Saturday 28 May 2011

ခန္တာနှင့်မျက်ကြည်လွှာလှူဖို.စိတ်ကူး ...

သူငယ်ချင်းတို့ မျက်ကြည်လွှာနဲ့ ခန္တာကိုယ်လှူဖို့ စိတ်ကူး မိခဲ့ဘူးလား။ ဒါတွေက အခုလှူရမှာ မဟုတ်ပါဘူး။ တချို့တွေက အဲဒါကို လန့်နေကြတယ် ခုများလားပေါ့ မဟုတ်ပါဘူး ကိုယ်သေသွားတဲ့ အခါကျမှာပါ။ ကျွန်တော်ကတော့ အားလုံးလှူပြီးသွားပါပြီ..။(၁၆-၁၂-၂၀၀၇)နေ့ ။ကျွန့်တော်မွေးနေ့မှာပါ။ အဲဒါကို အိမ်ကပြောပါတယ်။မင်းကသေတော့မှာမို့လို့လား ဘယ်အချိန်လှူလှူရတာပဲ ကျွန်တော်က ကိုယ်ဘယ်အချိန်သေတာကိုသိတာမှမဟုတ်တာလို့ အိမ်ကwhite board မှာ တောင်လှူဖို့ ဖုန်းနံပါတ်တွေ ရေးထားသေးတယ်။ မျက်ကြည်လွှာနဲ့ ဒီခန္တာကိုယ်ကြီး ဟာ သေသွားပြီးတဲ့အခါ ဘာမှအသုံးမ၀င်တော့ပါဘူး မီးရှို့လိုက်ရင် ပြာဖြစ်သွားမှာပါ...။
ဒီတော့ မျက်စိကွယ်နေတဲ့လူတွေကို လှူခဲ့မယ်ဆိုရင် သူတို့တွေ အလင်းပြန်ရနိုင်ခဲ့မယ်ဆိုရင် သူတို့ဘယ်လောက်ဝမ်းသာမလဲ။ ဒီလိုစဉ်းစား မိမယ်ဆိုရင်တောင် ၀မ်းသာပီတိဖြစ်ရပါတယ်။ ခန္တာကိုယ်ဆိုလည်း ဒီအတိုင်းပဲ ဆရာဝန်တွေက သူတို့လိုအပ်တဲ့နေရာ တွေမှာ အစားထိုးကုသမယ်။ ဆေးကျောင်းသားတွေက ခွဲစိတ်လေ့လာရင်း ပညာသင်ယူကြမယ်။ ဒီကနေရရှိမဲ့ အတွေ့အကြုံအသိ ပညာတွေဟာ ပြည်သူလူထုနဲ့ နိုင်ငံတော်ကို လုပ်ကျွေးရမှာပဲ မဟုတ်လား ပြာဖြစ်သွားမယ့်အတူတူတော့ ဒါတွေအားလုံးအကျိုးရှိတာ ပဲလား၊ဟုတ်ပါတယ်။တစ်ဦးတစ်ယောက်ရဲ့ အလှူနဲ့တော့ အကျိုးရှိလာမှာ မဟုတ်ပါဘူး။ကျွန်တော် စလှူဖို့ စုံစမ်းတုန်းက မင်္ဂလာဒုံ စစ်ဆေးရုံ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေး(၁) တို့ကိုအရင်သွားမေးခဲ့ပါတယ်။ နောက်ဆုံးဆေး(၁)က ဆေး(၂)မှာ လှူလို့ရကြောင်းသိခဲ့ပြီ
မှ လှူဖြစ်ခဲ့တာပါဘဲ ခုဆို သူငယ်ချင်းတို့ ဆန္ဒရှိမယ်ဆိုရင် လျှောက်ပြီးစုံစမ်းစရာမလိုတော့ဘူး။ဆေး(၂)မှာလှူလို့ရတယ်ဆိုတာ သိရပြီ။
မျက်ကြည်လွှာလှူဖို့က ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ ပထမထပ်ညာဘက် မျက်ကြည်လွှာဌာနမှာပါ။ကိုယ်လှူတာကို ထောက်ခံပေးဖို့ တယောက်တော့လိုပါတယ်။ အဲဒီမှာသူတို့က လှူဒါန်းတဲ့ ကဒ်ပြားသေးလေးပေးပါလိမ့်မယ်။ ဆုံးပါးပြီးတာနဲ့ ချက်ချင်းဖုန်းဆက်ဖို့ phone: number ပေးပါလိမ့်မယ်။ ကျွန်တော်သိခဲ့ရတာကတော့ မျက်ကြည်လွှာအစားထိုးပေးဖို့ မျက်စိကွယ်နေတဲ့ လူနာပေါင်း သောင်းချီရှိနေပြီး အလှူရှင်လိုအပ်နေတဲ့ အကြောင်း မျက်ကြည်လွှာမလှူထားသော သေဆုံးပြီး လူနာရဲ့ မိသားစုတွေကို မျက်ကြည်လွှာလှူဖို့ စည်းရုံး ရတဲံအကြောင်း တွေကိုသိခဲ့ရပါတယ်။ ဟုတ်တာပေါ့ မျက်ကြည်လွှာဆိုတာဟာ သေဆုံးပြီးမှ ထုတ်ယူလို့ရတဲ့အရာကိုး။ရော့ပိုက်ဆံ ပေး ဆိုပြီး ၀ယ်လို့ရတဲ့အရာလဲမဟုတ်။ ဒါကြောင့်သူငယ်ချင်းတို့ သိအောင်ပြောပြရုံပါ။ ဘယ်အရာမှ အတင်းလုပ်ယူလို့ ရတာမှမဟုတ်တာ။
ခန္တာကိုယ်အတွက်က ထောက်ခံဖို့ ဆွေမျိုးသားချင်းထဲက တစ်ယောက်ရယ် ဓါတ်ပုံ(၂)ပုံရယ် အသိသက်သေ တစ်ယောက်ရယ် ဒါပါပဲ သေဆုံးပြီး ၂၄ နာရီအတွင်း ဆက်သွယ်ရင် လာယူမယ်။ အကယ်ရွှေ့ အကြောင်းအမျိုးမျိုးကြောင့်လမ်းခရီး ကြန့်ကြာမယ်ဆိုရင် နီးစပ်ရာ အအေးတိုက်မှာ ထားထားလို့ရတယ်လို့ သိခဲ့ရပါတယ်။ ဆေးကျောင်းမှာလည်း ကျောင်းသားတွေ လက်တွေ့ဆင်းဖို့ ခန္တာကိုယ်တွေ လိုအပ်နေတယ်လို့ဆိုပါတယ်။ ခုလို သူငယ်ချင်းတို့ကို ပြောပြခွင့်ကြုံပြီး သူငယ်ချင်းတို့ သိပြီး ဒီ အပြာရောင် ကောင်းကငBlog Postကို ဖတ်မိတဲ့ စာဖတ်ပရိတ်သတ် (၁၀၀၀ )ထဲက (၁) ယောက်သာ လှူဒါန်းခဲ့မယ်ဆိုရင်ပဲ ကျေနပ်ပါပြီ။
                          ရာဇ၀င် 

No comments:

Post a Comment