Saturday 1 September 2012

မိုဘိုင်းဖုန်းတွေရဲ့ တည်နေရာကို ရှာလို့ရပြီတဲ့နော်..

                                                   
 မိုဘိုင်းဖုန်း၏ တည်နေရာအား ရှာဖွေသိရှိနိုင်ခြင်းနှင့် စွယ်စုံသုံးလမ်းညွှန် ပါဝင်သည့် ဆော့ဖ်ဝဲလ်အခမဲ့ဖြန့်ချိ


မိုဘိုင်းဖုန်းတစ်လုံး၏ တည်နေရာအား ရှာဖွေသိရှိနိုင်သည့် Phone Finder နှင့် စွယ်စုံသုံးလမ်းညွှန်
(Multi-Directories) ပါဝင်သည့် GOthere Myanmar မိုဘိုင်းဖုန်းဆော့ဖ်ဝဲလ်အား Giga Gates Co.,LTD မှ အခမဲ့
ဖြန့်ချိပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ နေ့စဉ်အသုံးဝင်သည့် လမ်းညွှန်များ၊ တည်နေရာ အချက်အလက်များ၊
ဖတ်ရှုသင့်သော သတင်းများနှင့် ဖုန်းတစ်လုံး၏ တည်နေရာကို ရှာဖွေသိရှိနိုင်သည့် ဆော့ဖ်ဝဲလ်ဖြစ်ပြီး Android OS
စနစ်သုံး မိုဘိုင်းဖုန်းများတွင် အသုံးပြုနိုင်မည်ဖြစ်သည်။ ” Android OS 2.2 နဲ့အထက်မှာ သုံးလို့ရပါတယ်။
Version အနေနဲ့ Beta 1.0 ပေးထားပါတယ်။ မကြာခင် နီးစပ်ရာ နေရာတိုင်းမှာ အခမဲ့ ရယူနိုင်အောင် လုပ်ပေးသွား
မှာပါ။ အခု လတ်တလောအနေနဲ့ ကျွန်တော်တို့ ဝက်ဘ်ဆိုက်ဖြစ်တဲ့ www.go-there-myanmar.com မှာ အခမဲ့
Download လုပ်လို့ရပါတယ်” ဟု Giga Gates မှ Projector Director ကိုမိုးသန့်ဦးက ပြောကြားခဲ့ကြောင်း
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။ ”

Wednesday 29 August 2012

ဆလုံလူမျိုး သို့မဟုတ် sea gypsy



ဆလုံလူမျိုးသည် မြိတ်ကျွန်းစု၏ အဖိုးမဖြတ်နိုင်သော ပြယုဒ်တစ်ခုဖြစ်သည်။ သူတို့၏ ဓလေ့စရိုက်၊ ရိုးသား ဖြောင့်မတ်မှုကို တုနှိုင်းရန်အရာ မရှိပါ။ ထို့ကြောင့် ၎င်းလူမျိုးတို့မှာ လူသိများထင်ရှားနေခြင်းဖြစ်သည်။
ဆလုံလူမျိုးတို့သည် နေရာအတိအကျမရှိ၊ ပင်လယ်ပြင်တစ်ခွင် ၀မ်းစာအတွက် လှည့်လည်ကျက်စားကြသည်။ ရေကူး၊ ရေငုပ်ရာတွင် ကျွမ်းကျင်သည်။ ထို့ကြောင့် Sea Gypsy or Men of the Sea အဖြစ် အမည်တွင်ခြင်းဖြစ်သည်။ သမိုင်းကြောင်းအရ ရှေးယခင်က မလေးကျွန်းဆွယ်တွင် နေထိုင်ကြပြီး စီးနှင်းတိုက်ခိုက်လုယက်မှုများကြောင့် မြိတ်ကျွန်းစုဘက်သို့ ရွေှ့ပြောင်းလာကြခြင်းဖြစ်သည်။ ယနေ့အခါ ဆလုံလူမျိုးများကို ကော့သောင်းမြို့အနီး ကျွန်းများတွင် မြင်တွေ့နိုင်သည်။ ဆလုံလူမျိုးများသည် စိုက်ပျိုးရေး၊ မွေးမြူရေးတို့ဖြင့် အသက်မမွေး ရေလုပ်ငန်း၊ ပုလဲငုပ်ခြင်းလုပ်ငန်းတို့ဖြင့် အသက်မွေးကြသည်။ ပင်လယ်ကမ်းခြေတစ်လျှောက် လှေလှော်ခတ်ရင်း တစ်ကျွန်းမှတစ်ကျွန်းကူးကာ နေထိုင်လေ့ရှိသည်။ လှေလေးများကို ပေါ့ပါးသော သစ်လုံးများဖြင့် ထွင်းယူကြသည်။ ၎င်းလှေများမှာ ပင်လယ်ခရီးအတွက် အဆင်ပြေ အသုံးဝင်လှသည်။ အသုံးအဆောင်များ၊ အစာရေစာများ၊ ခွေး၊ ကြောင်၊ ကြက်များကိုလည်း တစ်ပါးတည်း လှေနှင့်အတူ တင်ယူလာလေ့ရှိကြသည်။ ဆောင်း၊နွေရာသီများတွင် ငါးဖမ်းခြင်း၊ ရေထွက်ပစ္စည်း ရောင်းဝယ်ခြင်းတို့ဖြင့် အသက်မွေးကြပြီး
မိုးရာသီရာသီဥတုဆိုးဝါးသည့်အခါနီးစပ်ရာကျွန်းပေါ်တွင်
ဝါးခြေတိုင်ရှည်တဲများဖြင့်လည်းကောင်း၊ ဂူများရှာ၍လည်းကောင်းနေထိုင်လေ့ရှိသည်။ Sea Gypsy ဟူသောအမည်နှင့်လိုက်လျောညီထွေစွာပင်
သဘာဝပင်လယ်ဘေးအန္တရာယ်ကိုလည်း ရှောင်တိမ်းတတ်ကြသည်။
ရာသီဥတုဆိုးဝါးစဉ်တောင်မှ မိမိနေထိုင်ရာ ကျွန်းဆီ အမြန်ဆုံးပြန်ရောက်အောင်သွားနိုင်ကြသည်။ ဆလုံလူမျိုးတို့၏ ရေငုပ်ပညာကျွမ်းကျင်မှုမှာ အံ့မခန်းဖြစ်သည်။ ပင်လယ် ကြမ်းပြင်အထိရေငုပ်နိုင်ပြီး ရေအောက်တွင် အောက်ဆီဂျင်အကူအညီမပါပဲ အချိန်အတော်ကြာ အနည်းဆုံး တစ်နာရီခန့် နေနိုင်သည်။ တစ်ရက်တည်း ထိုကဲ့သို့ ရေငုပ်ခြင်းမျိုး အကြိမ်အရေအတွက် များများလုပ်နိုင်သည်။ ပင်လယ်ခရု၊ ကမာ (မုတ်) ကောင်များ၊ ငါးကြီးအံဖတ်၊ ပင်လယ်ရေမှော်ပင်၊ ပုလဲ၊ ငှက်သိုက်၊ ပျားရည်၊ ပရဆေးပင်များကို ရှာဖွေစုဆောင်းပြီး ရောင်းချလေ့ရှိသည်။ ဆလုံလူမျိုးများသည် အခြားလူမျိုးများနှင့် ရောရောနှောနှော နေထိုင်လေ့မရှိချေ။ ၎င်းတို့၏လူနေထိုင်မှုစနစ်မှာ မြို့ပြနေထိုင်မှုစနစ်နှင့် ကွာခြား လွန်းလှသည်။ သို့သော်လည်း သူတို့၏ လူနေမှုစနစ်ကို ယုံကြည်စွာ တန်ဖိုးထား ထိန်းသိမ်းကြသည်။ ဘာသာတရားနှင့် ပတ်သက်၍လည်း ၎င်းတို့၏ကိုယ်ပိုင်ယုံကြည်မှုကို လက်ကိုင်ထားကြသည်။ နတ်ကောင်းနှင့် နတ်ဆိုးဟူ၍ နတ်ဘုရားကိုးကွယ်မှု နှစ်ခုရှိသည်။ နတ်ဆရာသည် ၎င်းတို့၏ အခရာဖြစ်သည်။ ပျော်ပွဲရွှင်ပွဲများကို သာမက ဖျားနာသည့်အခါ၊ တစ်ဦးတစ်ယောက်သေဆုံးသည့်အခါတွင် နတ်ဆရာ၏ ပြောဆိုမှုအတိုင်း စပါး၊ ပြောင်း၊ အရက်၊ ပျားရည်၊ ကွမ်း၊ ဘဲသွေးစိမ်း၊ ကြက်၊ လင်းပိုင်၊ ပင်လယ်လိပ်တို့ကို ယဇ်ပူဇော်လေ့ရှိသည်။ ပျော်ပွဲရွှင်ပွဲများတွင် တေးသီချင်းများသီဆိုတီးမှုတ်ပြီး မီးပုံဖိုကာ ၀ိုင်းဖွဲ့ကခုန်ကြသည်။သူတို့၏ဗုံတစ်မျိုးမှာ ပုတ်သင်ညိုသားရေဖြင့် ပြုလုပ်ထားသည်။ ဆလုံလူမျိုးတို့၏ ဂီတပင်ကိုယ်စွမ်းရည်မှာ ထက်မြက် ဆန်းကြယ်လှသည်။ လက်ရှိဖြစ်ပျက်နေသည့် အခြေအနေကို လက်တန်း တေးသီချင်းစပ်ဆိုနိုင်သလို ကျောက်နံရံများတွင် ပန်းချီရေးဆွဲလေ့ရှိကြသည်။ သေဆုံးသည့်အခါ မီးသဂြို င်္ဟ်လေ့မရှိပဲ အလောင်းကို ရေချကာ အလောင်းစင်ထားခဲ့ပြီး ရွာသားများအားလုံး အခြားကျွန်းပေါ်သို့ ပြောင်းရွှေလေ့ရှိကြသည်။

Saturday 18 August 2012

ဘီကနီဝတ် လေယာဉ်မယ် များကြောင့် ဒဏ်ရိုက်ခံရ VietJet


ဗီယက်နမ် အစိုးရပိုင် သတင်းဌာနများတွင် ဖော်ပြထားသည့် အဆိုပါသတင်းအရ ဗီယက်နမ်နိုင်ငံမှ ပုဂ္ဂိလက လေကြောင်းလိုင်း တစ်ခုဖြစ်သည့် VietJet အား ဗီယက်နမ် လေကြာင်းပို့ဆောင်ရေး ဦးစီးဌာနက လေယာဉ်ခရီးစဉ်အတွင်း မော်ဒယ်များအား မဖွယ်မရာ ဖျော်ဖြေစေခဲ့သဖြင့် ဖြစ်သည်ဟု သိရှိရသည်။ YouTube ပေါ်၌ နာမည်ကျော်သွားသည့် ဗီဒီယိုအရမူ လေယာဉ်မယ်များအား အပေါ်ပိုင်းအကျီင်္မပါ ဘီကနီများသာ ဝတ်ဆင်စေပြီး သီချင်းတေးသွားနှင့်အတူ ခရီးသည်များအား ဖျော်ဖြေစေခဲ့ခြင်းဖြစ်သည်။ ဗီဒီယိုအရ လေကြောင်းလိုင်းအနေဖြင့် ယင်းတို့၏ ခရီးသည်များအတွက် ဖျော်ဖြေရေး အစီအစဉ်အဖြစ် ယခုကဲ့သို့ ပြုလုပ်ခဲ့ဟန်တူပြီး ခရီးသည်များ၊ အထူးသဖြင့် အမျိုးသားများ ခရီးသည်များ အထူးအကြိုက်တွေ့ပြီး ဓာတ်ပုံများ အလုအယက် ရိုက်ကူးခဲ့ကြသည်။ VietJet အား ဗီယက်နမ် လေကြာင်းပို့ဆောင်ရေး ဦးစီးဌာနက ယခုဖြစ်ရပ်အတွက် ခွင့်ပြုချက် ကြိုတင်ရယူခြင်း မရှိဟုဆိုကာ ဗီယက်နမ်ဒေါင် သန်း ၂၀ (အမေရိကန် ဒေါ်လာ ၉၆၀) အား ဒဏ်ငွေအဖြစ် တပ်ရိုက်ခဲ့သည်။ VietJet ၏ အဆိုအရမူ ယင်းတို့အနေဖြင့် မည်သည့် လုံခြုံရေးဆိုင်ရာ စည်းကမ်းချက်များကိုမှ ဖောက်ဖျက်ခြင်းမရှိဟု ဆိုခဲ့သည်။ VietJet သည် ဈေးနှုန်းသက်သာ လေကြောင်းလိုင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၁ ဒီဇင်လာ ၂၅ ရက်နေ့တွင်မှ စတင်ခဲ့ခြင်းဖြစ်သည်။ ယင်းတို့၌ Airbus A320-200 လေယာဉ် ၃ စင်းဖြင့် ပြေးဆွဲလျက်ရှိသည်။

                                    

Wednesday 8 August 2012

မြန်မာ့ ပြန်ကြားရေး Website တွင် ဟတ်ကာတို့ခြိမ်းခြောက်သွား..

မြန်မာ့ပြန်ကြားရေး Website တွင် ဟတ်ကာတို့ခြိမ်းခြောက်သွား ..
ပြန်ကြားရေးဝန်ကြီးဌာန၏ အင်တာနက် Website တွင် Website စာမျက်နှာအား အင်္ဂါနေ့နံနက်မှ စတင်၍ ဟက်ကာများက ဝင်ရောက်တိုက်ခိုက်ပြီး ခြိမ်းခြောက်စာများ ဝင်ရောက်ရေးသားခဲ့ကာ Website မှာ နာရီအတော်ကြာ ဝင်ရောက် ကြည့်ရှုမရဘဲ ဖြစ်သွားခဲ့သည်။
မြန်မာအစိုးရထံသို့ သတင်းစကား ဟူ၍ “ဒီမူဆလင်တွေဟာ ကမ္ဘာကြီးငြိမ်းချမ်းရေး အတွက် သတင်းစကားတခု ရှိပေမယ့် သင်တို့ကတော့ သူတို့ကို သတ်ပစ်လိုက်တယ်… မူဆလင်များကို ဆက်လက် သတ်ဖြတ်နေပါက ကမ္ဘာပေါ်ရှိ မည်သည့်နေရာက ဗုဒ္ဓဘာသာဝင်များကို ကျွန်ုပ်တို့ ပစ်မှတ်ထားမည်။ … သင်တို့နိုင်ငံ ငရဲတွင်း ဖြစ်သွားစေမည်” ဟု အင်္ဂလိပ်ဘာသာဖြင့် ရေးသားသွားသည်ကိုလည်း တွေ့ရသည်။
အခြား မြန်မာ အင်တာနက် ဝဘ်ဆိုဒ်တခုဖြစ်သော www.planet.com.mm ကိုလည်း ဇူလိုင်လ ၂၆ ရက်နေ့က Akincilar အမည်ခံ ဟက်ကာတို့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး “ရက်စက်မှုများ ရပ်ပါ” နှင့် “မူဆလင် ဘာသာဝင်များကို ဖိနှိပ်မှုများ ဆက်လက်ပြုလုပ်နေပါက ခင်ဗျားတို့ system တွေ အားလုံးကို ဖျက်ဆီးပစ်မည်” ဟုလည်း ရေးသွားသည်။
Mizzima News

ကလေးအယောက်(၄၀)ခန့်ကို ပြည်အာဏာပိုင်တွေက တောနက်ထဲ သွားစွန့်ပစ်..

ကလေးအယောက်(၄၀)ခန့်ကို ပြည်အာဏာပိုင်တွေက တောနက်ထဲ သွားစွန့်ပစ်

 ပဲခူးတိုင်း ပြည်မြို့ ၊ မြကွမ်းတောင် ဘုရားကျောင်းဝင်းအတွင်း ဖွင့်လှစ်ထားသော ကရုဏာလက်များ ကွန်ယက်စာသင်ကျောင်းတွင် ပညာသင်ကြားနေကြသော အခြေအနေမဲ့ ကလေးအယောက်(၄၀)ခန့်ကို ဒေသခံအာဏာပိုင်တွေက ပြီးခဲ့တဲ့ စနေနေ့ည(၉)နာရီခန့်က ဖမ်းဆီးခေါ်ဆောင်သွားပြီး မိုင်(၁၀၀)ကျော်ဝေးတဲ့ ဥသျှစ်ပင် တောနက်ကြီးထဲမှာ သွားရောက်စွန့်ပစ်ခဲ့တာဖြစ်ကြောင်း သိရသည်။

ကလေးငယ်များကို ဖမ်းဆီး၍ စည်ပင်လူကြီး(၆)ယောက်နဲ့ ဆိုင်ကယ်စီးရဲ အယောက်(၂၀)လောက်က စည်ပင်အမှိုက်သိမ်းကားထဲ စုပြုံထည့်ပြီး ခေါ်ဆောင်သွားတာလို့ သိရပါတယ်။
ထို့နောက်ဓါတ်ပုံရိုက်ယူပြီး မိဘအမည်တွေ မေးမြန်းခဲ့ကြောင်း သိရသည်။ စွန့်ပစ်ခံကလေးငယ်တွေဟာ နှစ်ညအိပ် လမ်းလျှောက်ပြန်လာခဲ့ရပြီး သြဂုတ်လ(၇)ရက်နေ့ မနက်ပိုင်းမှာ ပြည်မြို့သို့ ရောက်ရှိကြတယ်လို့ သိရပါတယ်။
ကလေးတွေအား ပြည်ကိုပြန်လာရင် ထောင်ချပစ်မယ်လို့ စည်ပင်လူကြီးတွေက ခြိမ်းခြောက်ခဲ့ပြီး ရခိုင်ပြည်နယ်ကို သွားပါက အိမ်သစ်လုံးကြီးတွေ ၊ ဆန်တွေ ၊ မှတ်ပုံတင်တွေ ပေးမယ်လို့ ပြောခဲ့ကြောင်း အစွန့်ပစ်ခံရသည့်အထဲပါဝင်ခဲ့သည့် (၁၂)နှစ်အရွယ် မိန်းကလေးက ပြောသည်။
အစွန့်ပစ်ခံကလေးငယ်များဟာ ဖျားနာနေကြပြီး ၎င်းတို့ကို နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေး လှုပ်ရှားဆောင်ရွက်ရေးအဖွဲ့က ဆေးဝါးနှင့် အစားအသောက်တွေ ကူညီပေးထားတယ်လို့ သိရပါတယ်။

Sunday 5 August 2012

FEC ကို တစ်နှစ်အတွင်းရုတ်သိမ်းမည် ..


FEC ကို တစ်နှစ်အတွင်း (သို့မဟုတ်) ယခုနှစ်အတွင်း ရုတ်သိမ်းနိုင်သောအခြေအနေရှိ သည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ၁-၈-၂၀၁၂ရက်နေ့တွင် ကျင်းပသော ဘဏ္ဍာအခွန်ဝန်ကြီးနှင့် စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲတွင် တရားဝင်ပြောကြားခဲ့ပါတယ်။

FEC အသုံးဟာ လက်ရှိအနေဖြင့် အစိုးရဘီလ်တချို့ပေးဆောင်ရခြင်းနှင့် MFTB, MICB ဘဏ်များတွင် နိုင်ငံခြားအဖွဲ့အစည်းများမှ လွှဲပို့ငွေကို ပြန်ထုတ်ပေးခြင်းမျိုးတွင်သာအသုံးပြုပါတော့တယ်။ ဒီအတွက် FEC ရုတ်သိမ်းခြင်းဟာ ဈေးကွက်အပေါ် သက်ရောက်မှု အင်မတန်နည်းပါးတယ်လို့ သုံးသပ်မိပါတယ်။

မကြာမီမှာ Foreign Exchange Law အသစ်လည်း ထုတ်ပြန်တော့မယ်လို့ ၄င်းနေ့က ဘဏ္ဍာအခွန်မှ တရားဝင်ကြေငြာပါတယ်။ ၄င်းဥပဒေအသစ်ကို လွှတ်တော်သို့တင်ပြခဲ့ပြီး လွှတ်တော်မှ အတည်ပြုချက်ရပြီလို့လည်း သိရပါတယ်။

၎င်းဥပဒေအသစ်ကြောင့် FEC ကို ရုတ်သိမ်းမည်ဆိုလျှင် အခက်အခဲမရှိ ရုတ်သိမ်းနိုင်မည်ဖြစ်သလို၊ ပြည်တွင်းဈေးကွက်အတွက်လည်း သက်ရောက်မှုအနည်းဆုံးဖြင့် ရုတ်သိမ်းနိုင်မည်ဟု မျှော်လင့်ပါတယ်။

FEC လက်ဝယ်ကိုင်ထားသူများအနေဖြင့် အမေရိကန်ဒေါ်လာနှင့် တန်ဖိုးညီသော ပြန်လည်ပေးလျော်မှုကို ရရှိကြမှာဖြစ်ပါတယ်။


AGD Bank Facebook Page မှ

Thursday 26 July 2012

ကမ္ဘာနဲ့အ၀ှမ်း Gtalk သုံးမရ ...

ကမ္ဘာနဲ့အ၀ှမ်း သန်းချီတဲ့ အသုံးပြုသူတွေ သုံးနေတဲ့ messenger တခုဖြစ်တဲ့ Gtalk ၀န်ဆောင်မှုတွေ ကမ္ဘာနဲ့အ၀ှမ်း ပြတ်တောက်မှု ဖြစ်နေပါတယ်။


၂၆-၇-၂၀၁၂ ညနေလာက်ကနေစပြီး G-talk ကို သုံးမရတော့တာပါ။ ကိုယ့်ရဲ့ G-talk account မှာတော့ online ရှိနေပြီး ကိုယ့်ရဲ့ သူငယ်ချင်းတွေအားလုံးကို offline အနေနဲ့ပဲ မြင်ရပါတော့တယ်။ Offline message လည်း ပို့လို့ မရတော့ပါဘူး။

ဒါ့အပြင် Gmail, Google + စတာတွေကနေ ၀င်လို့ရတဲ့ Chat function တွေအားလုံးပါ ပြတ်နေတာ ဖြစ်ပါတယ်။


ဒီလိုပြတ်တောက်မှုတွေဟာ အိန္ဒိယ၊ မြန်မာ၊ ထိုင်း၊ UAE နဲ့ အင်္ဂလန်အပါအ၀င် နိုင်ငံတော်တော်များများမှာ ဖြစ်နေတာပါ။ တချို့နိုင်ငံတွေမှာတော့ ဒီနေ့မနက်ခင်းကတည်းက Google က ပေးထားတဲ့ ၀န်ဆောင်မှုတွေ၊ အထူးသဖြင့် G-talk နဲ့ G-mail Chat တွေဟာ အလုပ်ကောင်းကောင်းမလုပ်ဘူးလို့ ဆိုကြပါတယ်။


Google ကတော့ သူ့ရဲ့ App Status စာမျက်နှာမှာ G-talk ပြတ်ရတာကို သူတို့ သတိပြုမိကြောင်း၊ ပြဿနာအဖြေရှာပြီး အဆင်ပြေဖို့ ကြိုးစားနေကြောင်း၊ ဒါနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုလည်း ထုတ်ပြန်သွားပေးမယ်လို့ ရေးသားထားပါတယ်။

၎င်းပြတ်တောက်မှု့ ၃ နာရီ ခန့်အကြာတွင် ပြန်လည်အသုံးပြု၍ ရနိုင်ခဲ့သည် ။ 
 

Wednesday 25 July 2012

ဗေဒင်မေးလို့ရတယ် ..


 ဗေဒင် ၀ါသနာပါသူများအတွက် သတင်းကောင်း ...


ဗေဒင်မေးလို့ရပါတယ်-Free မေးမယ်ဆိုပြီး အပျော်မမေးပါနဲ့ တကယ်မေးချင်မှမေးပါ။ မြန်မာလိုဟေားပေးပါမယ် မှန်ရင်မှန်တယ်မှားရင်မှားတယ် ဝန်ခံပါ။ အမည် မွေးခုနှစ် မွေးလ မွေးရက် မွေးနေ့ ယ္ခု-နေထိုင်သော နိုင်ငံ တို့ကိုမှန်ကန်အောင်ပေးပါ။ ဒါမှဟေားစတမ်း မှန်မည်။

mingalarpar19@gmail.com သို့ E-mail ပို့ ၍ မေးနိုင်ပါသည် ။

                                    ရာဇ၀င်

Monday 16 July 2012

Call Centre ရဲ့ ဗေဒင်ဝန်ဆောင်မှု့ ...

                                                 
ရတနာပုံ Call Center ရဲ့ ဗေဒင်ဝန်ဆောင်မှုကဏ္ဍဖြစ်တဲ့ တားရော့ ဗေဒင်မေးခြင်း ၊ နက္ခတ်ဗေဒင်ဟောခြင်း အစရှိသဖြင့် ဟောပြောပေးလျက်ရှိရာ နေ့စဉ်အားဖြင့် မေးမြန်းသူအရေအတွက် နှစ်ထောင်ကျော်ရှိကြောင်း သိရသည်။

ရတနာပုံ Call Center ရဲ့ ဗေဒင်ဝန်ဆောင်မှုကို နေ့စဉ် မနက်(၈)နာရီမှ ညနေ(၅)နာရီအထိ ဝန်ဆောင်မှုပေးလျက်ရှိတာဖြစ်ပြီး ထိုဝန်ဆောင်မှုကို ဇွန်လ(၁၅)ရက်နေ့က စတင်ခဲ့တာဖြစ်ကြောင်း သိရသည်။

ရတနာပုံ Call Center ရဲ့ ၁၈၇၆သို့ ရတနာတယ်လီပို့၏ ဝန်ဆောင်မှုလုပ်ငန်း ၊ အထွေထွေစုံစမ်းမေးမြန်းမှု ၊ Online Ticking Service ၊  IT နည်းပညာအချက်အလက်များ နှင့် ရာသီဥတု ခန့်မှန်းချက်များကို ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

ကျန်းမာရေးဝန်ဆောင်မှု ၊ ဟိုတယ်ဝန်ဆောင်မှု ၊ အလုပ်အကိုင် ရှာဖွေရေးဝန်ဆောင်မှုများ ၊ ဗေဒင်ဝန်ဆောင်မှုများအတွက်ကိုမူ ဖုန်းနံပါတ် ၁၈၇၅ သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။
 အရေးတကြီး ဗေဒင် မေးလို သူများ အတွက် အလွန် အဆင် ပြေ လို့ တင် ပေးလိုက် တာပါ ။  ။
                               

ဂျပန်ရေဘေးကြောင့် အနည်းဆုံး ၂၆ ဦး သေဆုံး ...



Aerial view shows a flooded residential area after a river was flooded by heavy rains in Kyoto on Sunday. (PHOTO: Reuters)
တနင်္ဂနွေနေ့ ကျိုတိုမြို့ မြင်ကွင်း (ဓာတ်ပုံ-Reuters)


မိုးအကြီးအကျယ် ရွာသွန်းပြီး မြေပြိုတဲ့ဒဏ် ခံခဲ့ရတဲ့ ဂျပန်နိုင်ငံတောင်ပိုင်းမှာ သေဆုံးသူ အရေအတွက်ဟာ အနည်းဆုံး ၂၆ ဦး ရှိသွားပါပြီ လို့ အာဏာပိုင်တို့က ဆိုပါတယ်။

လူဦးရေ တသန်းလောက်ကို နေရာရွှေ့ပြောင်းခဲ့ရပေမယ့် အခုတော့ အများအပြားကို အိမ်ပြန်ခွင့်ပြုခဲ့ပါပြီ တဲ့။

ဒါပေမယ့်လည်း မြေပြို၊ သစ်ပင်ကြီးတွေ လဲပြီးတဲ့နောက် တောင်ထူထပ်တဲ့ဒေသများမှာ လမ်း ပိတ်နေကြတာကြောင့် ထောင်ပေါင်းများစွာသော ဒေသခံတွေ အိမ်မပြန်နိုင်ကြသေးပါဘူး။

သေဆုံးသူတွေထဲမှာ အများစုက အသက် ၇၀၊ ၈၀ ကျော်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

Sunday 8 July 2012

လေဖြတ်မည့် ရှေ့ပြေးလက္ခဏာ (၁၀)ချက်....

၁။ ဦးခေါင်းနောက်စေ့တွင် ခေါင်းကိုင်ခြင်း၊ မကြာခဏ မူးဝေခြင်း။
(Sub occipital headache)

၂။ ခြေ,လက်တို့တွင် မကြာခဏ ကျဉ်ခြင်း၊ ကိုယ်လက် လေးလံထိုင်းမှိုင်းခြင်း။
(Tingling sensation of limbs)

၃။ မျက်ခွံနှင့် မျက်နှာကြွက်သားတို့ ဆတ်ခနဲလှုပ်ခြင်း၊ အသားကွက်၍ တဆတ်ဆတ်လှုပ်ခြင်း။
(Fluttering or Tic of eyelids and facial muscles)

၎။ မကြာခဏ ဝမ်းချုပ်ပြီး ဗိုက်တွင်လေပွနေခြင်း။
(Occassional constipation and fluctuation)

၅။ ညအိပ်ချိန် ကျဉ်ထုံခြင်း လန့်နိုးခြင်း။
(Tingling and numbress of limbs during sleep)

၆။ ဆီး အနီရောင်သွားခြင်း။
(Redness discolouration of urine)

၇။ ပစ္စည်းများကိုင်လျှင် မမြဲခြင်း၊ မကြာခဏ လွတ်ကျတတ်ခြင်း။
(Freguent fall down of objects when bandling)

၈။ ဘယ်ဘက်လက် ကိုက်ခဲပြီး လက်မတွင် ထုံခြင်း၊ ဘယ်ခြေဆွဲခြင်း။
(Tingling and aching sensation of left upper limbs, thumb and lower limbs)

၉။ အမျိုးသားများ အသက် ၄၅-နှစ်ကျော်လျှင် ရက်ရှည် ခြေ,လက် ထုံကျဉ်ခြင်း။
(Male over 45yrs,numbers sensation longtime)
အမျိုးသမီးများ သွေးဆုံးချိန်တွင် ခြေ,လက်များ ထုံကျဉ်ခြင်း။ လက်ညှိုး၊ လက်ခလယ် ကွေးရာမှ ချက်ချင်းဆန့်မရခြင်း။
(Numbness sensation during menolpasuse)

၁၀။ ရေချိုးပြီးလျှင် မျက်စိများ ကြာမြင့်စွာ နီရဲခြင်း။
(Redness of eye after bath (or) Conjunctivities after bath)

ကြိုတင်သိရှိပြီး လူသားများအားလုံး လေဖြတ်ခြင်း မှ ကာကွယ်နိုင်ကြပါစေ.....


မှ ဝေမျှပါသည်-။

Monday 18 June 2012

Bangladesh Cyber Army မှ Myanmar Website အား Hack ရန်ကြိုးစားလျက်ရှိ ...


7378
Bangladesh Cyber Army အဖွဲ့၏ Facebook စာမျက်နှာ

အစိုးရ၀က်ဘ်ဆိုက်အချို့နှင့် ပြည်တွင်းရှိ ၀က်ဘ်ဆိုက်အချို့အား ဘင်္ဂလားဒေရှ့်မှ Hacker အဖွဲ့နှစ်ခုမှ ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်းအား ၄င်းအဖွဲ့နှစ်ခု၏ Facebook စာမျက်နှာများတွင် ဇွန်လ ၁၈ရက်နေ့၌ ကြေငြာထားသည်။ အဆိုပါအဖွဲ့နစ်ခုမှာ Bangladesh Cyber Army အဖွဲ့နှင့် Bangladesh Black HAT Hackers အဖွဲ့တို့ဖြစ်ကြောင်း သိရှိရပါသည်။
 Bangladesh Cyber Army အဖွဲ့မှ ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ထားသည့် အစိုးရအဖွဲ့ အစည်းမှ ၀က်ဘ်ဆိုက်များမှာ ဆောက်လုပ်ရေး ၀န်ကြီးဌာန၏ www.construc tion.gov.mm  ၀က်ဘ်ဆိုက်၊ သစ်တောရေးရာ ၀န်ကြီးဌာန၏ www. myanmar teak.gov.mm ၀က်ဘ် ဆိုက်များနှင့် အခြားဆိုက်များဖြစ် သည့်  www.myanmar.gov.mm, www.myancoop.gov.mm, www.csostat.gov.mm,ww w.moai.gov.mm စသည့်ဝက်ဘ် ဆိုက်များလည်း ပါဝင်သည်။ ပြည်တွင်းရှိ ဆိုက်ဘာတိုက်ခိုက်မှု ခံရသည့် ပုဂ္ဂလိက ၀က်ဘ်ဆိုက် ပေါင်း၃၀ကျော်ရှိ ပြီး ၄င်းဆိုက်များတွင် ခရီးသွားကုမ္ပဏီအချို့၏ ၀က်ဆိုက်များ၊ မန္တလေး ဆေးတက္ကသိုလ်၏ www. ummdy.org ၀က်ဘ်ဆိုက်၊ ပြည်တွင်းရှိ နာမည်ကြီးဟိုတယ်များ၏ ၀က်ဘ်ဆိုက်များဖြစ်သည့် http://baganhotelriverview.com/, http://royal-ayeyarwaddy.com/ စသည့် ၀က်ဘ်ဆိုက်များလည်း ပါဝင် ကြောင်းသိရသည်။
ထို့အတူ Bangladesh Black HAT Hackers အဖွဲ့မှ မြန်မာနိုင်ငံတော်ဗဟိုဘဏ် (http://www.cbm.gov.mm) ကို တိုက်ခိုက်လိုက်ကြောင်း ၄င်းတို့၏ Facebook မှတစ်ဆင့် ကြေညာခဲ့ပါသည်။ ထို့အပြင် နိုင်ငံကူလက်မှတ်ထုတ်ပေးရေးဌာန ၏ ၀က်ဆိုက် http://www.passport.gov.mm နှင့် အကောက်ခွန်ဦးစီးဌာန၏ ၀ဘ်ဆိုက် http://myanmarcustoms.gov.mm တို့ကိုလည်း ဆက်လက် တိုက်ခိုက်ခဲ့ကြောင်း အဆိုပါ Hacker အဖွဲ့၏ Facebook တွင် ဖေါ်ပြထားပါသည်။
အဆိုပါ ဆိုက်ဘာတိုက်ခိုက် မှုများနှင့်ပတ်သတ်၍ “အင်တာနက်မှာ DDOs (Distributed Denial of service ) နဲ့ တိုက်တာတွေကတော့ အမြဲလိုလိုရှိပါတယ်။ မကျေနပ်တဲ့သူတွေက သူတို့ရဲ့မကျေနပ်ချက် တွေကို အဲလိုနည်းနဲ့ ဖော်ထုတ်ကြတယ်။ ဘာမှထူးခြားတာလဲ မဟုတ်သလို ဘယ်သူ့အတွက်မှလည်း အကျိုးမရှိပါဘူး။ ကျွန်တော်တို့ဘက်က ဒီလိုအတိုက်မခံရအောင် ဆိုက်လုံခြုံရေးအပိုင်းကို အမြဲဂရုစိုက်ရမယ်။ပြီးရင် DDOs ကိုခုခံနိုင်တဲ့ Router  မျိုးတွေပိုပြီးများများ သုံးရမယ်။ ဟိုး ၂၀၁၀ တုန်းက DDOs တစ်ခါဖြစ်ပြီး ကတည်းကတော့ DDOs ခံနိုင်တဲ့  Router  တွေနဲ့ DDOs ခံနိုင်အောင်  Network ပုံစံတွေပြောင်းထားသေးတယ်။ ဒါပေမယ့် မလုံလောက်သေးဘူး ထင်တယ်။ Bandwidth ကလည်း နည်းနေသေးကိုး။ အတိုက်ခံတဲ့ ဆိုက်အများစုက လုံခြုံရေးအား နည်းတာရယ်။ တစ်ချို့ဆိုက်တွေက ဗိုင်းရပ်စ်ရှိတာကြောင့်ပါ။ လုံခြုံရေး အပိုင်းကို ဂရုစိုက်သင့်ပါတယ်” ဟု  Internet Society Myanmar Chapter အဖွဲ့မှ ကိုရာဗီက ပြောကြားသည်။

Sunday 27 May 2012

ကျား - မ ဟာသ ...



အိုဘယ့် မိန်းမ

ရုပ်အဆင်းလှရင် အချက်အပြုတ်မကျွမ်း၊
ချက်တာပြုတ်တာ ကျွမ်းကျင်တော့ မနူးညံ့ပြန်၊
နူးညံ့နွဲ့နှောင်းတော့ ကိုယ်ပိုင်အတွေးအခေါ်က မရှိ၊
ကိုယ်ပိုင်အတွေးရှိတာကျတော့ ယောက်ျားဆန်၊
မိန်းမပီပီနေတော့ အသုံးအဖြုန်းကကြီး၊
ချွေတာစုဆောင်းတတ်တာကျတော့ ခေတ်ရေစီးကို လိုက်မမှီ၊
ခေတ်မှီတာကျတော့ စိတ်မချရ၊
စိတ်ချရတာကျတော့ ဘယ်လိုမှ ကြည့်လို့မလှပြန်။
ဟာသ ဟာသ ဟာသ ဟာသ ဟာသ ဟာသ ဟာသ ဟာသ ဟာသ

အိုဘယ့် ယောက်ျား

အရည်အချင်းရှိရင် ရုပ်ဆိုးမယ်၊
ရုပ်ချောရင် ငွေမရှာတတ်ဘူး၊
ပိုက်ဆံရှာတတ်ရင် အိမ်ထောင်ရေးကို အလေးမထားပြန်ဘူး၊
အိမ်ထောင်ရေးပိုင်းမှာ ဖိစီးပြန်ရင် တခြားကိစ္စမှာ မဖြစ်ထွန်းဘူး၊
အရာရာ ဖြစ်ထွန်းအောင်မြင်တယ် ဆိုတဲ့လူမျိုးကျတော့ အနုအရွလေးတွေနဲ့ရိုမက်တစ်မဆန်တတ်ပြန်ဘူး၊
အီစီကလီကျွမ်းကျင်ပြီး ရိုမက်တစ်ဆန်တတ်ပြန်တော့ စိတ်ချအားကိုးလို့ရဘူး၊
အားကိုးရတဲ့ လူမျိုးကျတော့ ခိုင်းစားလို့ရရုံကလွဲပြီး ဘိုသီပတ်သီနဲ့
အပေအတေတစ်ယောက်လိုနေမယ်။
ဟာသ ဟာသ ဟာသ ဟာသ ဟာသ ဟာသ ဟာသ ဟာသ ဟာသ

ဒါကြောင့်..

ပါးနပ်တဲ့ယောက်ျားနဲ့ ဥာဏ်ရှိတဲ့မိန်းမတွေ့ရင် ရိုမက်တစ်ဆန်တဲ့ အချစ်မျိုး
ဖြစ်လာနိုင်တယ်။
ပါးနပ်တဲ့ယောက်ျားနဲ့ အူတူတူမိန်းမနဲ့ဆိုရင် တိတ်တိတ်ပုန်းအချစ်တွေ
ဖြစ်လာနိုင်တယ်။
ဥာဏ်ရှိတဲ့မိန်းမနဲ့ တုံးအတဲ့ယောက်ျားတွေ့ရင်တော့ အိမ်ထောင်ပြုသွားနိုင်မယ်။
ယောက်ျားရော မိန်းမပါ ငထုံငအတွေ ဆိုရင်တော့ ကိုယ်ဝန်ရသွားနိုင်ပါတယ်...တဲ့..။
ဟာသ ဟာသ ဟာသ ဟာသ ဟာသ ဟာသ ဟာသ ဟာသ ဟာသ

ပြီးတော့....

မိန်းမတွေဟာ အနာဂတ်အတွက်စိတ်ပူကြတာ ယောက်ျားရသွားတဲ့အထိပဲ။
ယောက်ျားတွေကျတော့ မိန်းမ မရမချင်း အနာဂတ်ဆိုတာကို ခေါင်းထဲမထည့်ကြဘူး။
အောင်မြင်တဲ့ယောက်ျား ဆိုတာ သူ့မိန်းမသုံးဖြုန်းတာထက်ပိုရှာနိုင်တဲ့လူကိုခေါ်တာ။
အောင်မြင်တဲ့မိန်းမကျတော့ အဲသလိုယောက်ျားမျိုးရှာနိုင်သူ ကို ခေါ်တာ တဲ့။

ဟာသ ဟာသ ဟာသ ဟာသ ဟာသ ဟာသ ဟာသ ဟာသ ဟာသ

Tuesday 22 May 2012

မိန်းကလေး အစစ်လေလား ..

တကယ်တော့ သူက စက်ရုပ်မလေး Geminoid F ပါ ။ သူက စကားလည်း ပြောတတ်သလို သီချင်းလည်း ဆိုတတ်ပါ တယ်။ သူများအသံတွေကိုလည်း လိုက်လုပ်တတ်ပါသေးတယ်။

ပြုံးကာ၊ ရယ်ကာနဲ့လည်း မျက်နှာ အမူအရာပေါင်း ၆၅ မျိုးကိုလည်း လုပ်တတ်ပါတယ်။ တကယ့်လူသားလေး လို အရမ်းတူနေတာကြောင့် သူ့ကို သက်ရှိ အရုပ်လေးလို့လည်း တင်စားထားပါတယ်။

ဟောင်ကောင်မှာ ကျင်းပတဲ့ Hong Kong's "Robots in Motion 2012" Expo မှာ ပြသမိတ်ဆက်ထား တာလည်း ဖြစ်ပါတယ်။ ဂျပန်သီချင်းလည်း သူက ဆိုပြပြီး ပရိတ်သတ်ကိုလည်း ပြုံးရွှင်ဖော်ရွေစွာနဲ့ နှုတ်ဆက်ပါ တယ်တဲ့။

သူ့အသားအရေကတော့ အလွန်နူးညံ့တဲ့ ရော်ဘာနဲ့ လုပ်ထားတာဖြစ်ပြီး စက်ယန္တရားနဲ့ သူ့ကို တီထွင်ခံထားရပေ မယ့် သူ့ ရည်မှန်းချက်ကို သူက ပြောတာကတော့ သိပ်ထူးဆန်းပါတယ်။
သူဟာ တကယ့် လူအစစ်တွေလို့ ထင်အောင် အထိ စက်ရုပ်တွေကို ဖန်တီးဖို့ ရည်မှန်းထားပါတယ်တဲ့။
သူ့ကို Osaka University ဆိုတဲ့ တက္ကသိုလ်ကြီးက စက်ရုပ် ဖန်တီးသူ Hiroshi Ishiguro ထုပ်လုပ်ခဲ့တာပါ။သူ့ရဲ့ တန်ဘိုးကတော့ အမေရိကန် ဒေါ်လာ ၁ သိန်း ၁ သောင်း ပဲ ရှိတာကြောင့်
ဈေးလည်း ချိုပါတယ်တဲ့။

သူ့ကို ဖန်တီးခဲ့တဲ့ ပရော်ဖက်ဆာ Prof Ishiguro ကတော့ တနေ့နေ့ တချိန်ချိန်မှာ လူတွေက စက်ရုပ်တွေကို တကယ့် လူအစစ်တွေလို့ ယုံကြည်လာစေရမယ်လို့ ဆိုထားပါတယ်။

သူကတော့ စက်ရုပ်ကို လူအဖြစ် ထင်မှတ်မှားလာအောင် ဖန်တီးတာ ဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ လူစင်စစ်တွေ ကို စက်ရုပ်တွေအဖြစ် မြင်တွေ့နေရတာ ဖြစ်ပါတယ်။

ခေါ်ရင်လာ၊ ခိုင်းတာလုပ်၊ ခံမပြောတဲ့ စက်ရုပ်တွေ မြန်မာ့ လူ့ အဖွဲ့အစည်းထဲက အစိုးရ ၀န်ထမ်းတွေထဲမှာ တွေ့နိုင်ပါတယ်။
သတင်းရင်းမြစ် - ဧရာဝတီ
 

Sunday 20 May 2012

Mr. Bean နဲ့ မြန်မာ့ရိုးရာဂီတ ...


                           ရုပ်သံမှာ ရှုစား နားဆင်နိုင်ပါပြီ။

                 ဟုတ်ပါတယ်၊ Mr. Bean နဲ့ မြန်မာ့ရိုးရာဂီတ ဖြစ်ပါတယ်။

                        ရာဇ၀င်

ပန်းငုံလေးတွေ ဖူးပွင့်ကြစေ ...


ဒီဆာင်းပါး ကို တင်ဖို့ပြင် နေတာတော့ ၁ ပတ်လောက်ရှိပါပြီ။အလုပ် မအားတာ နဲ့ မတင်ဖြစ်ခဲ့တာပါ ။ဒီနေ့တော့ ပြန်ဖတ်ရင်း တင်ပေးလိုက်ပါတယ် ။  .။

ရန်ကုန်မြို့မှ ညဥ့်ငှက်ကလေးများ (ဓာတ်ပုံ - Felix Features)
ရန်ကုန်မြို့ ဒဂုံမြို့နယ် အတွင်းရှိ အခန်းပေါင်း နှစ်ဆယ် ပါဝင်သည့် ခပ်လတ်လတ် ဟိုတယ် တခုထဲသို့ စုံတွဲတတွဲ ၀င်လာသည်။ ညနေ လေးနာရီ ၀န်းကျင်။ ဟိုတယ်အမည်ခံ အချိန်ပိုင်း အခန်းငှားသည့် တည်းခိုခန်းများရှိ ၀န်ထမ်း အားလုံး နားလည်ပြီးသား ဖြစ်ပါသည်။ ဧည့်သည်ကို မျက်လုံးချင်း မဆုံစေရ။ လိုအပ်သည့် စကားသာ ပြောရမည်။ အကဲခတ်မကြည့်ရ။ ဧည့်သည် အကြောင်းကို အချင်းချင်း သော်လည်းကောင်း၊ အပြင်ကို သော်လည်းကောင်း လုံးဝမပြောရ။

လက်ခံကောင်တာရှေ့ ရှိကြွေပြားများကို အ၀တ်တံမြက်စည်းနှင့် မတ်တတ်ရပ်ရင်း ပွတ်တိုက် နေသည့် မအိတာ၏ မြင်ကွင်းထဲသို့ ခြေထောက် ဖောင်းဖောင်းလေး တစုံဝင်လာသည်။ ခြေညှပ်ဖိနပ် ဖြူဖြူလေး စီးထားသည့် ခြေဖမိုးပေါ်မှာ ဘဲခေါင်းစိမ်းရောင် လုံချည် ပျော့လေး ပုံကျနေသည်။ ထိုမှတဆင့် သော့ချိတ် ကလေးများနှင့် အပြာရောင် ကျောပိုးအိတ်လေး။ စာအုပ်တချို့ကိုပိုက်ထား သည့် လက်ကလေးများ။ လက်မောင်းနှင့် ရင်ဘတ်မှာ တံဆိပ်တချို့တပ်ထားသည့် အင်္ကျီဖြူ ။ မအိတာ မလုပ်သင့်တာကို လုပ်လိုက်မိသည်။ ဧည့်သည် မိန်းကလေး၏ မျက်နှာကို ခပ်ရှန်းရှန်းကြည့်လိုက် သည်။ ပုခုံး မရောက် တရောက် ဖြောင့်စင်းစင်း ဆံပင်နက်ကလေး နှင့် မိန်းကလေးမှာ အသက် ဆယ့်ငါးနှစ်ထက် ပိုပုံမရ။ မအိတာ သက်ပြင်းချလိုက်ရင်း ကြွေပြားများကိုသာ ခပ်ဖိဖိဆက်ပြီး တိုက်နေလိုက်သည်။

တနာရီခွဲခန့် ကြာသောအခါ ဧည့်သည်များ ထွက်သွားသည့် အခန်းကို ရှင်းရန် မန်နေဂျာ အစ်မက မအိတာကို ခေါ်ပြောသည်။ အခန်းထဲ ၀င်လိုက်တော့ ခုတင်ဘေးက စားပွဲပေါ်တွင် ပုံနှိပ်စာအုပ်တချို့ ရှိနေသည်။

၂၀၀၂ ခုနှစ်မှာ ဆယ်တန်းကျပြီး ကျောင်းထွက်ခဲ.ရသည့် မအိတာ Grade 10 ဆိုတာ ဆယ်တန်းလား၊ ကိုးတန်းလား မသိပေမယ့် အထဲက စာနှင့် ပုံများကြောင့် န၀မတန်း ဇီဝဗေဒ ဖတ်စာအုပ်မှန်းတော့ သိပါသည်။ အခန်းရှင်းပြီး ကျန်ခဲ့သည့် စာအုပ်ကို အပ်ရန် ယူလာစဉ် စောစောက အဖြူအစိမ်း
ကောင်မလေး ကောင်တာမှာ ရပ်နေသည်ကို တွေ့ရသည်။

“သြော် အဲဒါ သမီးစာအုပ်တွေ မကြီး။ ရှင် ဟုတ်ကဲ့။ လေးအုပ်ပါ။ ယူသွားမယ်နော်။ ကျေးဇူးတင်ပါတယ် မကြီး။ ဘယ်လိုမှသဘော မထားပါနဲ့နော်။ သမီးလက်ဆောင်ပေးတာပါ”ဟု ဆိုပြီး မအိတာ လက်ထဲကို ကျပ် ၁၀၀၀ တန် တရွက် အတင်း ထိုးထည့်ရင်း ပြော ပြောဆိုဆိုနှင့် ခပ်သုတ်သုတ် ပြန်ထွက် သွားသည်။
ဟိုတယ်နှင့် တည်းခိုခန်းများသို့ အချိန်ပိုင်း လာရောက်ကြသော စုံတွဲများတွင် အမျိုးသမီးငယ်များ၏ အသက်သည် ဆယ်ကျော်သက် ၀န်းကျင်များဖြစ်လာကြသည်ဟု သိရသည်။ သမီးရည်းစား အနေနှင့် လာသော စုံတွဲများဖြစ်စေ၊ အခကြေးငွေနှင့် ခေါ်လာ သော စုံတွဲများဖြစ်စေ မိန်းကလေးများသည် ခပ်ငယ်ငယ်သာ များသည်။

သမီးရည်းစားအနေနှင့် လာသည့် စုံတွဲများတွင်ပင် ယောက်ျားလေးက မိန်းကလေးထက် အတန်ငယ်အသက်ကြီးပုံရပြီး တခြား စုံ တွဲများသည်ကြည့်ရုံနှင့်ပင် အသက် သုံးဆယ်ထက် မနည်း ကွာဟကြောင်း သိနိုင်သည်ဟု တည်းခိုခန်း ၀န်ထမ်းများ၏ ပြောပြချက် အရ သိရသည်။
ဟိုတယ်သို့ တဦးတည်း ပုံမှန်လာသော အမျိုးသားများအတွက် အဖော်ရှာပေးရသော ဟိုတယ်ဝန်ထမ်း အမျိုးသားတဦးက“ကျနော် တို့နဲ့ ချိတ်ထားတဲ့ အထဲမှာ ခပ်ငယ်ငယ်လေးတွေတော့ ရှိပါတယ်။ ၁၆နှစ်ကတော့ အငယ်ဆုံးပဲ။သူတို့ဘာသာ ခေါ်လာတာ လေး တွေက ပိုတောင်ငယ်သေးတယ်။ အခုခေတ်က အသက်၂၀ကျော်ရင် အွတ်ပြီလေ(အရွယ်ဟိုင်းသွားခြင်းကို ဆိုလိုသည်)”ဟုပြော သည်။

လိင်အလုပ်သမ အဖြစ် လုပ်ကိုင်ကြသည့် အမျိုးသမီးငယ်အများစုသည် ဘီယာဆိုင်တွင် သီချင်းဆိုရင်း၊ ဆေးလိပ်နှင့် အရက် အရောင်းမြှင့်တင်ရေး ၀န်ထမ်းအဖြစ် လုပ်ကိုင်ရင်း၊ ကေတီဗီနှင့် အနှိပ်ခန်း စသည့် ယောက်ျားများနှင့် လက်ပွန်းတတီး ထိတွေ့ ဆက်ဆံရသည့် လုပ်ငန်းခွင်များမှတဆင့် ထိုလမ်းကြောင်းပေါ်သို့ အလွယ်တကူရောက်လာကြသည်ဟု ကာယကံရှင်နှင့် နီးစပ် သည့် အသိုင်းအ၀ိုင်း၏ ပြောပြချက်များအရ သိရသည်။

မိသားစု စီးပွားရေး အဆင်မပြေမှုကို မနိုင်ဝန်ထမ်းရခြင်းနှင့် အများနည်းတူ သုံးစွဲဝတ်စားချင်သည့် စိတ်ဆန္ဒတို့ သည် မိန်းကလေး ငယ် များအား ထိုလမ်းကြောင်းပေါ်ရောက်စေသည့် အကြောင်းများဖြစ်သည်။ အုပ်ထိန်းသူပေါ့လျော့ခြင်း၊ အသက်မပြည့်ခင် အိမ် ထောင်ပြုခြင်း၊ အိမ်ထောင်ပြိုကွဲခြင်း၊ မက်လုံးပေး စည်းရုံးသိမ်းသွင်း ခံရခြင်းများလည်း ပါဝင်သည်။

“သမီးက အရင်က မာဆတ်မှာ လုပ်တာ။ တနေ့လုံး ညောင်းချိထူပူနေအောင် နှိပ်မှ ကော်မရှင်က ဘယ်လောက်မှ ရတာ မဟုတ် ဘူး။ လုပ်ခါစကတော့ တော်တော်ရှက်တာ။ ဒါပေမယ့် ဧည့်သည်က အအေးထဲမှာ ဘာထည့်တိုက်လိုက်လဲ မသိဘူး။ အဲဒီတော့မှစိတ်ထဲမှာ ရဲသွားတာ။ မာဆတ်က မဟုတ်ဘဲ ပလိန်းကြီးလိုင်းဝင်သွားတဲ့ သူတွေလည်း ရှိပါတယ်။ ဒီလိုပဲပေါ့”ဟု ပြောပြသည့် အသက် ၁၆ နှစ်ခန့်ရှိ စနိုး ၏ ပုံစံက ပေါ့ပေါ့ပါးပါးပင်။

ပုံပန်းမကျသည့် ဆံပင်ကျဲကျဲ၊ ငယ်နုသည့်မျက်နှာနှင့် ဘာမှပြင်ဆင်ခြယ်သ ထားခြင်းမရှိသည့် မိညိုက စကပ်တိုတိုနှင့် ကားမှတ် တိုင်မှာ ထိုင်နေသည်။ တရပ်ကွက်တည်းနေ အမျိုးသမီးကြီးက သူ့အကြောင်းကို ဖောက်သည်ချသည်။

“ကလေးမလေးက သိပ်ကျပ်မပြည့်ဘူး။ သူ့အမေအသုံးမကျလို့ ဖြစ်ရတာ။ ရူးတူးပေါတောနဲ့ သူ့အကြောင်းတွေမေးရင် အကုန်ပြော တာ။ နိုင်ငံခြားသားကြီးက ချမ်းချမ်းစီးစီးကြီးမှာ ရေချိုးခိုင်းတာ။ ချမ်းလည်း ချိုးရတယ်တဲ့။ သူ့ ရွံလို့ နေမှာပေါ့။ ဖွံ့ဖွံ့ထွားထွားလည်း မဟုတ်ပါဘူး။ ငယ်ဂုဏ်လေးရှိလို့ ခေါ်ကြတာ”ဟု မိညို မကြားနိုင်လောက်သော်လည်း အမျိုးသမီးကြီးက အသံကို နှိမ့်ပြီး အနားကပ် ပြောသည်။

“အဘောရှင်းလည်း နှစ်ခါဖြစ်ဖူးတယ် လေ။ အဲဒါတောင် ကြာကြာ မနားလိုက်ရပါဘူး။ ပိုက်ဆံပြန်ရှာရတာပဲ။ သနားဖို့လည်း ကောင်း ပါတယ်”ဟု အမျိုးသမီးကြီးက ဆက်ပြောပြသည်။
လိင်အလုပ်သမ အဖြစ် အမြဲတစေ အသက်မွေးရန် မရည်ရွယ်ဘဲ တကြိမ် အစပြုလိုက်ရာမှ အစရှိနောင်နောင် ဆိုသကဲ့သို့ မထူးဇာတ် ခင်းကြရသည့် မိန်းကလေးငယ်တချို့လည်း ရှိသည်။

တည်းခိုခန်း လုပ်ငန်းများရှိသော ရန်ကုန်မြို့လယ် မြင်ကွင်း (ဓာတ်ပုံ - notesfromawanderingtraveller.blogspot.com)

ထို မိန်းကလေးများသည် အကင်ရောင်းသည်။ တချို့က ဂေါက်ကွင်းတွင် ကယ်ရီလိုက်သည်။ တချို့က အရောင်းဝန်ထမ်း။ အရောင်းအ၀ယ်ပါးပြီး အကင်များ မကုန်သည့် ရက်များ ဆက်လာသောအခါ၊ ဂေါက်ကွင်း လူမလာ၍ လက်ဗလာနှင့် အိမ်ပြန်ရ သော အခါများတွင် သူတို့ အိမ်ပြန် နောက်ကျကြလေသည်။

သို့သော် အတန်အသင့် ပြည့်ဖောင်းသော ပိုက်ဆံအိတ်ငယ် ကိုယ်စီနှင့် ဖြစ်သည်။ ထိုငွေသည် သုံးလေးရက်စာ အိမ် အသုံး စရိတ် ပြေလည်စေပြီး ရံဖန်ရံခါ သဘောကျသည့် အ၀တ်ဆန်းကလေးများ ၀ယ်ရသည်ထက်တော့ ဘာမှ မပိုခဲ့ပါ။

“တညလုံး ရှာလာတဲ့ ပိုက်ဆံကို မနက်ကျတော့ အဆောင်မှာအတူတူနေတဲ့ ကောင်မလေးတွေနဲ့ ဖဲရှုံးသွားတဲ့ ရက်တွေလည်းရှိဖူး တယ်”ဟု လူသိများသည့် နာမည်ကြီး တံဆိပ် ဘီယာ အရောင်းမြှင့်တင်ရေး ၀န်ထမ်း ကောင်မလေး၏ ပြောစကားဖြစ်သည်။

အဌမတန်း အရွယ်မှာ အိမ်ထောင်ကျပြီး အလုပ်လက်မဲ့ ခင်ပွန်းဖြစ်သူနှင့် ပေါင်းသင်းနေသူ ချစ်ယု(အမည် အပြည့်အစုံမဟုတ်)၏ လက်ရှိ အလုပ်ခွင်က အနှိပ်ခန်းတခုတွင် ဖြစ်သည်။ အိမ်ထောင်သက် ၂ နှစ် ရှိပြီဖြစ်သည့် သူမကတော့ အလုပ်သွားတိုင်း လိုက်ပို့ လိုက်ကြို ပေးသော သူ့ထက် ၅ နှစ်ကြီးသည့် သူမ၏ အိမ်ဦးနတ်ကို ချစ်သည်ဟု ဆိုပါသည်။

အဆောင်ငှားခ ပေးရန် ပိုက်ဆံပြတ်လပ်ခိုက် သူငယ်ချင်းတယောက် အဆက်အသွယ်ဖြင့် ပထမဆုံး အတွေ့အကြုံကို ငွေကျပ် နှစ် သိန်း နှင့် လဲလှယ်ခဲ့သော တက္ကသိုလ် ဒုတိယနှစ် ကျောင်းသူတဦးလည်း ရှိကြောင်း ချစ်ယု၏ သူငယ်ချင်းကတဆင့် သိရသည်။

နယ်မှရန်ကုန်သို့လာရောက်နေထိုင်အလုပ်လုပ်သူ မိန်းကလေးများသည်သာမာန်အသုံးစရိတ်အပြင် အဆောင်ငှားခနှင့် စားစရိတ် ပါ ပိုမိုကုန်ကျလေသည်။ ထို့သို့သောအထည်ချုပ်စက်ရုံဝန်ထမ်း မိန်းကလေးတချို့နှင့်လခစားဝန်ထမ်း မိန်းကလေးတချို့သည်အဖိုးနည်းဝန်ပါ စပွန်ဆာပေးသူများနှင့် ပတ်သက်ရလေသည်။

အိမ်တဆောင်မီးတပြောင်မဟုတ်သော်လည်း အဆောင်ငှားခနှင့်စက်ရုံမှ တလစာနီးပါး ပိုက်ဆံတို့သည် အမြဲတမ်း မဟုတ်သည့် ရံဖန်ရံခါ လိုက်လျောမှုများနှင့် ထိုက်တန်ပါသည်ဟု ချုပ်ထည်ပါးလို့ ညည်းညူနေသည့် မိန်းကလေးငယ်တချို့က ခပ်ဆိုင်းဆိုင်းဖြေ သည်။

ဟိုတယ်သို့ လာသော ကောင်မလေးငယ်ငယ်လေးများကို တွေ့ရဖန် များလာသောအခါအလုပ်ထွက်ချင်စိတ်ပင် ပါက်သည်ဟု မအိတာက ပြောသည်။

ဧည့်သည် အ၀င်များလျှင် မုန့်ဖိုးပိုရသည်မှန်သော်လည်း ထိုမိန်းကလေးများ၏ ပိုက်ဆံကို သူမယူရက်တာ မှန်သောသစ္စာပါဟု ဆို သည်။ မအိတာ တခါတခါ တွေးမိတာက သူတို့ နောင်တချိန် လင်ကောင်းသားကောင်းမှရပါ့မလား။ အသက်ကငယ်တော့ အမှု အခင်းတွေများ ဖြစ်မလား၊ ကျန်းမာရေးကိစ္စတွေ ဘယ်လိုများဖြစ်မလဲ ဆိုတာပါတဲ့။

မအိတာက သူတို့ ဟိုတယ်အနောက် အပြင်ဘက်က ခုံတန်းမှာထိုင်ရင်း၊ တထောင် တန် အသစ်ကလေးကို ထုတ်ပြရင်း“ကျမ အိမ်မှာ မဟာစည် သာသနာ့ရိပ်သာ အတွက် ရည်စူးပြီး တနှစ်စာထည့်ရတဲ စုဘူး ရှိတယ်။ သူတို့ပေးတဲ့ မုန့်ဖိုး ရလာတိုင်း မသုံးဘူး။ စုဘူးထဲ ထည့်တယ်။ သူတို့ကတော့ ဒီဘ၀က ကျွတ်ချင်လား မကျွတ်ချင်လား မသိဘူး။ ကျမကတော့ ထည့်တိုင်း အသံ ထွက်ပြီး ဆုတောင်းတယ်။ နောင်ဘ၀မှာတောင် မဟုတ်ပါဘူး။ အခုဘ၀မှာတင် ဒီလိုမလုပ်စားရဘဲ အဆင်ပြေပါစေ။ ထီရင်လည်း ပေါက်ကြပါစေ။ "ဘ၀ဆက်တိုင်း ဒီလိုအဖြစ်မျိုးနဲ့ ဝေးပါစေလို့”ဟု ပြောပြသွားပါသည်။    
သတင်းရင်းမြစ် - ဧရာဝတီ

Thursday 3 May 2012

သမ္မတအိုဘာမားက သမီးနှစ်ယောက်အား facebook မသုံးခိုင်း


အမေရိကန်ပြည်ထောင်စု သမ္မတ အိုဘာမားက ၎င်း၏ အသက်(၁၃)နှစ်အရွယ် သမီးဖြစ်တဲ့ Malia နဲ့ အသက် (၁၀)နှစ်အရွယ် သမီးဖြစ်တဲ့ Sasha ကို ကမ္ဘာတွင် နံပါတ(၁) လူမှုကွန်ရက် ဝက်ဘ်ဆိုဒ်ဖြစ်တဲ့ facebook အား မသုံးခိုင်းဟု People မဂ္ဂဇင်း အင်တာဗျူး၌ ပြောခဲ့ကြောင်း သိရသည်။
သမ္မတ အိုဘားမားနှင့် ၎င်း၏သမီးများအပြောအရ သူတို့တွေက ဘယ်လိုစီပွားရေးလုပ်တယ်မှန်း မသိသူတွေကို တပုံကြီးမရှိချင်ပါဘူးဟု ပြောခဲ့ကြောင်း သိရသည်။
သတင်းအပြည့်အစုံဖတ်လိုပါက

ပုံရိပ်(burmesehearts.com)

လွန်ခဲ့တဲ့ (၃)နှစ်က facebook မှာတင်ခဲ့တဲ့ပုံတွေ sexual ဝက်ဆိုဒ်ပေါ်ရောက်


အသက်(၁)နှစ်မှ (၁၀)နှစ် အရွယ်ရှိ ကလေး(၄)ယောက်အမေရဲ့ ရေကူးဝတ်စုံနဲ့ ရိုက်ထားတဲ့ပုံကို လွန်ခဲ့သော (၃)နှစ်လောက်က သူမရဲ့ facebook ပေါ်မှာတင်ခဲ့ရာ သူမသူငယ်ချင်းတွေအသိပေးတော့မှ သူမရဲ့ထိုပုံဟာ အခကြေးငွေယူပြီး အင်တာနက်ပေါ်မှ စကားပြော ၊ ချိန်းဆိုကြသော sexual ဝက်ဆိုဒ်များပေါ်သို့ ရောက်နေခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က သူမရဲ့ သူငယ်ချင်းတစ်ယောက်က သူမရဲ့ ရေကူးဝတ်စုံနဲ့ပုံကို ညစ်ညမ်းဝက်ဘ်ဆိုဒ်မှာ တွေးခဲ့တယ်လို့ သူမအား ပြန်ပြောခဲ့ကြောင်းနဲ့ နောက်သူငယ်ချင်းတစ်ယောက်က သူမရဲ့ ထိုရေကူးဝတ်စုံနဲ့ပုံကို  အင်တာနက်မှ အချိန်းအဆက်လုပ်ပြီး စကားပြော ၊ ချိန်းတွေ့ကြတဲ့  sexual ဝက်ဆိုဒ်ပေါ် တွေ့ခဲ့ပြီး ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တော် ထိုဆိုဒ်၌ ဖော်ပြထားခဲ့တယ်လို့ ပြီးခဲ့တဲ့အင်္ဂါနေ့က သိခဲ့ရတာပါ။
ထိုအတွက်ကြောင့် ကာယကံရှင်ဖြစ်တဲ့ သူမဟာ သူမရဲ့ဓါတ်ပုံကို တရားဝင်ခွင့်မပြုဘဲ ထိုနေရာများမှာ ယူသုံးထားတဲ့အတွက် အလွန်ကသိကအောက်ဖြစ်ရတယ်လို့ သိရပါတယ်။
Source : Straitstimes

ပုံရိပ်(burmesehearts.com)

Facebook ပေါ်မှ အာဇာနည် အတု -


Facebook ပေါ်မှ RZar Ni အကောင့်မှာ သူမဟုတ်ဘဲ ပရိသတ်များ အထင်လွဲစေမည့် အကြောင်းအရာ များကို တခြားတစ်ယောက်က ဝင်ရေးနေကြောင်း အဆိုတော်  Rဇာနည်က ပေါ်ပြူလာ နယူးစ်သို့ မတ်လ ၅ ရက်နေ့တွင် ပြောသည်။
၎င်းအနေနှင့်  ZarniMyo Nyunt ဆိုသည့် အကောင့်တစ်ခု ထဲကိုသာ သုံးဖြစ်ကြောင်း ၄င်းက ဆိုသည်။ ”ကျွန်တော်မှာ Fanpage လည်း မရှိပါဘူး။ ရိုးရိုးအကောင့်ပဲ ရှိပါတယ်။ သူငယ်ချင်းတွေနဲ့ ဆက် သွယ်လို့ရအောင် သုံးတဲ့ အကောင့် ပဲရှိတယ်။ RZar Ni တို့ဘာတို့မှာ ရေးတဲ့ဟာတွေက ကျွန်တော် ရေးတာမဟုတ်ပါဘူး။
အဲဒီမှာ ရေးတဲ့သတင်းတွေက ဘာတွေကြားရလဲ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်  စည်းရုံးရေးသွားတဲ့ ခရီးတွေမှာ လူသေတယ်ပေါ့။ အဲလောက်ကြီး ဖြစ်တာ မကောင်းပါဘူး။ ဘာညာ နဲ့ရေးတယ်။ ပြီးတော့ အဲဒီ တစ်ခုတည်းတွင် မဟုတ်ဘဲ သံဃာတော် တွေကလည်း သူ့ အလုပ်သူ လုပ်ရမယ်ဆိုပြီး ရေးထားတယ်။ နောက် IC ကိုလည်း ပုတ်ခတ်ထားတယ်။ အဲဒါတွေဟာ ကျွန်တော် ရေးတာ လုံးဝမဟုတ်ပါဘူး။
ဒီလို ရေးထားတဲ့ သတင်းတွေ ကို ကျွန်တော့်ရဲ့ ညီလေးတစ်ယောက်က ဖုန်းဆက် ပြီးပြောတာ။ နောက်သူငယ်ချင်း ပွဲကန်ထရိုက် တွေကလည်း ဖုန်းဆက်ပြီး ကျွန်တော်ကို ပြောတယ်။ မသိတဲ့သူတွေ ကျတော့ အဲဒီမှာဝင်ပြီးကျွန်တော့်ကို ပြောထားတာတွေရှိတယ်။  ကိုယ်မဟုတ်တဲ့ အတွက် ဘာမှတော့ ကိစ္စမရှိပါဘူး။ ပုံကလည်း ကျွန်တော် သီချင်းဆိုထားတဲ့ ပုံကို သုံးထားတယ်” ဟု ၄င်းက ပြောသည်။
အဆိုပါ အဖြစ်ပျက်များကြောင့်  ယခုအခါ ပရိသတ်များအတွက်  (R ZARNI) www. facebook. com/ pages/R-ZAR-NI ဆိုပြီး၊ Fan Page ဖွင့်လိုက်ပြီဖြစ်ကြောင်း သိရသည်။
သတင်းအပြည့်အစုံဖတ်လိုပါက


ပုံရိပ်(burmesehearts.com)

ဆရာတော်ကြိးများဧ။်တန်ဖိုးရှိသောစကားများ



ဘ၀ဟာအင်မတန်မှတိုတောင်းပါတယ်သူများမကောင်းကြောင်းထိုင်တွေးနေဖို့အချိန်မရှိပါဘူး။  ဖြစ်လာမှာမဟုတ်ဘူးလို့တွေးကြောက်ပြီးဘာမှမလုပ်တဲ့သူဟာ
ဘာမှဖြစ်လာမှာမဟုတ်ဘူး။
မလုပ်တတ်ကြောင်းများများပြောလေမလုပ်တတ်လေဘဲ။
လူ့ဘ၀ဟာစွန့်စားမှုနဲ့  challenge  နဲနဲရှိ မှကောင်းတယ်၊  မဟုတ်ရင်
ဘ၀ဟာပျင်းစရာကောင်းတယ်။
အခက်အခဲဟာအရည်အချင်းကိုထွက်စေနိုင်တယ်။
 ဘာကိုကြောက်လို့လိမ်နေတာလဲ။
ခရီးရောက်ချင်ရင်  ရပ်မနေဖို့ဘဲလိုပါတယ်   နှေးနေတာက  အရေးမကြီးပါဘူး။
အမှားမရှိပါဘူအားလုံးကသင်ခန်းစာတွေချည်းပါဘဲ။
အခုသက်သာရငရေရှည်မှာမသက်သာဘူး။
စိတ်ရဲ့ငြိမ်းချမ်းမှုဟာအပျော်အပါးထက်ကျေနပ်စရာကောင်းတယ်။

(ဆရာတော်ဦးဇောတိက)

မင်းမရှိလဲဖြစ်တယ်သူမရှိလဲဖြစ်တယ်ငါမရှိလဲဖြစ်တယ်ဘာမှမရှိလဲဖြစ်တယ်။
 အရွဲ့ မတိုက်နဲ့    ကိုယ်ဘဲရွဲ့ သွားမယ်။
မသင့်တော်တဲ့နေရာေ၇ာက်ရင်တောင်မှ  သင့်တော်တဲ့အကျင့်တွေကို
မဖျောက်ဖျက်ပစ်ပါနဲ့။
ငါမရှိရင်သိကြလိမ့်မယ်တဲ့    အဲဒီငါကကောဘာတွေများ  ရေရေရာရာ
သိထားပြီးပြီလဲ။
ပညာဆိုတာကောင်းပါတယ်  ပညာရှိချင်တာလား  ပညာပြချင်တာလား။
မက်နေသမျှမောနေရမယ်။

(ဆရာတော်အရှင်ဆေကိန္ဒ)

ကိုယ့်ကိုယ်ကိုယ်  ပါးတယ်လည်တယ်လို့  မထင်ကြနဲ့   အပါးလည်တော့
အပါယ်လားလိမ့်မယ်။

ကိုယ့်ကိုယ်ကိုယ်ကြွားချင်ဝါချင်စိတ်မရှိကြနဲ့ အ၀ါစိတ်တော့အ၀ိဇ္ဖာဘဲ။

(စွန်းလွန်း)
       
မာနဆိုတာနတဲ့သူတွေမာတာ ။
(အရှင်ဆန္ဒာဓိက)