Sunday 19 February 2012

အရောင်များမှပြောသောသင့်ချစ်သူအကြောင်း ..


 
အရောင်များမှတဆင့် သင့်ချစ်သူ၏ နှလုံးသားအတွင်းသို့ ၀င်ကြည့်ကြ ရအောင်နော်။ အရင်ဆုံး သင်၏ ချစ်သူကို ဘာအရောင်ကို အကြိုက်ဆုံးလဲလို့ မေးကြည့်လိုက်ပါ။ဒါပေမယ့် သဘာဝ အရောင် စစ်စစ်
ဖြစ်ဖို့တော့ လိုပါတယ်-။ရောစပ်၊ပေါင်းစပ် ထားတဲ့ အရောင် မျိုးမဟုတ်ဖို့တော့ လိုတယ်-။( ဥပမာ - အနီ၊ အပြာ ၊ အဖြူ ၊ အစိမ်း ၊ အနက် ၊ ခရမ်း ၊ လိမ္မော် ၊ အ၀ါ )…
အဲဒီမှာ သင်၏ ချစ်သူပြောတဲ့ အရောင်ကို ကြည့်ပြီး သင်၏ ချစ်သူရဲ့ စိတ်သဘာဝကို ခန့်မှန်းကြည့်လို့ ရတာပေါ့။ အရောင်တွေက ပြောတဲ့ လူ တွေရဲ့ စိတ်သဘာဝတွေ။ဟုတ်မဟုတ် တော့ စမ်းသပ် ကြည့်လိုက် ပါတော့ -။ကျွန်တော် နှစ်သက် ဆုံး အရောင် ကို လည်း စာဖတ်သူတွေ ထဲ စိတ်ဝင်စားမယ် ဆိုလျှင် အောက် ဆုံး မှာ ဖော်ပြ ပေးထားပါတယ် -။

သင်၏ချစ်သူက အပြာရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..
အေးအေးဆေးဆေး နေလိုသူ ဖြစ်တယ်။ ပျော်ပျော်ရွှင်ရွှင် နေလိုသူ ဖြစ်တယ်။ ဆရာသမားတို့ မိတ်ဆွေ အပေါင်း အသင်းတွေအပေါ်မှာ သစ္စာရှိတယ်။ လူတကာကို မေတ္တာထားတတ်သူပေါ့။ အများအကျိုးကို သယ်ပိုးရွက်ဆောင်လေ့ ရှိတယ်။ ပြောရရင်တော့ ပရဟိတ စိတ်ပေါ့။ လူမှု့ ၀န်ထမ်း စိတ်လည်း ရှိတယ်။ နောက်ပြီး ရည်ရွယ်ချက် မြင့်မားတယ်။ ကိုယ့်ရဲ စိတ်ခံစားချက်ကို ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်လှုပ်ရှားမှု့ကို ထိမ်းချုပ်နိုင်သူ တည်ငြိမ်သူလည်း ဖြစ်တယ်။ အိနြေ္ဒသိက္ခာနဲ့လည်း ပြည်စုံတယ်။ ဂတိစကား အလုပ်ကိုင်းစကား နဲ့ ပါတ်သက်လာရင်လဲ ယုံကြည် စိတ်ချရတယ်။ နောက်... သူဟာ ပါတ်ဝန်းကျင်နဲ့လဲ အဆင်ပြေပြေ ဖြစ်အောင် ပေါင်းသင်း ဆက်ဆံတတ်သူပါ။ ကိုယ့်ရဲ့ ချစ်သူအပေါ်မှာလဲ နားလည်ခွင့်လွှတ်တတ်သူ၊ အချစ်ကြီးသူ ဖြစ်တယ်။

သင်၏ချစ်သူက အနီရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..
သူဟာ ထက်မြက်တဲ့ တောက်ပြောင်တဲ့ အရည်အချင်း အရည်အသွေးတွေ ပိုင်ဆိုင်ထားသူ ဖြစ်တယ်။ သူ့ရဲ့ အနေအထိုင် အပြေအဆို အပြုအမူတွေဟာ သွက်လက်နေတယ်။ ရမ္မက်တော့ ပြင်းထန်တယ်။ နောက်ပြီး အကောင်းလေးလဲ ကြိုက်တတ်တယ်။ သည်းခံစိတ်နည်းပြီး ဒေါသတော့ နည်းနည်း ကြီးသလိုပဲ။ တစ်ကိုယ်ကောင်း ဆန်တတ်ပြီး လူတစ်ဖက်သားအပေါ် အနိုင်ယူချင်တဲ့စိတ်က များနေတယ်။ သူ့ရဲ့ စိတ်ဓာတ်က ခိုင်မာမယ်။ ရဲစွမ်းသတ္တိကတော့ အတော် ရှိပါတယ်။ နောက်ပြီး သူဟာ ဇွဲတော့ အတော် ကောင်းပါတယ်။ တစ်ခုခုကို မဖြစ်ဖြစ်အောင် လုပ်တတ်တဲ့ သဘောသဘာဝရှိတယ်။ မဟုတ်ရင်တော့ နည်းနည်းလေးမှကို သည်ခံမနေတတ်ဘူး။ မျှော်လင့်ချက်နဲ့ ရည်ရွယ်ချက်လည်း သူတို့က မြင့်မြင့်မားမား စိတ်ကူးလေ့ ရှိတယ်။ စွန့်စား လုပ်ကိုင် ဆောင်ရွက်ရတဲ့ အလုပ်ကိစ္စတွေကို ၀ါသနာပါသူ ဖြစ်တယ်။ ဒါကြောင့် များသောအားဖြင့် ထင်ပေါ်ကျော်ကြားသူတွေ ဖြစ်တယ်။ တော်လှန်တတ်တယ်။ ပုန်ကန်တတ်တယ်။ တိုက်ခိုက်တတ်တယ်။

သင်၏ချစ်သူက အဖြူရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..
အဖြူရောင်ကတော့အေးချမ်းတည်ငြိမ်တဲ့သဘောရှိတယ်။ ဖြူစင်သန့်ရှင်းတဲ့ သဘောရှိတယ်။ ရိုးသားတဲ့ သဘောလည်း ရှိတယ်။ အဲဒီတော့ အဖြူရောင် ကြိုက်သူတဲ့ သင်၏ ချစ်သူကတော့ အေးအေးချမ်းချမ်း သာသာယာယာ နေလိုသူ ဖြစ်တယ်။ သူဟာ သူတစ်ပါးကိုလည်း ဘယ်တော့မှ နစ်နာအောင် မလုပ်တတ်ဘူး။ ကိုယ်မှာ ရှိသလောက်လေးနဲ့ ပျော်ရွှင်နေတတ်တယ်။ လုံးဝ မကြွားတတ်ဘူး။ ဟန်တစ်လုံး ပန်တစ်လုံးလည်း မနေတတ်ဘူး။ လူတွေနဲ့ ဆက်ဆံတဲ့ အခါတွေဆိုရင်လည်း ဘယ်တော့မှ မောက်မောက်မာမာ အထက်စီးက ဆက်ဆံလေ့ မရှိပဲ ကိုယ့်ကို အမြဲ နှိမ်ချ ဆက်ဆံတတ်သူ ဖြစ်တယ်။ ပျော်ပျော်နေတတ်ပေမယ့် စည်းကမ်းတော့ ရှိတယ်။ သူတွေးလိုက်ရင်လည်း ရိုးရိုးရှင်းရှင်းရှင်းတွေးတယ်။ သစ္စာတရားကို တန်ဖိုးထားတတ်တယ်၊ မြတ်နိုးတယ်။ ဘာကိုပဲ ဖြစ်ဖြစ် အရာရာကို အကောင်မြင်တတ်တယ်။ နေတာထိုင်တာ ၀တ်တာ စားတာ အားလုံး သန့်သန့်ရှင်းရှင်း နေတတ် ထိုင်တတ်တယ်။ သူ့ရဲ့ စိတ်ထားဖြူစင်မှု့ကို မြင်နေနရတယ်။ ကိုယ့်ရဲ့ ချစ်သူ ကိုလဲ ဖြူဖြူစင်စင် ချစိတတ်တယ်။

သင်၏ချစ်သူက အစိမ်းရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..
စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မယ်။ ဂတိတည်မယ်။ သစ္စာရှိတယ်။ သူတပါးကို ကူညီတတ်တယ်။ သိမ်မွေ့နူးညံ့မယ်။ ဒေါသဖြစ်ခဲတယ်။ စိတ်ဆိုးခဲတယ်။ ကိုယ့်ချစ်သူ အပေါ်မှာလဲ နွေးထွေးမှု့ မရှိပဲ အေးစက်စက် ဖြစ်နေမယ်။ အား မလို အားမရဖြစ်ရမယ်။ ပွင့်ပွင့်လင်းလင်း မရှိဘူး။ အုံပုန်း ဆန်တာပေါ့။ ပါတ်ဝန်းကျင်နဲ့ ဆက်ဆံရေးကလည်း ခပ်ကြဲကြဲပဲ။ လူတွေနဲ့ ရောရောနှောနှော နေလေ့နေထမရှိဘူး။ ဒါကြောင့် သူလိုလူမှာ အပေါင်းအသင်း သိပ်မရှိတတ်ဘူး။

သင်၏ချစ်သူက အနက်ရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..
သွေးအေးတယ်။ အရာရာကို လေးလေးနက်နက် သဘောထားပြီး လေးလေးနက်နက်ပဲ လုပ်ကိုင်လေ့ရှိတယ်။ သူလုပ်ရင် ဘယ်တော့မှ ထင်ထင်ပေါ်ပေါ် မလုပ်တတ်ဘူး။ အရာရာကို လျှို့ဝှက်စွာ လုပ်ကိုင်တတ်သူပါ။တစ်ခုခုကို အမြဲတမ်းလဲ ဖုံးကွယ်ထားတတ်သူ။ နောက်ပြီး လူတကာထက် ပိုပြီး အစွဲအလန်း ကြီးတဲ့ သူဖြစ်တယ်။ ပြီးတော့ မာနကလည်း အတော်ကို ကြီးတာ။ ကိုယ့်ကိုကို ယုံကြည်ချက်ကလည်း ပြင်းထန်လွန်းတယ်။ ငါလုပ်ရင် ဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ စိတ် ရှီတယ်။ ခေါင်းမာတယ်။ တယူသန်နိုင်တယ်။ တစ်ယောက်ထဲ သီးသန့် နေလိုစိတ် ရှိတယ်။ မကောင်းတာကို လုပ်ရရင် ပျော်မွေ့တဲ့ စိတ်ရှိတယ်။ ကိုယ်ချစ်သူအပေါ်မှာတော့ လေးလေးနက်နက် စွဲစွဲလန်းလန်း အရူးအမူး ချစ်မယ့်သူပေါ့။

သင်၏ချစ်သူက ခရမ်းရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..
ဆွဲဆောင်မှု့တော့ ရှိတယ်။ ပြဿနာတွေ ဘာတွေတော့ မဖြစ်စေနဲ့နော်။ ပြဿနာဖြစ်လာရင်တော့ ခေါင်း ရှောင်သွားလိမ့်မယ်။ ဘာပဲ လုပ်လုပ်သူဟာ လျှို့ဝှက်စွာ လုပ်ကိုင်လေ့ရှိတယ်။ ကိုယ့်အတွက်ကတော့ အရမ်း သိတတ်တယ်။ ဘယ်လိုအခြေအနေ ပဲ ရောက်ရောက် ဘ၀တိုးတက်ဖို့အတွက်ကတော့ အမြဲတမ်း ကြိုးစားအား ထုပ်နေလေ့ ရှိတယ်။ ထူးဆန်းတာ တစ်ခုကတော့ ဂမ္ဘီရ ပညာရပ်တွေကို ထူးထူဆန်းဆန်း စိတ်ဝင်စားလေ့ရှိ တယ်။ နောက်ပြီး သူဟာ အလှအပတို့ အနုပညာတို့ စာပေတို့ကိုလည်း မြတ်နိုးသူ ဖြစ်မယ်။ သူက အဲဒါတွေသာ လုပ်တဲ့လူဆိုလို့ ကတော့ သေချာပေါက်အောင်မြင်မယ်။ ဒါကြောင့် စိတ်ကူးလဲ အရမ်း ယဉ်တတ်တယ်။ လက်တွေ့မကျတဲ့ အိပ်မက်ဆန်ဆန် စိတ်ကူးတွေလဲ သူ့မှာ အပြည့်ရှိတယ်။ နောက်ဆုံး ကိုယ်ချစ်သူကို ချစ်ရင်တောင် သူက စိတ်ကူးယဉ် ဆန်ဆန်နဲ့ ချစ်ခင်တတ်ပါတယ်။

သင်၏ချစ်သူက လိမ္မော်ရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..
သူကတော့ အရာရာမှာ တက်တက်ကြွကြွ ရှိမယ်တဲ့။ နေတာ ထိုင်တာ ပြောတာဆိုတာကအစ ပျော်ပျော်ရွှင်ရွှင် နေတတ် ထိုင်တတ်တယ်။ နောက်ပြီး စကားအပြောအဆို ကောင်းသူလည်း ဖြစ်တယ်။ လူတွေကသာ သူ့ကို ဂရုစိုက်လို့ကတော့ သူက အရမ်းကြိုက်။ ဒါပေမယ့် သူဟာ ဘာပဲလုပ်လုပ် ပေါ့ပေါ့တန်တန် လုပ်တတ်တဲ့ သဘောရှိတယ်။ ပြောရရင်တော့ ပေါ့ပေါ့နေ ပေါ့ပေါ့စာဆိုတာ သူလိုလူကို ပြောသလိုပါပဲ။ အပျော်အပါးကတော့ ကြိုက်သလားမမေးနဲ့။ နေရာတကာမှာ ထင်ပေါ်ချင်တယ် ကျော်ကြားချင်တယ်။ အချစ်ဆိုသော အရာကိုတော့ ပေါ့ပေါ့တန်တန် သဘောထားတတ်တယ် ဆိုတော့ အင်း ဒီလိုလူမျိုးကတော့ သတိထားပေါ့နော်။

သင်၏ချစ်သူက အ၀ါရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..
အ၀ါရောင်ကို နှစ်သက်တဲ့ သူကတော့ သူဟာ အများအကျိုးကို သယ်ပိုးထမ်ဆောင်လိုတဲ့သူ ဖြစ်တယ်။ ပရဟိတ လုပ်ငန်းတွေကို လုပ်ဆောင်ရတာကို ၀ါသနာ ပါတယ်။ လူတွေကို ဘယ်လို ကူညီပေး၇မလဲ ဆိုတာကိုပဲ စဉ်းစား နေလေ့ရှိတယ်။ လူ့ပါတ်ဝန်းကျင်နဲ့ နွေးနွေးထွေးထွေး ရင်းရင်းနှီးနှီး နေထိုင်တတ်တဲ့ အကျင့်ရှိတယ်။ အပြောင်းအလဲကိုလည်း သဘောကျ လက်ခံတတ်တဲ့လူပေါ့။ သဘောကျ နှစ်ခြိုက်တတ်တဲ့ လူပါ။ သမရိုးကျ လမ်းဟောင်းကို မလိုက်ဘူး လမ်းသစ် ထွင်ဖောက် လျှောက်ချင်တဲ့ လူ။ လက်တွေ့တော့ ကျသား။ သူလည်း အနုပညာကို ၀ါသနာပါပြီး ကိုယ်ချစ်သူအပေါ်လည်း နွေးထွေးစွာ ဆက်ဆံတတ်သူဆိုတော့ ကောင်းပါတယ်။

ကျွန်တော် ငယ်ငယ်လေးထဲက အဖြူေ၇ာင်ကို မြတ်မြတ်နိုးနိုးနှစ်သက်ခဲ့တာပါ-။ 
စာဖတ်သူအပေါင်း လေးစားလျှက် --

                           ရာဇ၀င်  
Forward mail ရတာပါ။အရမ်း မှန်လို့ တင်ပေးလိုက်တာ -

Saturday 18 February 2012

ဝန်ထမ်းများလစာတိုးပေးဖို့ ငွေစက္ကူ ရိုက်မှရမည်ဟု ဘဏ္ဍာအခွန်ဝန်ကြီးပြောဆို....


အခုတလော ကြားကြားနေရတဲ့ သတင်းတစ်ခုကတော့ ၀န်ထမ်းတွေ လစာ တိုးမယ်ဆိုတဲ့ သတင်းပါဘဲ ။ အမျိုးမျိုး သုံးသပ်ချက်တွေ နဲ့မြန်မာက ၀န်ထမ်းတွေ ကြား ရေပမ်းစားဆုံးသတင်းတစ်ခုပါဘဲ။
သို့လောသို့လော မျှော်လင့်ချက်အိမ်မက်တွေနဲ့ ဘ၀ ကိုရှုန်းကန် နေရတဲ့
မြန်မာ မှဝန်ထမ်းများသေချာ သိရှိနိုင်စေရန် ထိုသတင်းကို တင်ပြလိုက်ရပါသည်-။
ဝန်ထမ်းများအားလစာတိုးပေးရန်အတွက် ယခု ဘဏ္ဍာရေးအခြေအနေအရငွေစက္ကူအသစ် ရိုက်နှိပ်ထုတ်ဝေရမည် ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးလှထွန်းကယနေ့ကျင်းပခဲ့သောပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်းပြည်ထောင်စုလွှတ်တော်သို့တက်ရောက်ခဲ့သည့်လွှတ်
တော် ကိုယ်စားလှယ်များ ကဆိုသည်။ထိုကဲ့သို့ပြောကြားရာတွင် ၀န်ထမ်းများလစာတိုးပေးရန် အတွက်လက်ရှိ ဘဏ္ဍာရေး အခြေအနေအရ ငွေစက္ကူအသစ် ရိုက်နှိပ်ထုတ်ဝေမှသာဖြစ်နိုင်ကြောင်း၊ ထိုသို့ပြုလုပ်ပါက ငွေကြေးဖောင်းပွမှုစသော  နောက်ဆက်တွဲ အကျိုးများ ကိုလည်းစဉ်းစားသင့်ကြောင်း၊ ထို့ကြောင့် ၀န်ထမ်းများလစာ တိုးမြှင့်ပေးခြင်းကို ၂၀၁၂-၁၃ ဘဏ္ဍာနှစ်အစား ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင်မှတိုးမြှင့်ပေးသင့်ကြောင်းပြောကြားခဲ့သည်ဟုလွှတ်တော် ကိုယ်စားလှယ်များက ဆိုသည်။
ယခုလ ၇-ရက်နေ့ကပြည်သူ့လွှတ်တော်ဥက္ကဌသူရဦးရွှေမန်းတင်သွင်းသော လာမည့်ဘဏ္ဍာနှစ်မှစပြီး ၀န်ထမ်းများအား လစာတိုးမြှင့်ပေးရေးအဆိုကို ပြည်ထောင်စုဝန်ကြီးမှ ယခုကဲ့သို့  ပြန်လည် ပြောကြားခြင်းဖြစ်သည်။
ယင်းကိစ္စနှင့်ပတ်သတ်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဦးဖုန်းမြင့်အောင်က '' ပြောရရင် ဒီကိစ္စက ဆုပ်လည်းစူး၊စားလည်းရူးဗျ။ ၀န်ထမ်းတွေ အခြေအနေကလည်း ထိန်းရခက်နေပြီ။ လစာတိုးမပေးရင် ပြဿနာက ပြီးမှာမဟုတ်ဘူး။ တိုးပေးပြန်ရင်လည်း တစ်ဖက်မှာ ပြဿနာတွေရှိနေသေးတယ် '' ဟု သူ၏ အမြင်ကို ပြောကြားသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်ကမူ '' ကျွန်တော်တို့က ပြည်သူ့ကိုယ်စားလှယ်။ ပြည်သူကိုကြည့်ရမှာပဲ။ ခုရနေတဲ့လစာနဲ့ကုန်ဈေးနှုန်းနဲ့က လုံးဝကိုသဘာဝမကျဘူး။ သဘာဝကျအောင် ပြုပြင်ပေးကြရမှာပဲ '' ဟု ပြောကြားသည်။
ထို့ပြင် ၎င်းကလက်ရှိ ဘဏ္ဍာရေးအကျပ်အတည်းဖြစ်ရခြင်းမှာ အခွန်ကြပ်မတ် ကောက်ခံမှုအားနည်း၍ဖြစ်ကြောင်း၊ လက်ရှိအခွန်ဆောင်နေသည့် စာရင်းကိုကြည့်ပါက အလယ်အလတ်ကုမ္ပဏီများမှ ပေးဆောင်သည့် အခွန်ငွေမှာများပြားပြီး ထူးကဲ့သို့ ကုမ္ပဏီကြီးများ၏အခွန်ငွေပေးဆောင်မှုမှာ ၎င်းတို့လုပ်ကိုင်နေသည့် လုပ်ငန်းများနှင့်နှိုင်းယှဉ်ပါက များစွာနည်းပါကြောင်း ပြောကြားသည်။
ကမ္ဘာ့စီးပွားရေး နိုဘယ်ဆုရှင် စတစ်ဂလစ်ဇ် ယခင်သီတင်းပတ်က UMFCCI တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံအနေဖြင့် သယံဇာတမှ ရရှိသည့် ဘဏ္ဍာငွေများကိုသာအားပြုခြင်းထက် ရသင့်ရထိုက်သည့် အခွန်ကောက်ခံမှုများကို ကောက်ခံသုံးစွဲရန်လည်း အကြံပေးပြောဆိုသွားသည်။
ဝန်ထမ်းများအား လစာတိုးမြှင့်ပေးရန်နှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်တွင် ယနေ့ဆွေးနွေးခြင်းမှာ မပြီးပြတ်သေးဘဲ အဆိုတင်သွင်းသူ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းမှ ပြန်လည်ဆွေးနွေးရန် ကျန်ရှိနေပြီး လွှတ်တော်တွင်မဲခွဲရန်ဆုံးဖြတ်
ရန်လည်းကျန်ရှိနေသေးကြောင်းလွှတ်တော်ကိုယ်စားလှယ်များကဆိုသည်။ 

 Yangon Press International သတင်းကို ကိုးကားတင်ပြပါသည်။

                            ရာဇ၀င်
   

Saturday 4 February 2012

အ၀တ်လဲခန်းထဲမှာ Hidden camera

   
အ၀တ်လဲခန်းထဲမှာ Hidden camera (လျှို့ဝှက် ကင်မရာ) တပ်ဆင်ထားမထား
ဘယ်လိုသိနိုင်မလဲ အ၀တ်အထည်စတိုးဆိုင်ကြီးတွေနဲ့ ပလာဇာတွေရဲ့
အ၀တ်အစားလဲခန်း..... (အ၀တ်အထည်အသစ်တွေကိုစမ်းသပ်ဝတ်ဆင်ကြည့်တဲ့အခန်း)    တွေမှာ
မသမာသူတွေက hidden camera (လျှို့ဝှက်... ကင်မရာ) တွေ
တပ်ဆင်ထားနိုင်ပါတယ်။ ကင်မရာတွေဟာ သေးငယ်လွန်းတာကြောင့်
ဘယ်နားမှာတပ်ဆင်ထားလဲဆိုတာ တော်ရုံတန်ရုံမသိနိုင်ပါဘူး။ ဒီပြဿနာကို
ဖြေရှင်းဖို့ အလွယ်ကူဆုံး နည်းလမ်းကတော့ မိမိမှာပါလာတဲ့ mobile phone
နဲ့စမ်းသပ်တဲ့နည်းပါပဲ။ 
၁။ အ၀တ်လဲခန်းထဲကိုမ၀င်မီ မိမိဖုန်းကို ဖုန်းခေါ်ဆိုမှု    လုပ်လို့ရမရ စစ်ဆေးထားပါ။ 

၂။ အ၀တ်လဲခန်းထဲကိုရောက်သွားတဲ့အခါ မိမိရဲ့ mobile phone ကို ဖုန်းခေါ်ဆိုမှု ပြုလုပ်ကြည့်ပါ။ 

၃။ ဖုန်းခေါ်လို့မရဘူးဆိုရင် အဲဒီအ၀တ်လဲခန်းထဲမှာ Hidden
camera ရှိနေဖို့များသွားပါပြီ။ ဖုန်းခေါ်မရတဲ့အကြောင်းအရင်းကတော
့Hidden camera ရဲ့ ဖိုင်ဘာကေဘယ်က Mobile phone လိုင်းကို
အနှောက်အယှက်ဖြစ်စေလို့ပါပဲ။

နှစ်ဘက်မြင်မှန် (two way mirror) နဲ့ ရိုးရိုးကြေးမုံမှန်ကို ဘယ်လိုခွဲခြားမလဲ...  
ဟိုတယ်တွေရဲ့ သန့်စင်ခန်းတွေ၊
စတိုးဆိုင်ကြီးတွေက အ၀တ်အစားလဲခန်းတွေ၊ ဟိုတယ်အိပ်ခန်းတွေ
မှာတပ်ဆင်ထားတဲ့ မှန်တွေဟာ တကယ့်ကြေးမုံပြင်စစ်စစ်တွေလား၊ ဒါမှမဟုတ်
နှစ်ဘက်မြင်မှန် (two way mirror)တွေလားဆိုတာသင်သံသယ၀င်ဖူးပါသလား?
Two way mirror ဆိုတာကတော့ သင့်ဘက်ကကြည့်ရင် ကြေးမုံပြင်အနေနဲ့
သင့်ပုံရိပ်ကို သင်ပြန်မြင်နေရပေမယ့် အခြားတစ်ဘက်က ကြည့်ရင်
သင်လုပ်သမျှကို တစ်ဘက်လူက အကုန်မြင်နေရမှာပါ။ ဟောလိဝုဒ်
စုံထောက်ကားတွေမှာ တရားခံကို စစ်မေးတဲ့အခန်းထဲမှာ သုံးတဲ့မှန်မျိုးပေါ့။
အပေါ်ယံကြည့်ရုံနဲ့တော့ ကြေးမုံအစစ်လား၊ နှစ်ဘက်မြင်မှန်လားဆိုတာ
သိနိုင်ဖို့ အင်မတန်ခဲယဉ်းပါတယ်။ ဒါပေမယ့် နှစ်ဘက်မြင်မှန်တွေကို
သိနိုင်တဲ့ လွယ်ကူရိုးရှင်းသော စမ်းသပ်နည်းတစ်ခု ရှိပါတယ်။

၁။ သင့်ရဲ့ လက်ချောင်းတစ်ချောင်းကို မှန်ရဲ့ မျက်နှာပြင်နဲ့ ထိထားလိုက်ပါ။ 

၂။
သင့်ရဲ့ လက်ချောင်းထိပ်က လက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့
သင့်လက်ချောင်းလက်သည်းခွံကြားမှာ အနည်းငယ်ကွာဟနေတယ်ဆိုရင်၊ ဒါဟာ သာမန်ကြေးမုံပြင်ပါ။ 

၃။ သင့်ရဲ့လက်ချောင်းလက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့
လက်ချောင်းလက်သည်းခွံ နှစ်ခုဟာ တိုက်ရိုက်ထိစပ်နေသလိုဖြစ်နေတယ်
ကြားထဲမှာ အကွာအဝေးမရှိဘူးဆိုရင်တော့၊ ဒါဟာ နှစ်ဘက်မြင်မှန် (two way
mirror) ပါပဲ။ 

ဒီလိုဖြစ်ရခြင်းရဲ့အကြောင်းအရင်းကတော့သာမန်ကြေးမုံပြင်တွေမှာ   မှန်ရဲ့ တစ်ဘက်မျက်နှာပြင်ကို ပြဒါးသုတ်လိမ်းထားပြီး မှန်ကြည့်သူဘက်က မျက်နှာပြင်မှာတော့ ပြဒါးသုတ်လိမ်းထားခြင်းမရှိပါဘူး။ ဒါ့ကြောင့် သင့်လက်ချောင်းထိပ်နဲ့ မှန်ထဲကပုံရိပ်ရဲ့ လက်ချောင်းထိပ်ကြားမှာ မှန်တစ်ချပ်စာ ကွာခြားနေမှာဖြစ်ပါတယ်။ နှစ်ဘက်မြင်မှန်မှာတော့ ပြဒါးကို မှန်ကြည့်သူဘက်က မျက်နှာပြင်မှာ သုတ်လိမ်းထားတာမို့ သင့်လက်ချောင်းနဲ့
မှန်ထဲကလက်ချောင်းကြားမှာ ကွာဟမှုမရှိတော့တာပါ။ ဒါ့ကြောင့်
ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ မှန်ရှေ့ရောက်ရင် မှန်မျက်နှာပြင်ကို
လက်သည်းထိပ်လေးနဲ့ ထိကြည့်ဖို့မမေ့ပါနဲ့။ ဒီစာလေးကို သင့်ရဲ့
သူငယ်ချင်းတွေ၊ ညီအစ်ကို မောင်နှမတွေဆီကို forward လုပ်ပေးပါ။
ဒီစာလေးကိုမျှဝေခြင်းအားဖြင့် အမျိုးကောင်းသမီးများစွာရဲ့ အရှက်နဲ့
သိက္ခာကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။



                                 ရာဇ၀င်

 

Friday 3 February 2012

Wireless WIFI Password ယူချင်သူများတွက်



ကိုယ်ပိုင်Laptopကို Wirelessချိတ်ချင်ကြသူများအတွက် WIFI Password Hack နည်းလေးကိုပေးလိုက်ပါ့မယ်.....

ကဲလုပ်ကြည့်နော်ဒီနည်းလေးက တစ်ချို့ ကိုယ့်အနီးအနားပါတ်ဝန်းကျင်မှာ ရှိတဲ့ WIFIရှိတဲ့အင်တာနက်လိုင်းမိပြီးpasswordခံထားလို့ကိုယ့်စက်ဖွင့်မရသူတွေ အတွက် လည်းအသုံးဝင်ပါတယ်..စမ်းကြည့်ပါနော်….ဒါပေမရ့်....ရာဇ၀င် ပေးလိုက်တာ  လို့ တော့ လျှောက်မပြော နဲ့ နော် -။
...

WIFI Password ခိုးနည်းလေးပါ။ပထမဒီနည်းလေးကိုစမ်းကြည့်လိုက်ပါနော်။

အရင်ဆုံးကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့Wireless Wifi ကို wifi ဘယ်လိုမျိုး ပေါ်နေလဲဆိုတာအရင်ကြည့်ပါ။

အခု Wireless Wifi Password ကို အလွယ်တကူ ရယူ သုံးစွဲ ဖို့ဆိုတာက သိပ်တော့မလွယ်ဘူးနော်

လုပ်နည်းနှစ်နည်းတော့တွေ့ထားပါတယ်..

ပထမနည်းကတော့ Cracking ခွေတွေရှာဝယ်ပြီး ခိုးတဲ့နည်း။။

ဒုတိယနည်းက Crscking Dell နဲ့ရှာကြည့်တဲ့နည်းလေးပေါ့။။

လုပ်နည်းလေးကတော့။

အရင်ဆုံး ကိုယ့်ကွန်ပြူတာမှာ Wireless တော့ ပါဖို့လိုပါတယ်။
အက္ခရာပေါ်နေတဲ့ SSID ပေါ်ကိုသွားပြီး Double click နှိပ်ပါ.။

ဥပမာ .....(069500) လိုမျိုးပေါ်နေတာကိုပြောတာပါ။( ဒီ ဂဏန်းလေးတွေက ဥပမာပေးတာပါ။ ကိုယ့်စက်မှာပေါ်တာကိုကြည့်ရမှာဖြစ်ပြီးဂဏန်းနောက်ကထည့်ရမဲ့စာလုံးကိုတော့သေချာထည့်ပေးဖို့လိုပါတယ်။
အဲဒါကို..ကလစ်လိုက်ရင်Passwordတောင်းလာလိုက်မယ်။ဒါဆို ဒီ Password ကို ဘယ်လို နည်းနဲ့ ရအောင်ယူမလဲဆိုတော့ ဥပမာ..ပြထားတဲ့ ( 069500 ) ကိုဖြုတ်ပြီး ရှေ့က ( ၀ )ကိုဖြုတ်ပြီး
(695001FFB0)လို့ရိုက်ထည့်ပါ။
အဲလိုရိုက်ထည်လိုက်မယ်ဆိုရင် Confirm တောင်းလာရင် နကိုယ်အတိုင်း( 695001FFB0 ) လို့ပဲပြန်ရေးပြီး OK သို့မဟုတ် Next ကိုနိုပ်လိုက်ပါ။
ခနစောင့်.... Connection နေရာမှာ Connected ဖြစ်သွားပါလိမ့်မည်။။။

ဥပမာ..အောက်မှာကြည့်ပါ။

Yongahfoo
31393230333331313435323233

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
meingan
63353131313036303535323735

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒါကအထက်ကနည်းလေးနဲ့ ဟက်လိုက်လို့ပေါ်လာမဲ့ကိုယ့် ပတ်ဝန်းကျင်မှာရှိတဲ့  Wireless Wifi နာမည်နဲ့passwordလေးနမူနာလေးပါ။

နောက်တစ်နည်း
SSIDနာမည်တွေကိုCrackingခွေနဲ့Hackတဲ့နည်းပါ။
အဲဒီအခွေက Wireless password တင်မကဘူး Creadit card password အထိ Hacking လုပ်လို့ ရပါတယ်။


                                                         

                                                   ရာဇ၀င်