်လာသန်း ၅၀၀ လောက်ဝင်ငွေရှိတယ်လို့ မကြာခင်ကသူနဲ့တွေ့ တဲ့အီတလီ သတင်းထောက်ကိုထုတ်ဖော်ပြောခဲ့ပါတယ်..။

ဒီဘက်နှစ်တွေ မှာလုပ်ငန်းကြီးတွေဆက်တိုက်ရပြီးချမ်းသာ သထက်ချမ်းသာလာနေတဲ့ မက်စ်မြန်မာ ကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော် - မြန်မာ့ ဘောလုံး
အဖွဲ့ ချူပ် ဥက္ကဋ္ဌ လည်းဖြစ်ပါတယ်..။

 
ဦးဇော်ဇော်၏ ကုမ္ပဏီ မှ ဆောက်လုပ်ခွင့်ရထားသော နေပြည်တော် မှ၂၀၁၃ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျင်းပမည့် အားကစားရုံ..။

Asia World ကုမ္ပဏီပိုင်ရှင် Steven Law ခေါ် ဦးထွန်းမြင့်နိုင် နှင့် IGE ကုမ္ပဏီပိုင်ရှင် -
ဦးနေအောင် - မှူးယစ်ရာဇာ ဟုတစ်ချိန်ကစွတ်စွဲ ခံခဲ့ရသူ ဦးလော်ဆစ်ဟန် ၏ သား -
ဦးထွန်းမြင့်နိုင်ဟာ တရုတ်နှင့်ဆက်ဆံရေးပြေလည်သူဟု လူသိများပါတယ်..။

ဦးထွန်းမြင့်နိုင်၏ကုမ္ပဏိဟာ အခုမြင်တွေ့နေရတဲ့ သီလ၀ါဆိပ်ကမ်းကိုဆောက် လုပ်ခဲ့ပြီး  ဖြစ်သလို - မြန်မာနိုင်ငံကိုဖြတ်ပြီးတ၇ုတ်ပြည်အထိသွယ်တန်းမယ့်ရေနံ -
ပိုက်လိုင်းစီမံကိန်းအတွက်လည်း ကန်ထရိုက်ရထားသူဖြစ်ပါတယ်..။

နအဖအစိုးရလက်ထက်စက်မှူ့(၁)၀န်ကြီးဦးအောင်သောင်း၏သားဦးနေအောင်ကတော့
စွမ်းအင်-ဆောက်လုပ်ရေးနဲ့သစ်လုပ်ငန်းတွေသာမကဘဏ်လုပ်ငန်း ကိုပါလုပ်ကိုင်  ထား၏..။ 

ဆရာကျောင်းဟုအများကခေါ်တဲ့ဦးအောင်ကိုဝင်းကတော့ကျောက်မျက်တူးဖော်ရေး
လုပ်ငန်းတွေဟာသူ့ ရဲ့အဓိကစီးပွါးရေးပါ..။မြန်မာနိုင်ငံမှအကြီးဆုံးဘဏ်ကြီးတခုဖြစ်တဲ့
ကမ္ဘောဇဘဏ်ကိုပိုင်ပြီးကမ္ဘောဇဘောလုံး
အသင်းပိုင်ရှင်လည်းဖြစ်ပါတယ်..။


BBC NEWS ကိုကိုးကားတင်ပြပါသည့်
Min Min

Saturday 11 June 2011

ဦးတေဇနှင့် တွေ့ဆုံမေးမြန်းမှု့ 

စာရေးသူ စာကြွင်း -
ဦးတေဇ ရဲ့စိတ်ဓါတ်ကို ချီးကျူးပါတယ်..။ ဘာကြောင့်လဲဆိုရင်

သူကြိုးစားခဲ့လို့ အခုလိုအောင်မြင်တဲ့လုပ်ငန်းရှင်တစ်ဦး ဖြစ်လာတာပါ..။
သူဘာသူ ဘယ်သူနဲ့ပေါင်းပေါင်း .. ဘယ်လောက်ပဲ အကျင့်မကောင်းဖြစ်နေပါစေ.. သူ့ရဲအလုပ်ပေါ်ကြိုးစားလို့ အောင်မြင်လာတာပါ..။
ဒါကို အတုယူစေချင်တဲ့ စေတနာ နဲ့ ဒီပို့စ် ကို တင်ရခြင်းဖြစ်ပါသည်..။
စာဖတ်သူများ ကို လေးစားလျှက်-
Min Min

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အိမ်နှင့် ကိုက်ရာအနည်းငယ်အတွင်း ရှိနေသည့် ဦးတေဇ၏ ကြီးကျယ် ခမ်းနားသည့် ဇိမ်ခံစံရိပ်ငြိမ် အတွင်းသို့ သတင်းထောက်များ ကျော်လွန် ဝင်ရောက်ခွင့်ပြုခဲ့သည်မှာ မရှိခဲ့ဘူးချေ။

ကျနော်က ကံကောင်းထောက်မ၍ မကြာသေးမီက ဤအခွင့်အရေးကို ရရှိခဲ့သည်။
ဤခြံဝင်း ပိုင်ရှင်က စစ်အစိုးရကို လိုလားသူဟု နာမည်ကျော်စောနေသည်နှင့်အညီ၊ ဝိသမ စီးပွားရေးလုပ်ငန်းများဖြင့် စီးပွားဖြစ်နေသူဟု စွပ်စွဲမှုများ ရှိထားသည်နှင့် အညီ ကျနော် သတိကြီးကြီးထား၍ ချဉ်းကပ်ခဲ့သည်။

သူစီးပွားတက်လာချိန်မှစ၍ ယခုသန်းကြွယ်သူဌေး ဖြစ်လာချိန်အထိ နိုင်ငံ၏ အာဏာပိုင် စစ်ခေါင်းဆောင်များနှင့် နီးစပ် အဆက်အသွယ် ကောင်းမှုကြောင့် အကျိုးဖြစ်လာရသူ ဖြစ်သလို၊ မြန်မာစစ်ဗိုလ်ချုပ်များကဲ့သို့ သူက သိုသိုသိပ်သိပ်နေ ထိုင်နေရသူလည်း ဖြစ်သည်။

အာရှတိုက်အတွင်း၊ သို့မဟုတ် ကမ္ဘာတခုလုံးတွင်လည်း ဖြစ်ချင်ဖြစ်မည်၊
အလွန်အမင်း ထိန်းချုပ်ထားသည့် စီးပွားရေးစနစ် ကျင့်သုံးနေသော နိုင်ငံတခုတွင် သူက အကြီးဆုံး စီးပွားရေးကွန်ရက်ကို ပိုင်ဆိုင်ထားသူ တဦးလည်း ဖြစ်သည်။




မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားသည့်အနက် ပစ်ဒဏ်ခတ်ထားသည့် လူပုဂ္ဂိုလ် ၃,ဝဝဝ စာရင်းတွင် သူ့နာမည်လည်း အပါအဝင်ဖြစ်သည်။

မကြာသေးမီက အရပ်သား အစိုးရသစ်အသွင် ပြောင်းလဲခဲ့ပြီ ဆိုသည့်အခါ၊ သူကလည်း အမှောင်အရိပ်ကြားမှ ရှေ့တလှမ်းတိုး ခေါင်းပြူထွက် လာခဲ့သည်။


ဦးတေဇက ယခုအခါ အသက် ၄၇ နှစ် ရှိပြီ ဖြစ်ပြီး၊ ကလေး ၃ ဦး၏ ဖခင်လည်း ဖြစ်သည်။
သူ့သားတဦးက ရော့ခ် ဝါသနာပါသူ တဦးဖြစ်ပြီး၊ အသက် ၁၄ နှစ်အရွယ်သမီးမှာ မကြာသေးမီက အီတလီနိုင်ငံ၊ မီလန်မြို့ ဆေးရုံတခုတွင် အကြောသေရောဂါ (ပိုလီယို) အတွက် ကုသမှု ခံယူခဲ့ရသေးသည်။


ဤသတင်းက လူသိရှင်ကြား ပေါက်ကြားလာခဲ့ပြီးနောက်၊ အီတလီနိုင်ငံတွင် အချို့သော အဖွဲ့အစည်းများက ယခုကဲ့သို့ တားမြစ်ထားသူတဦး၏ မိသားစုအပေါ် ဆေးကုသခွင့် ဗီဇာထုတ်ပေးခဲ့မှုကို ကန့်ကွက်နေကြပြန်သည်။

သေချာသည်ကတော့ လူသားချင်းစာနာမှု အခြေခံပေါ်တွင် နေထိုင်ခွင့် လက်မှတ် ထုတ်ပေးခဲ့ခြင်း ဖြစ်ပေ လိမ့်မည်။


ယခုလို ဦးတေဇနှင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံနိုင်ခြင်းက သတင်းဦးဟု ဆိုနိုင်သည်။ သို့သော်လည်း ဤသတင်းမျိုးအပေါ် သတင်းထောက်တဦး အနေဖြင့် အနည်းငယ် ရှက်ရွံ့ စိတ်မသက်မသာ ဖြစ်မိသော်လည်း ကျနော်က သူပြောလိုသည်များကို နားထောင်ရန် အသင့်ပြင်ထားခဲ့ပါသည်။

အီတလီနိုင်ငံထုတ် La Repubblica သတင်းစာတွင် ယခု တွေ့ဆုံ မေးမြန်းခန်းကို မကြာသေးမီက ဖော်ပြခဲ့သော်လည်း ယခုဖော်ပြထားသည်က တွေ့ဆုံမေးမြန်းခန်း၏ အကျယ်ဖြစ်သည်။ ဤသတင်းကြောင့်လည်း အီတလီနိုင်ငံတွင် မကျေနပ် ဆန္ဒပြမှုအချို့ ရှိခဲ့သေးသည်။


အိမ်အတွင်း ဝင်သွားပြီးနောက် ကျနော့်ကို ဦးတေဇက ကြိုဆို၍ ဥရောပအလယ်ခေတ် ချပ်ဝပ်တန်ဆာများဖြင့် ချယ်သထားပြီး၊ လိပ်သဲကျောက်ပြားများ ခင်းထားသည့် အခန်းများကိုဖြတ်၍ ခေါ်ဆောင်သွားသည်။ ထူးထူးခြားခြား ကျောက်လုံးတိုင်ကြီးများအကြားတွင် ဆာမူရိုင်းဝတ်စုံ အရုပ်တခုကိုလည်း မြင်ခဲ့ရသေးသည်။

ကျနော်တို့က မြွေအရေခွံခင်းထားည့် ဆိုဖာတွင် ထိုင်ကြသည်။ အကျယ်အပြန့် ဇိမ်ခံခန်းမကြီးတွင် ယခုကုလားထိုင်များက သက်တောင့်သက်သာ ပက်လက် ကုလားထိုင်များသဖွယ် ချခင်းထားခြင်း ဖြစ်သည်။

ကုလားထိုင်လက်တန်းများကို ရွှေရောင်ပွတ်လုံးကြီးများဖြင့် ချယ်သထားပြီး၊ အီတလီမှ ဝယ်ယူလာသည်ဟုလည်း သိရသည်။


အံ့သြစရာကောင်းလောက်အောင် လန်းဆန်းတက်ကြွနေသည့် သူ့ကိုမြင်ရသည်။
အနက်ရောင် ဘောင်းဘီနှင့် နေကာမျက်မှန်ကို တပ်ထားသည့် ဦးတေဇက သူ့အနေဖြင့် ယခင်စစ်ခေါင်းဆောင်များ အပါအဝင် ယခု ရွေးချယ်ခံ အရပ်သားအစိုးရနှင့်ပါ “ ဆက်ဆံရေး အထူးကောင်းမွန်” သည်ဟု ချက်ချင်း ဝန်ခံ ပြောဆိုသည်။

“ ဒါပေမယ့် ကျနော်က ကိုယ့်ဆုံးဖြတ်ချက်နဲ့ပဲ ကိုယ်လုပ်ပါတယ်” ဟု သူက တွေ့ဆုံမေးမြန်းခန်း မစတင်မီဆိုသည်။

“ ကျနော်က နိုင်ငံရေးနဲ့ လုံးဝမပတ်သက်ပါဘူး ကျနော်က မိသားစုစဉ်လာရိုးရာအရ စီးပွားရေးပဲ လုပ်ပါတယ်။
ကျနော်အခု ခင်ဗျားကို လက်ခံစကားပြောတယ် ဆိုတာကလည်း ပထမဦးဆုံးအကြိမ် နိုင်ငံခြားသား သတင်းထောက် တဦးနဲ့ ပြောဆိုတာပါပဲ။

တခါတည်း သိသွားစေချင်တာက ကျနော်ဟာ မြန်မာနိုင်ငံမှာ အချမ်းသာဆုံး လူတဦး ဖြစ်တယ်ဆိုတာ သိသွားစေချင်တာလည်း ပါတယ်။
တရုတ် အများစုက (မြန်မာပြည်မှာ) နိုင်ငံသားယူပြီး သူတို့က အချမ်းသာဆုံးလို့ ကြွားနေကြတယ်။
ဒါပေမယ့် သူတို့က မြန်မာလူမျိုး မဟုတ်ပါဘူး” ဟု ပြောသည်။


သည်လိုနှင့် တွေ့ဆုံမေးမြန်းမှု စဖြစ်သည်။




နိုင်ငံရပ်ခြားနဲ့ စီးပွားဆက်ဆံကုန်သွယ်ဖို့ လုံးဝတားမြစ်ထားတဲ့ စီးပွားရေး လုပ်ငန်းရှင်နဲ့ စစ်သား ၃,ဝဝဝ ကျော်စာရင်းမှာ ထိပ်ဆုံးက ရှိနေပါတယ်။
ဒီလိုနဲ့များ တနှစ်ကို ဒေါ်လာသန်း ၅ဝဝ ကျော်လောက် ဝင်ငွေရအောင်၊ ကုမ္ပဏီ တဒါဇင်လောက် ပိုင်ဆိုင်အောင်၊ ရဟတ်ယာဉ်တွေကနေ ပတ္တမြားအထိ လုပ်ငန်းပေါင်းစုံကို ဘယ်လိုများ စီမံခန့်ခွဲ ပါသလဲ။


“ ကျနော့် အခုပိုင်ဆိုင်မှုတွေက အနောက်တိုင်း ဒဏ်ခတ်မှုတွေကြောင့် ကျနော့်မှာ ဘာပြဿနာမှ မဖြစ်ဘူးဆိုတာ ပြနေတာပဲ။
တကယ်တော့ ကျနော်က အနေသာချည်းပဲ။
အခုနာမည်ပျက်စာရင်းမှာပဲတဲ့ စစ်ဗိုလ်ချုပ်တွေတောင်၊ ဘယ်သူမှ ဘာမှမဖြစ်ကြပါဘူး။

ဒါပေမယ့် ကျနော့်နိုင်ငံ စီးပွားရေးက တရုတ်နဲ့ ကုန်သွယ်ရေးတခုတည်းကိုပဲ မှီနေရတာတော့ မဖြစ်စေချင်ဘူး။
သူတို့မှာ ပိုက်ဆံရှိတယ်။ ဘာဖြစ်ဖြစ် လိုချင်တာ လုပ်နိုင်ကြတယ်။
ကျနော့်မိုင်းက ကျောက်စိမ်းတွေ၊ အဖိုးတန်ကျောက်တွေက အစပေါ့။

တရုတ်က ဒီမှာ အကြီးအကျယ် မျက်စေ့ကျနေတာ လူတိုင်းသိပါတယ်။
တရုတ်က သူတို့ထွက်ကုန်ပစ္စည်းတွေကို မလက္ကာ ရေလက်ကြားကို မဖြတ်ဘဲ အရှေ့အလယ်ပိုင်း၊ အာဖရိကကိုပို့ဖို့ လုံခြုံတဲ့ ကုန်သွယ်လမ်းကြောင်း လိုချင်နေတယ်။

မလက္ကာရေလက်ကြားက အမေရိကန် ချုပ်ကိုင်ထားတာ။
ဒါကြောင့် သူတို့က (မြန်မာနိုင်ငံ) အနောက်ဖက်ကမ်းခြေမှာ ဆိပ်ကမ်းအကြီးအကျယ် ဆောက်နေကြတာ၊
မြန်မာနိုင်ငံကိုဖြတ်ပြီး ရထားလမ်းကိုလည်း နယ်စပ်ကတဆင့် ကူမင်းအထိ ဖောက်ဦးမှာ။ ကျနော်တို့ ဓာတ်ငွေ့တွေလည်း အဲဒီကို မိုင်ရာချီတဲ့ ပိုက်လိုင်းတွေကတဆင့် သွားကြမှာပဲ”


ဗိုလ်ချုပ်တွေကရော တရုတ်တွေ ချယ်လှယ် လွှမ်းမိုးလာမှာကို မစိုးရိမ်ကြဘူးလား။

“ ဒါကတော့ သေချာပါတယ်။ ဒါပေမယ့် ပြည်ပကသူတွေ မသိတာက အခုလို ပိတ်ဆို့ဒဏ်ခတ်မှုတွေကြောင့် မြန်မာပြည်ကို နောက်ဆုံးတရုတ် လက်ထဲတွန်းပို့သလို ဖြစ်နေတာမသိကြဘူး။

ပြီးခဲ့တဲ့ရက်တွေကပဲ တရုတ်ကဒေါ်လာ ၃ဝ ဘီလီယံချေးဖို့ ကမ်းလှမ်းလာတယ်။
အစိုးရက အခုလက်မခံသေးပေမယ့်၊ သိပ်ကြာမယ်တော့ မထင်ပါဘူး။ လက်ခံမှာပါ။
အပြန်အလှန်အနေနဲ့ သူတို့က လုပ်ပိုင်ခွင့်တွေ ပိုရလာမှာပါ။

အခုလိုဖြစ်နေရတာက အီရတ်နိုင်ငံမှာ လုပ်ခဲ့တာနဲ့ နောက်ဆက်တွဲ ပြဿနာတွေကြောင့် အမေရိကန်နိုင်ငံ သမိုင်းမှာ အဆိုးရွားဆုံး သမ္မတလို့ နာမည်တင် ကျန်ရစ်မယ့် (သမ္မတဟောင်း) ဂျော့ဘုရှ်ရဲ့ “ ကိုယ်ကျင့်တရားအပေါ်အခြေခံတဲ့မူ ” (Moral Principles) ကို လိုက်နာနေကြလို့ပဲ။

ဒါပေမယ့် ခင်ဗျားတို့ ကျနော်တို့အပေါ် ချမှတ်တဲ့ ပြစ်ဒဏ်တွေကို တကယ်နစ်နာ ခံစားရသူတွေကတော့ ဆင်းရဲတဲ့သူတွေပဲ။
တနေ့လုပ်မှ တနေ့စားရတဲ့ သူတွေပဲ ”


ဒေါ်အောင်ဆန်းစုကြည်ကတော့ အခုလို စီးပွားရေးစနစ်ကို တလွဲတချော် စီမံခန့်ခွဲခဲ့မှုတွေအတွက် စစ်အစိုးရမှာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။ IMF (အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့) ကလည်း အလားတူပဲ ပြောပါတယ်။

ဒါတွေအပြင် ပိတ်ဆို့ ဒဏ်ခတ်မှုက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အပြစ်ဒဏ်ခတ်တာက သိသာထင်ရှားပါတယ်။

“တရုတ်နိုင်ငံဟာလည်း လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ အမြဲစွပ်စွဲနေတာပဲ။ ဒါပေမယ့် သူတို့ကိုကျတော့ ဘာဖြစ်လို့ ပြစ်ဒဏ်ခတ် ပိတ်ဆို့တာ မရှိသလဲ။ အခုဦးဆောင်ပြီး ဒဏ်ခတ် အပြစ်ပေးရေး လုပ်နေတဲ့ အမေရိကန်၊ ပြင်သစ်တို့လို နိုင်ငံတွေဆီက ရှယ်ဗရွန်တို့၊ တိုတယ်တို့လို ကုမ္ပဏီတွေကျတော့ ဘယ်လို အတားအဆီးမှ မရှိဘဲနဲ့ ဒီမှာ အလုပ်လုပ် နေကြတယ်။

ဒီလူတွေက အပြောနဲ့အလုပ် မညီတဲ့သူတွေပဲ။ ကျင့်ဝတ်အတိုင်းပြောတယ်။
ဒါပေမယ့်အစိုးရရဲ့ အိတ်ထဲကိုတော့ ပိုက်ဆံတွေ ထည့်ပေးနေကြတယ်။
တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ စင်္ကာပူ၊ ကိုရီးယားတို့တော့ ဒီလိုမဟုတ်ဘူး”

ပိတ်ဆို့ဒဏ်ခတ်မှုကြောင့် အမှန်တကယ် သက်ရောက်မှုတွေ ဘယ်လိုဖြစ်နေတယ်လို့ ထင်ပါသလဲ။

“ ဥပမာတခုဆိုပါစို့။ နိုင်ငံခြား ခရီးသွားတွေ မလာရင် ဟိုတယ်အလုပ်သမားတွေ၊ စားသောက်ဆိုင်တွေ၊ သားငါးနဲ့ ဟင်းသီးဟင်းရွက် ရောင်းသူတွေ လုပ်ကိုင်စားကြမှာလဲ။

အိန္ဒိယနဲ့ တရုတ်ကိုချည်း ကျနော်တို့က ရောင်းမယ်ဆိုရင် အဲဒါက ပြိုင်ဆိုင်မှု မရှိတဲ့ ဈေးကွက်ပဲ။
ကျနော်တို့ပစ္စည်းတွေ ဈေးကောင်းရမှာ မဟုတ်ဘူး။ ဆိုလိုတာက လူဦးရေရဲ့ ၇၅% ရှိတဲ့ ကျနော်တို့ လယ်သမားတွေ ငတ်ကုန်ကြ လိမ့်မယ်။

ကြည့် ... ကျနော်က ကုန်သည်မိသားစုက ကြီးပြင်းလာတာ၊ ဦးနေဝင်း ဆိုရှယ်လစ်ခေတ်က ပြည်သူပိုင်သိမ်းတော့ ကျနော်တို့ အကုန်ကုန်တာပဲ။
ကျနော့် ယောက္ခမကြီး (စစ်တပ်နှင့် အဆက်အသွယ် ကောင်းသူ ဖြစ်သည်) ကတဆင့်၊ သစ်တောမြေတွေ ဝယ်ခွင့်ရပြီး ငွေအများအပြား ရလာတာ။

ကျွန်းသစ်တွေ ထုတ်ရောင်းရင်းနဲ့ ဆယ်ဒေါ်လာကနေ ထောင်ဂဏန်း ဖြစ်လာတာ။
ကျနော်လိုက်နာရဖို့ရှိတာက ကျနော့်ကို ချမ်းသာလာအောင် လုပ်ပေးခဲ့တဲ့၊ ဒီနိုင်ငံရဲ့ ဥပဒေတွေကို လေးစားလိုက်နာဖို့ပဲ။
သူတို့တွေကောင်းတယ်၊ ဆိုးတယ်ဆိုတာ ကျနော်ဆုံးဖြတ်နေဖို့ မဟုတ်ဘူး။
ကျနော့်အတွက်တော့ သူတို့တွေက ကောင်းတယ် ”


ခုလို ဆင်းရဲမွဲတေမှုတွေ၊ အတိုက်အခံတွေကို ဖမ်းဆီးနေတာတွေ၊ သဘာဝရင်းမြစ်တွေကို ထင်တိုင်း ရောင်းစားနေတာတွေကြောင့် ခင်ဗျား စိတ်အနှောက်အယှက် မဖြစ်ရဘူးလား။

“ သေချာတာပေါ့။ ပြဿနာ ရှိတာပေါ့။
ကျနော်တို့က လူသားတွေပဲ၊ ကျနော်တို့လည်း အမှားတွေ လုပ်မိတာပေါ့။
ခင်ဗျားတို့ ဝန်ကြီးချုပ်လည်း (အီတလီဝန်ကြီးချုပ် ဆီလ်ဗီယို ဘာလူစ်ကိုနီ) အမြဲတမ်း မိန်းမကိစ္စပြဿနာ ရှိနေတာပဲ၊ ဆိုပါစို့။
အခု ကျနော်တို့တိုင်းပြည် လည်ပတ် လုပ်ကိုင်နေတာ ၈ဝ% လောက်တော့ သဘောတူပါတယ်။ အတိုက်အခံတွေက ဥပဒေ ချိုးဖောက်တဲ့ အတွက် ပေးဆပ်နေရတာ၊ မူအရ ပြောမယ်ဆိုရင်တော့ စင်္ကာပူလည်း ဒီမိုကရေစီမဟုတ်ပါဘူး။

သူတို့မှာလည်း တပါတီပဲရှိတာပဲ။
ကျနော်ထင်တာက မြန်မာနိုင်ငံမှာ အုပ်ချုပ်ရေးပိုင်းနဲ့ တပ်မတော်ကလူ ရာခိုင်နှုန်းအများစုက တိုင်းပြည်ကို ချစ်ကြပါတယ်။
ကြီးပွားတာ မြင်စေချင်ပါတယ်။

အခု အတိတ်ကထက်စာရင်တော့ ကျနော်တို့ ပိုပြီး အင်အားကောင်းလာပါပြီ။
ဒါ့အပြင် စစ်တပ်ကလည်း အရပ်သားတွေကို တဖြည်းဖြည်း ပိုပြီးလမ်းဖွင့် ပေးလာတယ်။
တိုင်းဒေသတွေမှာ ထိပ်ပိုင်းမှာ စစ်သားတွေ ရှိနေသေးပေမယ့် အရပ်သားတွေ ဦးဆောင်နေကြပါပြီ”


လူအများစုကတော့ အခုအပြောင်းအလဲဟာ အပေါ်ယံပဲလို့ ပြောနေကြပါတယ်။

“အခုကိစ္စမှာ အကန့်အသတ်တွေ ဘယ်လောက်များများ ရှိနေသေးတယ်လို့ ခင်ဗျားထင်ထင်၊ အရာကိစ္စအားလုံးကို နိုင်ငံတော်ပိုင် လုပ်ထားတဲ့ ဆိုရှယ်လစ်၊ ကွန်မြူနစ်စနစ်တွေထက်တော့ ပိုပြီး ဒီမိုကရေစီကျပါသေးတယ်။

သူတို့က ဒဏ်ခတ် ပိတ်ဆို့ထားသည်ဖြစ်စေ၊ ပိတ်ဆို့မှု မရှိဘူးပဲဖြစ်စေ လုပ်ငန်းရှင်တွေလာပြီး စီးပွား လုပ်နိုင်ကြတယ်။

သူတို့က စင်္ကာပူမှာရှိတော့ ကျနော့် ဘဏ်အကောင့်ကို ပိတ်လိုက်တာတောင် ကျနော်ဆက်ပြီး ရှင်သန်နေတုန်းပဲ။
ဒီလိုနဲ့ကျနော်က တရုတ်နဲ့ အရှေ့အလယ်ပိုင်းက ဘဏ်တွေဆီကို ရွှေ့ရတယ်။

ဒါပေမယ့် ကျနော်ကဒီမှာနေပြီး၊ ဒီမှာပဲ အခွန်ပေးရတယ်။
ကျနော့်အဖေက ဒီလိုသင်ကြားထားတာကိုး။

ပြီးခဲ့တဲ့နှစ်တွေက ကျနော်က စိတ်ပေါက်ပေါက်နဲ့ နိုင်ငံခြားသားအဖြစ် ခံယူချင်တဲ့စိတ်ရှိနေတော့ သူက ကျနော့်ကိုစိတ်ဆိုးတယ်။
'မင်းနိုင်ငံခြားသွားချင်ရင် မင်းအခုချမ်းသာကြွယ်ဝမှုတွေကြောင့် တခြားနိုင်ငံတွေက ပိုပြီးချမ်းသာလာလိမ့်မယ်။
ကိုယ့်နိုင်ငံက ချမ်းသာလာမှာ မဟုတ်ဘူး' လို့ ပြောတယ်”




ကိုယ့်ဘဝတက်လမ်းရှာဖို့ စခဲ့တုန်းက အသက်ငယ်ငယ်ရွယ်ရွယ်မှာ ဘယ်လို အကြောင်းအချက်တွေကြောင့် စစ်အစိုးရနဲ့ သိပ်ပြီး နီးစပ်ခဲ့ရပါသလဲ။

“ကျနော်စတုန်းက လက်ဗလာနဲ့စခဲ့ရတာ၊
၁၉၈၈ တုန်းက တစ်နေ့ကို ၁၄ နာရီလောက် အလုပ်လုပ်ခဲ့ရတယ်။

အဲဒီအချိန်ပဲ ကျောင်းသားအုံကြွမှုတွေ ဖြစ်ခဲ့တာ။
သူတို့အောင်မြင်တာက ဗိုလ်ချုပ်နေဝင်းဦးဆောင်တဲ့ ဆိုရှယ်လစ်စနစ်တော့ ကျဆုံးခဲ့ရတယ်။
ကျနော်က ပွင့်လင်းလာတဲ့ အခြေအနေအပေါ် အခွင့်အလမ်းတွေ ရှာတယ်။
စစ်အစိုးရ အုပ်ချုပ်ရေးအပေါ် ဝေဖန်နေဖို့က ကျနော့်အလုပ် မဟုတ်ဘူး။

ဒီလိုစစ်အာဏာနဲ့ အုပ်ချုပ်ရေးက ဟိုအရင် ဘုရင်စနစ်တွေကတည်းက ရှိခဲ့တာ။
၁၉၉ဝ ခုနှစ်တွေမှာ လူတိုင်းကို လာရောက် ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်တယ်။
စီးပွားရေးက ပိုပွင့်လင်းလာတော့ ရှယ်ဗရွန်တို့ တိုတယ်တို့ ရောက်လာကြတယ်။

ဒီကိစ္စပဲ ကျနော် ဒဏ်ခတ်ပိတ်ဆို့မှုတွေအပေါ် ဒေါသ ထွက်နေတာ။
ကျနော့်ကို ဘာလို့ အပြစ် ပြောနေကြတာလဲ။ သန်းကြွယ်သူဌေး ဖြစ်လာလို့လား။
ဒါပေမယ့် ၁၉၉၆ ခုနှစ် တုန်းက ကျနော့်ပထမဦးဆုံး လုပ်ငန်းလုပ်ခွင့်ရဖို့ ကျနော့်အိမ်တွေ၊ ကားတွေ ရောင်းပြီး ရင်းခဲ့ရတယ်။

ကျနော့်မှာရှိတဲ့ ငွေတပြားမကျန် ထည့်ပြီး စွန့်စားခဲ့ရတယ်။
ကျနော်အခု အနားယူလို့ရပြီ။ နားရင်လည်း နားမယ်။
ဒါကြောင့် ကျနော့် အပေါ်ဘယ်လိုပဲဖြစ်ဖြစ်၊ ကျန်တာတွေ မစဉ်းစားဘဲ အခုလို ပြောပြနေတာ။

ကျနော်က အမေရိကန်တွေကို ပြောတယ်။
မြန်မာနိုင်ငံကို လာကြည့်၊ ဖွင့်ပေးလိုက်တဲ့အပေါ် (ဖြစ်လာမှာကို) ယုံကြည်စမ်းပါ။
စီအိုင်အေက တီထွင်ဖန်တီးနေတဲ့ အဓိပ္ပါယ်မရှိတာတွေ ယုံမနေနဲ့။
အခုက အပြိုင်အဆိုင်ဖြစ်နေကြပြီ။
ကျနော့်စကား မယုံမရှိနဲ့။ မြန်မာပြည်မှာက ကျန်ကမ္ဘာနဲ့ မတူတဲ့ သဘာဝရင်းမြစ်တွေရှိတယ်။

ကျနော်တို့မှာ ချို့တဲ့နေတာတခုက ပညာရေးပဲ။
တချိန်တုန်းက ကျနော်တို့ဆီက အတော်ဆုံးတွေက အမေရိက၊ အင်္ဂလန်မှာသာ စာသွားသင် နိုင်ခဲ့တယ်။
အခုတော့ ကျနော်တို့ဆီမှာ ရုရှား ကျောင်းထွက်တွေပဲ ရှိတယ်”


Raimondo Bultrini ရေးသားသည့် Tay Za talks sanctions, business and Burma ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါသည်။
ယခုတွေ့ဆုံမေးမြန်းမှု၏ အကျဉ်းကို အီတလီသတင်းစာ La Repubblica တွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။

Tuesday 7 June 2011

အမျိုးသမီးများတွင် ထင်ရှားသောမှဲ့ (၇)မျိုး

စကားဦး--
ကျွန်ုပ်ထံ သို့ ထိုင်းနိုင်ငံတွင် နေထိုင်သော ဆရာ ဟိန်းထက်ဇော် ထံမှ စိတ်ဝင်စား သော မေးလ် တစောင်ကို မကြာသေးမီ အချိန်က ရ ရှိခဲ့ပါတယ်။
မေးလ်ရဲ့ ခေါင်းစဉ် က ( အမျိုးသမီးများတွင် ထင်ရှားသောမှဲ့ (၇)မျိုး ) တဲ့ဗျာ..။ဒါနဲ့ အတွေး တခုဝင်မိတယ်... ယောကျာ်းတို့ ၏ ထင်ရှားသော မှဲ့ အကြောင်းရော ရှိနိုင်မလား ဆိုတဲ့ အတွေး နဲ့ ဆရာ နဲ့ တွေ့ G-talk ကနေ ပြောဖြစ်ပါသေးတယ်..။ ပို့ပေးထားသော အမျိုးသမီးများတွင် ထင်ရှားသော မှဲ့ (၇)မျိုးကိုလည်း ကျွန်ုပ်၏ ဘလော့ တွင် တင်ချင်တင် ဖို့ ပြောထားပါတယ်..။
ကဲ ----ဆရာဟိန်းတင့်ဇော် ပို့  ပေးသော မေးလ် အတိုင်းစာဖတ်သူများအတွက် တင်ပြလိုက်ပါတယ် ခင်ဗျာ ..။
တစ်နေ့သ၌ ကျွန်ုပ်သည် တစ်စုံတစ်ခုသော ကိုယ်ရေးကိုယ်တာ ပြဿနာအနည်းငယ်ကြောင့် မဟာချိုင်နေ၀စ်ရှိ ကျွန်ုပ်၏အခန်းနှင့် မနီးမဝေးတွင်ရှိသော ၀ပ်ခုပ်ဟုမည်တွင်သော ဘုရားသို့ ထွက်လာခဲ့၏။ ၀ပ်ခုပ်ဘုန်းကြီး ကျောင်းသည် ချောင်းကမ်းပါးဘေးတွင် ရှိလေ၏။ ထိုချောင်းကမ်းဘေးနားတွင် ထိုင်ခုံကလေးများလည်း ချထားလေ၏။ လှမ်းကြည့်လိုက်သောအခါတွင် ချောင်းလေးထဲတွင် ဗေဒင်ပန်းများသည် ဦးတည်ရာမဲ့ မျောပါနေလေ၏။ ကျွန်ုပ်၏ စိတ်အစဉ်သည်လည်း ဥိးတည်ရာမဲ့ မျှောပါနေသော ဗေဒါပန်းများကဲ့သို့ ဟိုမှဒီမှ လွင့်မျောနေလေတော့၏။

ကျွန်ုပ်သည်ချောင်းကမ်းလေးဘေးနားတွင်ထိုင်နေရင်းနှင့် ပါးစပ်ထဲတွင်ခံတွင်းချဉ်လာသောကြောင့်အသင့်ပါလာ
သောKRONGTHIPဆေးလိပ်ဗူးထဲမှဆေးလိပ်တစ်လိပ်
ကိုထုပ်ယူ၍အားရပါးရမီးညှိရှိုက်ဖွာ လိုက်၏။ ထို့နောက် ပါးစပ်ထဲမှထွက်လာသောမီးခိုးများကို ကောင်းကင်ပေါ် သို့မှုတ်ထုပ်လိုက်ရင်းကောင်းကင်ကိုအမှတ်မထင် မော့ကြည့်လိုက်မိလေ၏။ကမ်းနဘေးဓာတ်တိုင်ပေါ်တွင် ငှက်ကလေးနှစ်ကောင်သည်တစ်ကောင်နှင့် တစ်ကောင် ကြည်စယ်နေကြလေ၏။ကမ်းနဘေးပန်းပင်လေးများပေါ် တွင်လည်းလိပ်ပြာလေးများသည်ဟိုမှဒီမှပြန်ဝဲနေလေ၏။ လောကကြီးသည် ပကတိ တိပ်ဆိတ်နေ၏။

ကျွန်ုပ်သည်ဆေးလိပ်များကိုတစ်လိပ်ပြီးတစ်လိပ် မီးညှိရိုက်ဖွာနေမိ၏။ထိုအချိန်တွင်ကျွန်ုပ်၏နောက်ကွယ်မှ ဆရာတစ်ယောက်တည်းလားဟူသောအသံကိုကြားသဖြင့် လှည့်ကြည့်လိုက်ရာ ကျွန်ုပ်ထံတွင် ဗေဒင်မေးဘူးသော မှဲ့ကြီးနှင့် အမျိုးသမီးကို တွေ့လိုက်ရလေ၏။ သူမ၏ အမည်ရင်းမှာ မ၀ါဝါဟူ၍ ဖြစ်လေ၏။ သို့သော် သူမ၏ ညာဘက်အောက်မျက်ခမ်းတွင်လက်သဲခွံခန့် မှဲ့နက်ကြီးတစ်လုံးထင်းထင်းကြီးရှိနေသောကြောင့် ကျွန်ုပ်သည် ထိုမှဲ့နက်ကြီးကို မှတ်ထားခြင်းဖြစ်လေ၏။

ဆရာကမ်းနဖူးမှာတစ်ယောက်တည်းဘာတွေလာ ဆွေးနေတာလဲ။ ဧကန္တမြန်မာပြည်မှာ ကျန်ခဲ့တဲ့ မိန်းမနဲ့ ကလေးကိုလွမ်းနေတာမဟုတ်လားဟုမေးရင်းကျွန်ုပ်နှင့် မလှမ်းမကမ်းတွင် ထိုင်လေတော့၏။ ထိုအခါ ကျွန်ုပ်က မ၀ါရယ်ခင်ဗျားထိုင်ချင်ရင်ဟိုးခပ်ဝေးဝေးမှာသွားထိုင်ပါ။ တော်ကြာခင်ဗျားနဲ့ပါတ်သက်တဲ့တစ်ယောက်ယောက်က မြင်သွားရင်အထင်လွဲနေပါ့ဦးမယ်ဟုကျွန်ုပ်က ပြန်ပြောလိုက်လေရာမ၀ါကဆရာရယ်အခုပါတ်သက်တဲ့  လူလည်းမရှိတော့ပါဘူး။ဟိုတလောကမှသူအိမ်ပေါ်က ဆင်းသွားတာလေ။ကျွန်မလည်းယောက်ျားတွေကို စိတ်နာလို့ပြန်မရှာတော့ဘူး။ အခုလောလောဆယ်တော့ ကျွန်မ တစ်ယာက်တည်းပဲ နေတယ်။အဲဒီတော့ကျွန်မကလည်းတစ်ယောက်တည်း
သမားဆရာကလည်းတစ်ယောက်တည်းသမားဆိုတော့ နှစ်ယောက်ပေါင်း ဘ၀တစ်ခု တည်ဆောက်လိုက်ရရင် မကောင်းဘူးလား ဟု ပြန်၍ နောက်လေတော့၏။ ထိုအခါ ကျွန်ုပ်က...

မ၀ါရယ်ခင်ဗျားမလည်း ယောက်ျားတွေကို စိတ်နာတယ် စိတ်နာတယ်နဲ့အခုလင်ယူတာဘယ်နှစ်ယောက် တောင်၇ှိပြီလဲဟုမေးလိုက်လေရာမ၀ါက အာ...ဆရာက  လည်းအခုမှလေးယောက်ပဲရှိပါသေးတယ်ဟု ပြန်ပြောလေ၏။ကျွန်ုသည်ယောက်ျားတစ်ယောက်ပြီး တစ်ယောက်အပစ်ခံရသောထိုမိန်းကလေးအားအပစ်
မမြင်ရက်ပေ။မကောင်းသောမိန်းကလေးဟုလည်း မထင်ရက်ပေ။ဘ၀ကိုပေါ့ပေါ့တန်တန်ထားသော ပေါ့ပျက်ပျက်မိန်းကလေးတစ်ဦးဟုလည်းမသတ်မှတ်ပေ။ အဘယ်ကြောင့်ဆိုသောထိုမ၀ါဆိုသောမိန်းကလေးသည် ဘာသာတရားအင်မတန် ကိုင်းရိုင်းပြီး မိဘဆရာသမား လူကြီးသူမများကိုအလွန်းရိုသေတတ်သူဖြစ်ကြောင်းကို ကျွန်ုပ် ကောင်းစွာ သိထားသောကြောင့်ပင် ဖြစ်၏။

သူမသည်မကြာခဏဆိုသလိုကျွန်ုပ်ထံတွင် အဓိဋ္ဌာန်များကိုလာလာတောင်းဘူး၏။ ကျွန်ုပ်ကလည်း အဓိဋ္ဌာန်များကို မကြာခနဆိုသလို လမ်းညွန်ဘူး၏။ သူမသည် အင်မတန် ခက်ခက်ခဲခဲ ၀င်ရသော (၄၉) ရက် အဓိဋ္ဌာန်များကိုပင် အလုပ်တစ်ဖက်နှင့် မပျက်အောင် ကြိုးစားဝင်သူဖြစ်လေ၏။တရားပွဲတိုင်းတွင်လည်း သဒ္ဓါတရားရက်ရက်ရောရောဖြင့်အလှူဒါနကိုပြုသူဖြစ်၏။ သာရေးနာရေးများတွင်လည်းတစ်ညလုံးအိပ်ရေးပျက်ခံ၍ ကူညီလုပ်ကိုင်ပေးတတ်သူလည်းဖြစ်လေ၏။ ထိုမျှလောက် သဘောမနောကောင်းသော မ၀ါဆိုသော အမျိုးသမီးတွင်အပြစ်ပြောစရာဟူ၍ ညာဘက်မျက်လုံး အောက်ရှိမှဲ့နက်ကြီးတစ်လုံးနှင့်ယူသမျှယောက်ျားများက ပစ်သွား၍ တစ်ခုလပ်မက လေးခုလပ် ဖြစ်နေသော အချက်သာ ရှိလေ၏။

ထို့နောက် မ၀ါက ဒီမှာဆရာရဲ့။ ကျွန်မကလည်း ယောက်ျားတွေ တစ်ယောက်ပြီးတစ်ယောက် ယူချင်လို့ ယူနေတယ် ထင်လို့လား။ နောက်ပြီး ကျွန်မကလည်း လင်တစ်ယောက်ပြီးတစ်ယောက် ကွချင်လို့ ကွဲနေတယ် ထင်လို့လားဆရာ။အမှန်အတိုင်းပြောရရင်ကျွန်မလည်း သူများမိသားစုတွေလိုစည်းစည်းလုံးလုံးအေးအေး
ချမ်းချမ်းနေချင်တာပေါ့။ဒါပေမယ့်ဆရာရယ်
ကျွန်မကံကိုက လင်ပစ်မယ့် ကံဇာတာပါလာသလား မှ မသိတာ။နောက်ပြီးကျွန်မစိတ်ထင်ကျွန်မရဲ့မျက်ရည်ခံမှဲ့ ကြောင့်ဖြစ်တယ်ထင်တယ်ဟု ပြောလေ၏။

ကျွန်ုပ်လည်းဆေးလိပ်တစ်လိပ်ကိုထုပ်ယူမီးညှိ့ ရှိုက်ဖွာလို်က်ရင်းဒီလိုမ၀ါရဲ့။မိန်းကလေးတွေမှာ ထင်ရှားတဲ့မှဲ့(၇)မျိုးရှိတယ်လို့မှဲ့နဲ့ပါတ်သက်တဲ့ ကျမ်းတွေမှာဆိုတယ်။အဓိကမှဲ့တွေပေါ့ဟာ။အဲဒီမှဲ့ (၇)မျိုးက ဘာတွေလည်းဆိုတော့ ....

  • ရတနာဆံကျစ်လို့ ခေါ်တဲ့မှဲ့ရယ်။
  • ရတနာဆီမီးထွန်းဆိုတဲ့ မှဲ့ရယ်။
  • မျက်ရည်ခံမှဲ့ရယ် (ဘယ်ဘက်)
  • မျက်ရည်ခံမှဲ့ (ညာရယ်)
  • နှုတ်တဆိတ်ဆိုတဲ့ မှဲ့ရယ်။
  • ရွှေပိတုန်းစုပ်ဆိုတဲ့ မှဲ့ရယ်။
  • စံပယ်တင်(ညာဘက်)မှဲ့ရယ်ဆိုပြီး အမျိုးသမီးတွေအတွက်အထင်ကရမှဲ့(၇)မျိုးရှိတယ်။

အဲဒီမှာရင်ဘတ်အလယ်မှာထင်ထင်ရှားရှားမှဲ့တစ်လုံး
တည်းထင်းထင်းကြီးရှိနေတယ်ဆိုရင်အဲဒီမှဲ့ကို၇တနာ ရွှေအိုးလို့ခေါ်တယ်။အဲဒီမှဲ့ရှိတဲ့အမျိုးသမီးတွေဟာ များသောအားဖြင့်ကြွယ်ဝချမ်းသာလေ့ရှိတယ်။ နာမည်ဂုဏ်သတင်း ကျော်ကြားတတ်တယ်။ နောက်ပြီး သူတို့တွေဟာအလုပ်ဌာနတွေမှာအကြီးအကဲခေါင်း
ဆောင်ဖြစ်လေ့ရှိတယ်။သူတို့တွေဟာဆင်းရဲရင်လဲ ခနပဲ။ဆင်းရဲတွင်းတဲကျနေရင်လည်းခနပဲ။မုချ ကြီးပွားချမ်းသာမယ့်သူတွေဖြစ်တယ်။အဲဒီလို၇တနာ ရွှေအိုးမှဲ့ပါနေတဲ့အမျိုးသမီးတွေဟာကျော်နီ ၊ ပတ္တမြား၊ စိန်၊နှစ်သက်ရာတစ်ခုခုကိုလက်သူကြွယ်မှာဝတ်ဆင်
ထားရင် ထူးထူးခြားခြား ကံမြင့်မားမယ်။

နောက်တစ်ခုက နဖူးရဲ့ ဘယ်ဘက်မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်းထင်းထင်းကြီးရှိနေတယ်ဆိုရင် အဲဒီမှဲ့ကိုကျတော့ရတနာဆီမီးထွန်းလို့ခေါ်တယ်။ အဲဒီလိုမှဲ့ရှိတဲ့အမျိုးသမီးတွေကြတော့ပစ္စည်းဥစ္စာကြွယ်ဝ ချမ်းသာကြတယ်။အိမ်ထောင်ဘက်ကောင်းနဲ့ ဆုံတွေ့နိုင်ကြတယ်။နောက်ပြီးသားကောင်း သမီးကောင်တွေ ထွန်းကားကြတယ်။ ပြောရရင်တော့ မိဘထက်မြတ်တဲ့သားသမီးတွေနောက်ထင်ပေါ်ကျော်
ကြားတဲ့သားသမီးရတနာတွေကိုဖွားမြင်နိုင်ကြတယ်။ ဘာသာရေးဆိုရင်လည်းအရမ်း စိတ်ဝင်စားလေ့ရှိတယ်။ တစိုက်မတ်မတ်လုပ်လေ့ရှိတယ်။ဒီဘ၀တွင်ဘာသာ တရားလိုက်စားမယ်ဆိုရင်တရားထူးတရားမြတ် တောင်ရနိုင်တယ်လို့ ဆိုတယ်။

နောက်တစ်မျိုးကဘယ်ဘက်မျက်ခန်းနဲ့အထက်နှုတ်ခမ်း
ကြား ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကို မျက်ရည်ခံမှဲ့လို့ ခေါ်တယ်။ ဘယ်လောက်ပဲငွေကြေးတွေစည်းစိမ်ဥစ္စာတွေ ပြည့်စုံ နေပေမယ့် စိတ်ဆင်းရဲရတတ်တယ်။ သောကများမယ်။ ငယ်စဉ်ကလေးဘ၀ကတည်းကကြန်းတမ်းတဲ့ဘ၀ခရီးကို အကွေ့အကောက်များစွာနဲ့ဖြတ်သန်းရတတ်တယ်။ နောက်ပြီးအိမ်ထောင်ဆက်လဲများတတ်တယ်။ သူတို့တွေဟာအနက်ရောင်ဆိုရင် လုံးဝမ၀တ်သင့်ဘူး။ ရှောင်သင့်တယ်။ကျောက်စိမ်းကိုလည်း မ၀တ်သင့်ဘူး။ စိန်၊ဥဿဖယာ၊ပုလဲစတဲ့ရတနာတစ်ခုခုကိုကိုယ်နဲ့မကွာ
ဝတ်ထားသင့်တယ်။

နောက်မှဲ့တစ်မျိုးကိုကြတော့ ညာဘက်အောက်မျက်ခမ်းနဲ့အထက်နှုတ်ခမ်းကြားမှာ ထင်ထင်ရှားရှားမှဲ့တစ်လုံးတည်းထင်းထင်းကြီး ရှိနေတယ်ဆိုရင် မျက်ရည်ခံကြီး လို့ ခေါ်တယ်။ သူတို့ရဲ့ ဘ၀တစ်လျှောက်ဆုံးရှုံးမှု့ကြီးများစွာနဲ့ကြုံတွေ့ရတတ်ပြီး အသက်ကြီးတဲ့အချိန်မှာဆင်းရဲဒုက္ခရောက်ရတတ်တယ်။ မမျှော်လင့်ပဲခင်ပွန်းသည်သေဆုံးတတ်ပြီး ငယ်ငယ်ရွယ် ရွယ်နဲ့မုဆိုးမဖြစ်တတ်တယ်။ အဲဒီမျက်ရည်ခံမှဲ့ကြီး ရှိတဲ့ အမျိုးသမီးတွေဟာဘာသာတရားကိုအထူးလိုက်စားပြီး ကိုယ်ကျင့်တရားအထူးကောင်းမွန်အောင်နေထိုင်ရမယ်။ ကုသိုလ်ကောင်းမှု့တရစပ်ပြုလုပ်ဆောင်ရွက်ရမယ်။ အကျင့်သီလကိုအကောင်းဆုံးဖြစ်အောင်နေထိုင်ရမယ်။ မွေးနေ့တိုင်းပန်းဆီမီး ရေချမ်း ကပ်လှူပူဇော်သင့်တယ်။ စိန်၊ဥဿဖယားလက်ဝတ်ရတနာတို့ကိုဝတ်ဆင် ဆောင်ထားသင့်တယ်။

နောက်မှဲ့တစ်မျိုးကိုကြတော့နှုတ်တဆိတ်လို့ခေါ်တယ်။
ဘယ်ဘက်ပါးပြင်ပါးစပ်နားမှာထင်ထင်ရှားရှား မှဲ့တစ်လုံးတည်းထင်းထင်းကြီးရှိနေတယ်ဆိုရင် အဲဒီမှဲ့ကိုနှုတ်တဆိတ်လို့ခေါ်တယ်။အဲဒီမှဲ့ပိုင်ရှင်တွေဟာ စကားပြောအတော်ပြေပြစ်တယ်ကြတယ်။ ချိုသာကြတယ်။ စကားပြောပရိယာယ် ကြွယ်ဝတယ်။ မူယာမာယာများတတ်ကြတယ်။အသိသာဆုံးက ယောက်ျားများ၏ ချစ်ခင်မှု့ စွဲလန်းမှု့များ ရလေ့ရှိတယ်။ အဲဒီမှဲ့ပိုင်ရှင်များဟာစိန်ရယ်မြရယ်ပြောင်ခေါင်းစိမ်း ရတနာတို့ကိုဝတ်ဆင်သင့်တယ်။ အနီရောင်ပန်းပွင့်များကို မကြာခဏဆိုသလို ဘုရားကို ကပ်လှူပေးရင် ကံဇာတာပိုပြီး မြင့်မားစေတယ်။

နောက်မှဲ့တစ်မျိုးက ရွှေပိတုန်းစုပ် လို့ ခေါ်တယ်။ ညာဘက်ပါးပြင် ပါးစပ်နားတွင် ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတဲ့ မှဲ့ပေါ့။ ချစ်ခင်နှစ်သက်သူများဝန်းရံနေတယ်။ မာယာပရိယာယ် ကြွယ်ဝပြီးတော့ လူချစ်လူခင် အားကြီးများတယ်။ စန်းပွင့်တယ်။အိမ်ထောင်ဘက်အမျိုးသား၏ အကျိုးကျေးဇူးကိုခံစားရတယ်။အဖြူရောင်အစိမ်းရောင် ရတနာမှန်သမျှ ၀တ်ဆင်သင့်တယ်။ ပုလဲတစ်မျိုးကို တော့ လုံးဝ ရှောင်ထားသင့်တယ်။

နောက်ဆုံးတစ်မျိုးကတော့ စံပယ်တင်မှဲ့လို့ ခေါ်တယ်။ ဘယ်ဘက်ပါးပြင်မို့မို့မှာထင်ထင်ရှားရှားမှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတဲ့ မှဲ့ကို ခေါ်တယ်။ သူတို့တွေဟာ နာမည်ကျော်ကြားထင်ရှားမယ်။လူတစ်ဦးကိုအလွယ် တကူ နှစ်သက်တတ်တယ်။
ကိုယ့်အပေါ်ကိုအိမ်ထောင်ဘက်ကချစ်ခင်အောင်စွဲလန်း အောင်အမျိုးမျိုးဆောင်ရွက်လေ့ရှိတယ်။သူတို့တွေရဲ့ အချစ်ရေးတွေမှာတော့ အမြဲတမ်းဆိုသလို နှစ်မျိုးနှစ်ခွ ကြုံရလေ့ရှိတယ်။ သူတို့တွေအတွက် အကောင်းဆုံး အဆောင်ကတော့ ပန်းပွင့်ပုံလည်ဆွဲတန်ဆာ ကို ရွှေနဲ့ လုပ်ပြီးဆောင်ထားသင့်တယ်။အဖြူရောင် ကျောက်မျက်ရတနာ မျိုးစုံနဲ့ သင့်မြတ်တယ်။

ကျွန်ုပ်သည်အထက်ပါအတိုင်းမ၀ါအားအမျိုးသမီးများတွင် ထင်ရှားသောမှဲ့(၇)မျိုးအကြောင်းကိုပြောပြလိုက်ပြီးလျှင် ဆေးလိပ်တစ်လိပ်ကို မီးညှိရှိုက်ဖွာလိုက်၏။ ထို့နောက် မီးခိုးများကို ကောင်းကင်သို့ မှုတ်ထုတ်လိုက်၏။ ထိုအခါ မ၀ါကဒါဆိုရင်ကျွန်မယောက်ျားတွေကတစ်ယောက်ပြီးတစ်ယောက် ကျွန်မကို ပစ်ထားခဲ့တာ ဒီမျက်ရည်ခံ မှဲ့ကြီးကြောင့်ဖြစ်မယ်ဟုသူမ၏အထင်ကိုပြန်ပြော
ပြလေ၏။ထိုအခါကျွန်ုပ်ကဒါဆိုရင်မ၀ါရယ်အဲဒီမှဲ့ကြီး ကိုကိုးရီးဟားနည်းပညာနဲ့သွားပြီးရှင်းပစ်လိုက်  ပါလားဟု ကျွန်ုပ်က ပြောလိုက်လေရာ မ၀ါက...
မလုပ်ပါနဲ့ဆရာရယ်။သဘာဝဟာသဘာဝပဲကောင်း
ပါတယ်။သဘာဝကိုပြန်လည်ပြင်ဆင်တာ မကောင်းဘူး ထင်ပါတယ်။အဲဒီတော့ဆရာရယ် အခုလည်း ကျွန်မနဲ့ ဆရာလည်းသဘာဝအတိုင်းလူလွတ်ချင်းတစ်အိုး
တစ်အိမ်ထူထောင်လိုက်ရင်မကောင်းပေဘူးလားဟု ပြန်နောက်လေတော့၏။ထိုအခါကျွန်ုပ်ကသဘာဝ  တရားကြီးကိုဒီအတိုင်းထားတာကောင်းပေမယ့်နင်နဲ့ငါနဲ့ တစ်အိုးတစ်အိမ်ထူထောင်တာတော့မပါဘူးဟာ။ အဲဒီတော့သဘာဝအတိုင်းအချိန်တန်အိမ်ပြန်ကြစို့ဟု နှုတ်ဆက်ရင်းမဟာချိုင်နေ၀စ်ရှိဝပ်ခုပ်ဘုရားမှ လမ်းခွဲ၍ ပြန်လာလေတော့သတည်း။

Monday 6 June 2011

ဗေဒင်

၀၀၅၊ နိုဝင်ဘာ၊ ဖူးငုံ ဆယ်ကျော်သက် မဂ္ဂဇင်းမှာ ဆောင်းပါးရှင် ၀င်းကိုကို တင်ပြတာ ဖြစ်ပါတယ်။
ကျနော့်အနေနဲ့က ဗေဒင်ဆို စိတ်ချမ်းသာအောင် ဟောတာဘဲလို့ ယုံပါတယ်။ ဒါမျိုးလေးတွေလည်း ဘာပဲ ပြောပြော အပျင်းပြေ အနေနဲ့ သဘောကျပါတယ်။ ဒီဟာလေးကို ကျနော့် မွေးနေ့နဲ့ စမ်းကြည့်တာ မှန်သလိုလို ဖြစ်နေလို့ အားလုံးကိုလည်း share လုပ်လိုက်တာပါ။ ရတနာ(၃) ပါးသည်သာကိုးကွယ်ယုံကြည်စီးကပ်ရာဖြစ်ပါသည်

ဖူးငုံ ဆယ်ကျော်သက် စာဖတ်ပရိတ်သတ်များ အတွက် ကမ္ဘာ့နိုင်ငံ အသီးသီးမှ ဗေဒင်ဟောပြောမှု ပုံစံများကို တင်ဆက်ပေးနေရာ၊ ဒီလမှာတော့ မွေးနေ့အလိုက် တိရစ္ဆာန် အကောင်များနဲ့ တင်စားပြီး အမူအကျင့် ဘယ်လိုရှိတယ် ဆိုတာ တင်ပြပေးလိုက်ပါတယ်။


ဇန်န၀ါရီ
၀၁ - ၀၉ ခွေး
၁၀ - ၂၄ ကြွက်
၂၅ - ၃၁ ခြင်္သေ့

ဖေဖော်ဝါရီ
၀၁ - ၀၅ ကြောင်
၀၆ - ၁၄ ချိုးငှက်
၁၅ - ၂၁ လိပ်
၂၂ - ၂၈ ကျားသစ်နက်

မတ်ခ်ျ
၀၁ - ၁၂ မျောက်
၁၃ - ၁၅ ခြင်္သေ့
၁၆ - ၂၃ ကြွက်
၂၄ - ၃၁ ကြောင်

ဧပြီ
၀၁ - ၀၃ ခွေး
၀၄ - ၁၄ ကျားသစ်နက်
၁၅ - ၂၆ ကြွက်
၂၇ - ၃၀ လိပ်

မေ
၀၁ - ၁၃ မျောက်
၁၄ - ၂၁ ချိုးငှက်
၂၂ - ၃၁ ခြင်္သေ့

ဇွန်
၀၁ - ၀၃ ကြွက်
၀၄ - ၁၄ လိပ်
၁၅ - ၂၀ ခွေး
၂၁ - ၂၄ မျောက်
၂၅ - ၃၀ ကြောင်

ဇူလိုင်
၀၁ - ၀၉ ကြွက်
၁၀ - ၁၅ ခွေး
၁၆ - ၂၆ ချိုးငှက်
၂၇ - ၃၁ ကြောင်

သြဂုတ်
၀၁ - ၁၅ မျောက်
၁၆ - ၂၅ ကြွက်
၂၆ - ၃၁ လိပ်

စက်တင်ဘာ
၀၁ - ၁၄ ချိုးငှက်
၁၅ - ၂၇ ကြောင်
၂၈ - ၃၀ ခွေး

အောက်တိုဘာ
၀၁ - ၁၅ မျောက်
၁၆ - ၂၇ လိပ်
၂၈ - ၃၁ ကျားသစ်နက်

နိုဝင်ဘာ
၀၁ - ၁၆ ခြင်္သေ့
၁၇ - ၃၀ ကြောင်

ဒီဇင်ဘာ
၀၁ - ၁၆ ခွေး
၁၇ - ၂၅ မျောက်
၂၆ - ၃၁ ချိုးငှက်


၁။ အကယ်၍ သင့်မွေးရက်သည် ခွေး ဖြစ်ပါက အလွန် သစ္စာရှိပြီး သဘောကောင်းသူ ဖြစ်သည်။ သင်၏ သစ္စာရှိမှုကို လုံးဝ သံသယ ဖြစ်စရာ မလိုပေ။ အလုပ်နှင့် ပတ်သက်ပြီး ရိုးသား ဖြောင့်မတ်ကာ အလုပ်ကို လေးစားသူ ဖြစ်ပြီး ပင်ကို စိတ်ရင်းအားဖြင့်လည်း ရိုးသားသူတစ်ဦး ဖြစ်သည်။ အများတကာနှင့် ဆက်ဆံရာတွင် မိမိကိုယ်မိမိ ရိုကျိုး၊ နှိမ့်ချ ဆက်ဆံတတ်သူလည်း ဖြစ်သည်။ ထို့ကြောင့် မိတ်တွေအပေါင်းအသင်းများ အလယ်တွင် အားလုံး၏ ချစ်ခင်မှုကို ရယူနိုင်စွမ်း ရှိပြီး ၀တ်စားဆင်ယင်မှုနှင့် ပတ်သက်၍လည်း လိုက်ဖက်သည့် အ၀တ်အစားများကို ရွေးချယ်တတ်သည်။ အသစ်အဆန်းကို မက်မောတတ်သူ ဖြစ်သဖြင့် ခေတ်ပေါ် အ၀တ် အစား မ၀ယ်နိုင်သည့် အခါများတွင် စိတ်ဓါတ်ကျလေ့ ရှိသည်။ ဘ၀ကို သက်သက်သာသာ ကျော်ဖြတ်သူများ ဖြစ်ပြီး အပေါင်းအသင်းများ အလယ်တွင် ထင်ပေါ် ကျော်ကြားသူလည်း ဖြစ်သည်။ သိက္ခာရှိသော အပေါင်း အသင်းများနျင့်သာ ပေါင်းသင်းလေ့ ရှိသူလည်း ဖြစ်သည်။


၂။ အကယ်၍ သင့်မွေးနေ့သည် ကြွက်ဖြစ်ပါက သင်သည် အပေါင်းအသင်းများအား နောက်ပြောင်တတ်သူ ဖြစ်သည်။ ပျော်ရွှင်တတ်သော အငွေ့အသက်များ သင့်မျက်ဝန်းတွင် တွေ့မြင်နေရသည့်အတွက် လူတိုင်းကို ဆွဲဆောင်နိုင်စွမ်း ရှိသည်။ ထို့ကြောင့် လူအများက သင်နှင့် ပေါင်းသင်းရန် လိုလားကြပြီး လူစုံသည့် ပွဲလမ်း သဘင်များတွင်လည်း သင်ရှိနေစေရန် လိုလားကြသည်။ သို့သော် သင်သည် စိတ်ဆတ်သူ ဖြစ်သည်။ သင်နှင့် စကားပြောရန် အပေါင်းအသင်းများက စကားလုံးကို ရွေးချယ်ပြောမှသာ ဖြစ်သည်။ စကား အမှားမခံ။ တစ်စုံတယောက်က စကားမှား ပြောမိလျှင်လည်း ခွင့်လွှတ်နိုင်စွမ်း မရှိသူ ဖြစ်သည်။


၃။ အကယ်၍ သင့်မွေးနေ့သည် ခြင်္သေ့ ဖြစ်ပါက သင်သည် ခြင်္သေ့၏ သဘောထားနှင့် ဆန့်ကျင်စွာ ငြိမ်းချမ်းရေးကို လိုလား နှစ်သက်သူ ဖြစ်သည်။ ရန်ကို ရှောင်ရှားလေ့ ရှိပြီး တင်းမာမှု အခြေအနေ မျိုးကိုပါ လက်မခံတတ်သူ ဖြစ်သည်။ အိမ်တွင်းမှာထက် အပြင်မှာ ပျော်မွေ့သူ ဖြစ်ပြီး တစ်နေရာတည်းတွင် ကြာရှည် နေရန် မလိုလားသူလည်း ဖြစ်သည်။ မွေးရာပါ ခေါင်းဆောင် ဗီဇ ရှိသူ ဖြစ်သည်။ လုပ်ငန်းခွင်တွင် အပေါင်း အသင်းများအား အလုပ် တွင်ကျယ်စေရန် နည်းပရိယာယ် ကြွယ်ဝစွာဖြင့် စည်းရုံး သိမ်းသွင်းနိုင် သူလည်း ဖြစ်သည်။ သူတပါး၏ ချစ်ခင် မြတ်နိုးမှုကို လိုလားပြီး တစုံတစ်ယောက်က ကိုယ့်ကို ဂရုစိုက်ပြီ ဆိုလျှင် ကိုယ်က သူ ဂရုစိုက်တာထက် အဆပေါင်း များစွာ တုံ့ပြန်မှု ပေးသည်။ စိတ်သဘော ကောင်းလွန်းခြင်းကြောင့် အပေါင်း အသင်းများက မြှောက်ပင့် ခိုင်းစေတတ်သည်ကို အထူး သတိပြုပါ။


၎။ အကယ်၍ သင့်မွေးနေ့သည် ကြောင် ဖြစ်ပါက သင်သည် အလွန်အမင်း ချစ်ခင်ဖွယ် ကောင်းသူ ဖြစ်သည်။ တခါတရံတွင် လိုအပ်သည်ထက် ပိုပြီး ရှက်နေတတ်သည်။ ဖြတ်ထိုးဥာဏ် ရှိသည်။ တစ်ယောက်တည်း ငြိမ်ငြိမ် သက်သက် နေရသည်ကို ပိုပြီး လိုလားသည်။ အရာရာကို စေ့စေ့စပ်စပ် သိလိုစိတ် ပြင်းပြပြီး တစ်စုံတစ်ခုကို လေ့လာပြီ ဆိုလျှင် ရေဆုံးရေဖျား လိုက်တတ်သည်။ ပုံမှန်အနေအထားဖြင့် သင်သည် အေးဆေးတည်ငြိမ်သူ ဖြစ်သည်။ သို့သော် အခြေအနေအရ လိုအပ်လာပါက မီးတောင် တစ်ခု ပေါက်ကွဲသလို ပေါက်ကွဲနိုင်စွမ်း ရှိသူ လည်းဖြစ်သည်။ ခေတ်မီ အ၀တ်အစားများကို နှစ်သက်သည်။ ပတ်ဝန်းကျင်မှ မိတ်ဆွေများက သင့်အား ခေတ်မီသူ တစ်ဦး အဖြစ် သတ်မှတ်ထားကြသည်။ ပတ်ဝန်းကျင်နှင့် ရောထွေးနေတတ်သော်လည်း သူစိမ်းများ နှင့် စကားပြောဆိုရန် ၀န်လေးတတ်သည်။ အပေါင်းအသင်း ပေါင်းရာတွင် လူရွေး ပေါင်းတတ်သူ တစ်ဦးလည်း ဖြစ်သည်။


၅။ အကယ်၍ သင်၏ မွေးရက်သည် လိပ်ဖြစ်ပါက သင်သည် အရာရာကို အကောင်းမြင်တတ်သူ တစ်ဦး ဖြစ်ပြီး စိတ်နှလုံးကောင်း ရှိသူ ဖြစ်သည်။ သင်၏ ကြင်နာမှုများကို သင့်ပတ်ဝန်းကျင်က အမြဲတစေ ဂရုပြုမိကြပြီး ကိုယ်တိုင်က ငြိမ်းချမ်းရေးကို မြတ်နိုးသူဖြစ်သည်။ တစုံတစ်ယောက် မှားနေသည်ကို မြင်ဦးတော့ ပြုပြင်ပေးရန် ၀န်လေးသူ ဖြစ်သည်။ မည်သူနှင့်မျှ ထိပ်တိုက် ရင်ဆိုင်မှု မပြုလို။ ထို့ကြောင့် ပတ်ဝန်းကျင်မှ မိတ်ဆွေများက သင့်အား ချစ်ခင်ကြသည်။ လူတစ်ဦးတစ်ယောက် အကြောင်းကိုမှ နောက်ကွယ်မှာ အတင်းမပြောတတ်။ မည်သူ့ ပေါ်မဆို ချစ်ခင်မှုတွေ ပေးအပ်သော်လည်း ကိုယ့်အပေါ်မှာ မည်သူကမျှ တုံ့ပြန်မှု မရှိ။ အရာရာမှာ ရက်ရောသူ တစ်ဦး ဖြစ်သည်။


၆။ အကယ်၍ သင့်မွေးနေ့သည် ချိုးငှက် ဖြစ်ပါက သင်သည် ပျော်ရွှင်စွာ နေထိုင်လေ့ ရှိပြီး ဘ၀မှာ ကံကောင်းသူ တစ်ဦးလည်း ဖြစ်သည်။ ပတ်ဝန်းကျင် အခြေအနေက မည်သို့ပင် ဖြစ်စေကာမူ ပျော်ရွှင်နေလေ့ ရှိပြီး ပတ်ဝန်းကျင်၏ ဂယက်ရိုက်မှုနှင့် ကင်းကွာနေတတ်သည်။ ရောက်လေရာတိုင်းမှာ ကိုယ့် ပျော်ရွှင်မှုတွေကို မျှဝေတတ်သူ ဖြစ်သည်။ အပေါင်းအသင်းများ ကြားတွင် ကိုယ်က ခေါင်းဆောင် ဖြစ်သည်။ မိတ်ဆွေများ အရေး ကြုံတိုင်း နှစ်သိမ့် အားပေးတတ် သူလည်း ဖြစ်သည်။ အပေါ်စီး ဆက်ဆံမှုကို မလိုလား။ ဤသို့ ဆက်ဆံတတ်သူ များနှင့် ဝေးအောင် နေတတ်သည်။ လုပ်ငန်းခွင်တွင် စံနစ်တကျ လုပ်ကိုင် ဆောင်ရွက်တတ်သည်။ အထူး သတိပြုရန်မှာ သင်သည် ချစ်လွယ်တတ်သူ တစ်ဦး ဖြစ်သည်။


၇။ အကယ်၍ သင်သည် ကျားသစ်နက် တစ်ဦး ဖြစ်ပါက လျှို့ဝှက်တတ်သူ တစ်ဦး ဖြစ်သည်။ ပတ်ဝန်းကျင် ဖိအားတွေ မည်မျှပင် များပြားစေကာမူ အလွယ်တကူ ဖြေရှင်းနိုင်စွမ်း ရှိသည်။ တခါတရံတွင် အပေါင်းအသင်း များနှင့် အတင်းပြောရ သည်ကို ၀ါသနာ ပါသည်။ ဆန္ဒရှိသည့်အတိုင်း ဖြစ်အောင် ကြိုးစားတတ်သော်လည်း သင့် ဆန္ဒမှာ ရံဖန်ရံခါတွင် လက်တွေ့ ဖြစ်နိုင်စွမ်း မရှိ။ ယင်းကဲ့သို့သော အခြေအနေတွင် မိတ်ဆွေ အချို့နဲ့ ဆက်ဆံရေး ပျက်ပြားတတ်သည်။ အခက်အခဲ ကြုံတွေ့နေရသော မိတ်ဆွေများကို ကူညီတတ်သူ ဖြစ်သည်။


၈။ အကယ်၍ သင့်မွေးနေ့သည် မျောက် ဖြစ်ပါက စိတ်မရှည်၊ တက်ကြွမှု လွန်ကဲသူ ဖြစ်သည်။ အရာရာကို အမြန်ဆုံး ပြီးမြောက်လိုသူ ဖြစ်သည်။ ရိုးသားသော နှလုံးသားပိုင်ရှင် ဖြစ်ပြီး အများ၏ အာရုံ စိုက်မှုကို ခံယူလိုသူ လည်း ဖြစ်သည်။ မိမိ လုံခြုံမှုကို အထူး ဂရုစိုက်တတ်သူ တစ်ဦးဖြစ်ပြီး ကိုယ့်ဂုဏ်သတင်းနှင့် ပတ်သက်၍ အငြိ အစွန်း ရှိလာပြီ ဆိုလျှင် လူတိုင်းကို လိုက်ပြီး ဖြေရှင်းတတ်သူ ဖြစ်သည်။ ထို့ကြောင့် မည်သည့်အ လုပ်ကိုမဆို စမလုပ်ခင် ကတည်းက သတိကြီးစွာ ထားတတ်သူများ ဖြစ်သည်။ ဆဌမ အာရုံ၏ နှိုးဆော်မှုကြောင့် အန္တရာယ် ကျရောက်ခြင်းမှ ကင်းဝေးတတ်သည်။ ငွေကြေးကို တန်ဖိုးထားတတ်သူ များလည်း ဖြစ်တတ်သည်။