Monday 30 May 2011

(၇) ရက်အမြန်အဆိချနည်း ..

စား၇မယ့်အစီအစဉ်တွေက..
အဆီကျဟင်းရည်
ကြက်သွန်နီဥကြီး ခြောက်လုံး
ငရုတ်ပွ အစိမ်းနှစ်တောင့်
ခ၇မ်းချဉ်သီး ခြောက်လုံး
တရုတ်နံနံ တစ်စည်း
ဂေါ်ဖီတစ်ထုတ်
အသီးအရွက်တွေကို အနေတော်တုံးပြီး အိုးထဲရေမြုတ်အောင်ထည့် အဖုံးဖုံးပြီး ပွက်ပွက်ဆူအနေအထားမှာ ၁၀မိနစ်ထား နောက်မှမီးကို လျော့ပြီးအသီးအရွက်နူးတဲ့အထိ ချက်၇ပါမယ်...
အဲဒီအရည်တွေကို ၀ိတ်ချတဲ့ တစ်ပတ်လုံးသောက်၇ပါမယ်...
တတ်နိုင်၇င် အ၇ွက်တွေပါစား၇င်ပိုကောင်းတယ်။
ကျွန်တော် ကတော့ အရည်ဘဲစစ်သောက်ဖြစ်တယ်... ပုံမှန်ဆို တစ်ပတ်ကို ၁၀ ပေါင်ကျပေမယ့်... အရွက်တွေမစားတာေ၇ာ လေ့ကျင့်ခန်းမလုပ်တာရောကြောင့် ၅ ပေါင်ဘဲကျပါတယ်...
အနံ့အရသာ၇ှိစေဖို့ ဆား င၇ုပ်ကောင်း ဟင်းခတ်အမွှေးအကြိုင်တွေထည့်နိုင်ပါတယ်


ပထမနေ့
 အဆီကျဟင်းရည်ကို ဗိုက်ဆာတိုင်းသောက်ပါ တွဲဖက်စားလို့၇တဲ့အစာတွေက လိမော်သီး ပန်းသီး သစ်တော်သီး
မာလကာသီး ကျွဲကောသီး ကျန်တာ ဘာမှစားခွင့်မ၇ှိပါဘူး....အသီးတွေဘဲစားလို့၇ပါမယ်...
ငှက်ပျောသီးမပါ

ဒုတိယနေ့
 ပင်တိုင်အဆီကျဟင်းရည်အပြင် ဟင်းသီးဟင်းရွက်အားလုံး အစိမ်းဖြစ်ဖြစ်
ကျက်ပြီးသားဖြစ်ဖြစ် စားခွင့်၇ှိပါတယ်
သစ်သီးကို စားခွင့်မရှိပါဘူး ကင်ထားတဲ့ အာလူးကြီး တစ်လုံး စားခွင့်ပြုပါတယ်

တတိယနေ့

 ပထမနေ့နဲ့ ဒုတိယနေ့က ခွင့်ပြုထားတဲ့ အစာတွေအားလုံးစားလို့ရပါတယ်....အာလူးကင်မပါ...

စတုတ္ထနေ့
 အဆီကျဟင်းရည်အပြင် တစ်နေ့လုံးအတွက် ငှက်ပျောသီးရှစ်လုံး အဆီထုတ်ထားတဲ့ နွားနို့ ကြိုက်သလောက်သောက်ခွင့်ရှိပါတယ်...
ငှက်ပျောသီးနဲ့နွားနို့ မဖြစ်မနေသောက်၇ပါမယ် ကိုယ်ထဲက ပိုတက်ဆီယမ် ပရိုတင်းနဲ့ ကယ်လ်စီယမ်တို့လိုအပ်နေပြီမို့ပါ

ပဉ္စမနေ့
ပင်တိုင်အဆီကျဟင်းရည်အပြင် ၁၀ ၂၀ အောင်စရှိ ငါး သို့မဟုတ် အမဲသား ဆိတ်သားဆို အဆီမပါ ကြက်သားဆို၇င် အရေပြားဆုတ်ပြီးသား ကို ဆီမပါတဲ့နည်းနဲ့ ကင်ပြီး စားလို့ရပါတယ် ငံပြာရည် ဆနွင်း ဆား သုံးလို့၇ပါတယ်
ခရမ်းချဉ်သီးခြောက်လုံး အထိတွဲဖက်ပြီး ကြက်သွန်နဲ့သုပ်ပြီးဖြစ်ဖြစ် သူ့ကြီးဖြစ်ဖြစ်စားလို့၇ပါတယ်...ကိုယ်ထဲက Uric Acid တွေကို ဆေးချဖို့ ဒီနေ့မှာ ရေ အနည်းဆုံး ရှစ်ဖန်ခွက် သောက်ပေးဖို့လိုပါတယ်

ဆဋ္ဌမနေ့
ပင်တိုင်အဆီကျဟင်းရည်အပြင် အဆီလွတ်အသားများကင်ပြီးဖြစ်ဖြစ် ဟင်းသီးဟင်းရွက်တွေနဲ့ေ၇ာပြုတ်ပြီးဖြစ်ဖြစ်
စားခွင့်ရှိပါတယ်

သတ္တမနေ့
 နောက်ဆုံးနေ့မှာ ဆန်လုံးညိုစားခွင့်ပြုပါတယ် ၀ယ်၇ခက်ရင် ပေါင်မုန့်ကြမ်းကို အာသာပြေ၇ုံ စားခွင့်၇ှိပါတယ် အချိုဓါတ်မပါတဲ့ သစ်သီး ဟင်းသီးဟင်းရွက်တွေ ကြိုက်သလောက်စားခွင့်ပြုပါတယ် ဟင်းရည်ကိုတော့ သောက်ပေး၇ပါမယ်...
အထူးသတိပြုရန်
ဒီခုနစ်ရက်အတွင်း အရက်လုံးဝသောက်ခွင့်မပြုပါ...ကော်ဖီဆိုရင် သကြားတုနဲ့ ကြိုက်သလောက်သောက်ခွင့်ပြုပါတယ် လက်ဖက်ရည်ကြမ်း ဆီမပါတဲ့ လက်ဖက်အသားချည်းစားနိုင်ပါတယ်...Slim Aid တို့လို အမျှင်ဓါတ်ပါတဲ့ဆေးတွေသောက်ခွင့်ရှိပါတယ်....တခြားပိန်ဆေးတွေ သောက်ခွင့်မ၇ှိပါ...ဆေးလိပ်သောက်ခွင့်၇ှိပါတယ်...ဗီတာမင်ဆေးတွေလည်းဖြတ်ဖို့မလိုပါဘူး
ခုနစ်ရက်ပြည့်လို့ သိသိသာသာ ကိုယ်အလေးချိန်ကျလို့ အားတက်ပြီးဆက်မလုပ်ပါနဲ့ တစ်ပတ်လောက်ပုံမှန် ပြန်စားပြီးမှပြန်စပါ ရည်၇ှည် ဒီနည်းကိုကျင့်သုံး၇င် အဟာရဓါတ်ချို့တဲ့မှုဖြစ်ပွားနိုင်ပါတယ်။

ဒေါက်တာရဲနိုင်၏ ဟောပြောချက်ကိုဆီလျော်အောင်
ခံစားတင်ပြတဲ့....
ရာဇ၀င်

Sunday 29 May 2011

အမြတ်ဆုံးတရားအလှူ ..

အလှူတကာအလှူတွင်တရားအလှူသည်အမြတ်ဆုံးဖြစ်၏....

ဤဆိုက်လေးများဖြန့်ဝေပေးချင်းဖြင့် တရားအလှူပြုလုပ်ပေးနိုင်ပါသည်။

 http://www.youtube.com/watch?v=xMiy24SAI-A&feature=related&... ရှင်ဇ၀န
တခဏတာ သရဏဂုံ

http://www.youtube.com/watch?v=amUE2FTobQM&feature=related&... ရှင်ဆေကိန္ဒ

http://www.youtube.com/watch?v=t1xyA4fv5po&feature=related&...
 လူမိုက်တို့သွားရာလမ်း

http://www.youtube.com/watch?v=IYAynaV_yWs&feature=related&...
 ရှင်ဥာဏိဿရမေတ္တာ
http://www.youtube.com/watch?v=g9lZokbHf-w&feature=related&... မင်္ဂလသုတ်

http://www.youtube.com/watch?v=AU5W6Jux7hE&feature=related&...
 ရွှေလင်းယုန်မေတ္တာသုတ်
http://www.youtube.com/watch?v=sZ2k-HnKjWs&feature=related&... ပရိတ်အင်္ဂါ
http://www.youtube.com/watch?v=kcVwWlFcTJY&NR=1 ရွှေလင်းယုန် နှင့် မေတ္တာ
သုတ်တော်များ
http://www.youtube.com/watch?v=dciB_Am6B2s&NR=1 မေတ္တာသုတ် အတ္ထုပ္ပတ္တိ တရားတော်

http://www.peterzawlinn.f2s.com/Payate/UVicitta/UVicittaParittas.htm
ဦးဝိစိတ္တသာရ
websites ပရိတ်ကြီး ၁၁ သုတ်အပါအ၀င် အသံတော်+စာသား

http://www.peterzawlinn.f2s.com/Payate/UUttamasara/UUttamasaraParit...
တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီး
အသံတော်+စာသား

http://www.mogokinsightny.org/ မိုးကုတ်ဆရာတော်ကြီး မူရင်း နယူးယောက်Website
အရှေ့အရပ်ရှိသောအနန္တသတ္တ၀ါတို့... မေတ္တာပို့ auto ပွင့်

http://www.mogokinsightny.org/circle_myanmar/ မိုးကုတ်ဆရာတော်ကြီး မူရင်း
Website မှ ပစ္စသမုပ္ပဒ်လည်ပုံတရားAuto ပွင့်သည်

http://naynaynaing.blogspot.com/2008/05/blog-post.html ပရိတ်ကြီး ၁၁ သုတ် Mp3
တစ်သုတ်ချင်း

http://www.shweamyutay.com/site/index.php  အောက်ပိုင်းတွင်တရားများရှိပါသည်

http://www.burmaborn.com/2009/01/blog-post.html
ရှင်ဥာဏိဿရဓမ္မစင်္ကြာအသံတော်တွဲလျှက်website
နှင့် အခြားဆရာတော်ကြီးများတရားအစုံပါပြီ

http://dhammahaewon.page.tl/

http://www.dhammaonline.org/Chanting.php ပရိတ်ကြီး ၁၁ သုတ် ပဌာန်းပါလိတော်
များစာအုပ် Free download

http://sharingtofrds.blogspot.com/2007/06/blog-post_2835.html ဓမ္မ+အိုင်တီ
Free Download and Special For ရွှေလင်းယုန်

http://wikimyanmar.co.cc/wiki/index.php/%E1%80%95%E1%80%9B%E1%80%AD...
မြန်မာWikipediaပရိတ်ကြီး


http://video.google.com/videoplay?docid=7215802796121086188
ရွှေလင်းယုန်ပရိတ်ကြီး
စ-ဆုံး

http://video.yahoo.com/watch/615209/2927119 Part2 ပရိတ်ကြီး

http://www.yamc.info/index.php

http://solomonn.0fees.net/wordpress/?page_id=12 ဓမ္မဗဟုသုတ

http://uk.geocities.com/kabarmakyay/index.htm ပရိတ်ကြီး ၁၁ သုတ် ၏ စာသား ပါဌိ
စ-ဆုံး

http://www.mediafire.com/?ivigvxcydic မင်းကွန်းဦးဝိစိတ္တ ပရတ်ကြီး ၁၁ သုတ် MP3
Download



http://www.sitagu.org/home/ (သီတဂူဆရာတော်)
http://www.dhammaceti.org/home.htm (ဓမ္မစေတီ ဆရာတော် ဦးကောသလ္လ)
http://mettashin.com/ (အရှင်ဇ၀န)(မေတ္တာရှင်-ရွှေပြည်သာ -၁)
http://mettashin.dhammathukha.com/index.php?option=com_content&...
(အရှင်ဇ၀န)(မေတ္တာရှင်-ရွှေပြည်သာ -၂)
http://theinngu.org/ (သဲအင်းဂူဆရာတော်)
http://www.mahasi.org.mm/ (မဟာစည်-၁)
http://www.mahasi.org/ (မဟာစည်-၂)
http://dhammaduta.net/ (အရှင်ပညိဿရ-ဓမ္မဒူတ)
http://www.shweparami.net/ (အရှင်ဆန္ဒာဓိက)
http://www.yawainwe.net/ (အရှင်ရာဇိန္ဒ)(ရဝေနွယ်-အင်းမ)
http://www.shwehinthar.com/buddhism/ (ရွှေဟင်္သာဆရာတော်)
http://www.pilotsayadaw.net/ (အရှင်ဇေယျပဏ္ဍိတ-ပိုင်းလော့ဆရာတော်)
http://www.chanmyay.org/ (ချမ်းမြေ့ဆရာတော်)
http://majjhimagonyi.info/ (အရှင်ကောဝိဒ-မဇ္ဈိမဂုဏ်ရည်)
http://www.paauktawya.org/ (ဖားအောက်တောရဆရာတော်)
http://www.phyusayadaw.com/ (ဖြူးဆရာတော်)
http://www.theravada-3p.org/ (ဆရာဦးမြင့်လွင်-သန့်တည်ပွား)
http://www.mogokinsightny.org/ (မိုးကုတ်ဆရာတော်ဘုရားကြီး)
http://realenlightenment.org/ (အရှင်ဥတ္တမသာရ)
http://www.lknt.org/ (အရှင်လောကနာထ)
http://lknt115.blogspot.com/ (အရှင်လောကနာထ)
http://kathitwinemyanmar.blogspot.com/ (ကသစ်ဝိုင်ဝိပဿနာ ဓမ္မရိပ်သာ)
http://www.dhammaduta.co.cc/ (အရှင်ဆေကိန္ဒ-ဓမ္မဒူတ)
http://www.dhammadownload.com/ ( ဓမ္မ MP3 ဒေါင်းလုပ် )
http://www.lknt.org/ (တရားတော်များ)
http://dhammafocus.myanmarbloggers.org/ (ဓမ္မဆုံချက်)
http://531collections.co.cc/ (တရားတော်များ)
http://burmaborn.wordpress.com/ (တပိုင်တနိုင် သာသနာပြုရအာင်)

နီးစပ်ရာ သူငယ်ချင်းတွေ ကို မျှဝေပေးပါဦး....
အလှူတကာအလှူတွင်တရားအလှူသည်အမြတ်ဆုံးဖြစ်၏...
ဤဆိုက်လေးများဖြန့်ဝေပေးချင်းဖြင့် သူငယ်ချင်းတို့ တရားအလှူ ပြုလုပ်ပေးနိုင်
ရန်စေတနာဖြင့် ရှာဖွေတင်ပြ လိုက်ပါတယ် ခင်ဗျာ..။
ရာဇ၀င်

Saturday 28 May 2011

တခြား လူတစ်ယောက်ယောက်ကို တစ်ခုခု သတိရစေ ချင်သလား

တခြား လူတစ်ယောက် ယောက်ကို တစ်ခုခု သတိရ စေချင်ရင် သူရဲ့ ညာဘက်နား အနားကပ်ပြီး စကားပြော လိုက်ပါ။ ညာဘက်နား မှာ တိုးတိုးလေး ကပ်ပြောတာ ကြောင့် မှတ်မိနိုင်ခြေ ၇၀ ရာခိုင်နှုန်း ရှိပြီး ဘယ်ဘက်နားမှာ ကပ်ပြီး စကားပြောရင် ၅၈ ရာခိုင်နှုန်း သာ မှတ်မိနိုင်ခြေ ရှိတယ်လို့ အမေရိကန်နိုင်ငံ  San Houston တက္ကသိုလ် မှ သုတေသနပြုသူ တွေက ပြောပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သတင်း အချက်အလက် လုပ်ငန်းစဉ်ကို ဆောင်ရွက်တဲ့ ဘယ်ဘက်ခြမ်း ဦးနှောက်က ညာဘက်နားကို ထိန်းချုပ်ထားတာ ကြောင့်ပါ။ 

swesonemedia postကိုကိုးကားတင်ပြပါသည်။
ရာဇ၀င်

ဘ၀..သင်ရိုးညွန်းတမ်း

 
 ရာဇ၀င် ဘလော့  ကို ၀င်ရောက်ဖတ်ရှူ့ သောသူငယ်ချင်းများနှင့် အတူတူ (၈-၅-၂၀၁၂) တွင် ကျရောက်မည့် အမေ များနေ့ကို ကြိုဆိုသောအားဖြင့်ကမ္ဘာပေါ်ရှိ
အမေ များကို ဒီပို့စ်ဖြင့် အမေနှင့်တကွ ပုခက်လွှဲသော လက်အစုံပိုင်ရှင်တို့အား ဦးညွတ်၊ရိုကျိုးလေးစား ခတော့ ရင်း အမေ များနေ့ ကိုကြိုဆို ကြရအောင်……………
ဘ၀ရဲ့ နေနည်းထိုင်ပုံတွေကို
သင်ရိုးတစ်ခုလိုသာ ရေးပေးထားခဲ့ရင် . . .
အခုဆို ကျွန်တော့်မှာ ပြန်ထုတ်ကြည့်လို့ အဆင်ပြေတာပေါ့အမေ . . .

အစကတည်းက မကောင်းခဲ့တော့
အနှောင်းကလည်း အလဲလဲ အကွဲကွဲပါအမေ . . .
အမေမရှိတော့တဲ့နောက်
ကျွန်တော်လျှောက်ရတဲ့ ဟောဒီလမ်းတွေ
ရှည်လျားေ၀၀ါးနေလိုက်ပုံများ
မိုးကုတ်စက်ဝိုင်းနားက တိမ်ခိုးသက်တန့် တံတားပါ အမေ . . .။

အမေသင်ခဲ့တဲ့ အမေ့ရဲ့ကျောင်း
ဘ၀ကို စာလုံးပေါင်းနည်းက စ
ကျွန်တော်ကလည်း နည်းနည်း အ တော့
ကျွန်တော့်ကို အမေအားမရခဲ့ဘူးမဟုတ်လား . .

ပညာတွေ မတတ်ပေမယ့်
သားတစ်ယောက်ရဲ့  စိတ်ကို အမေဖတ်ခဲ့တာ . . .
ဗေဒင်ဆရာတွေ ခန့်မှန်းတွက်ချက်တာထက်
ပိုလို့တောင် သေသပ်လှပခဲ့ပါတယ် အမေ . . .


ဒီသားရဲ့  ဒီစိတ်ဓာတ်
ငယ်ထိပ်ကို တက်နေတဲ့ ဒေါသတရားတွေ . . .

ဒီသားကို အနေခက်စေတဲ့
သူများထက်ပိုတဲ့ လောဘတရားတွေ . . .

နေ နေရတာက တောအုံ ချုံကြား
ကျွန်တော်မှန်းခဲ့တာက ဘုံဖျားရဲ့ အထက်
ဒီသားကို အသေသတ်မှာက
ဒီသားရဲ့ အတ္တတွေပဲတဲ့လား . . .

နားလည်ဖို့ . . . အားမငယ်ဖို့ . . .
စိတ်ရှည်ဖို့ . . . သိပ်မတေဖို့ . . .
သည်းခံဖို့ . . . နည်းမှန်ဖို့ . . .
.............................. ............
.................................................
ရွှေဥတဲ့ ဘဲ . . .
ရဦးမယ်လို့ ထင်နေသေးရင်
ရင်ကိုခွဲပြီး ရှာချင်ရှာတတ်တဲ့ လူမိုက်တွေရဲ့ အကြောင်း . . .
လူဆိုတဲ့ နာမည်တပ်ပြီး
လူတွေကြားထဲမှာနေ
အဆီကိုစားပြီး အသားကို မျိုတတ်လေတဲ့
လူ့ သဘတ်ကြီးတွေရဲ့ အကြောင်း . . .
ဟိုး ... အမြင့်ကို ရောက်ဖို့အတွက်
တက်ဖို့မသင့်တဲ့ အချို့ သောလှေကားတွေအကြောင်း . . .
အမေကတော့ ထောင်းထောင်းထအောင်
ပြောပြခဲ့တာပါပဲ အမေ . . .


သိရဲ့ လား အမေ . . .
ရေခံမြေခံက ကောင်းပေမယ့်
အမေစိုက်တဲ့ မျိုးစေ့က မမှန်ဘူး . . .
ကျွန်တော်ရှင်သန်ချင်ခဲ့တာက
ခေါင်းစဉ်တစ်မျိုးနဲ့ ဘ၀ အမေရဲ့  .........


“ချမ်းမြေ့ သာယာတဲ့ ဘ၀တစ်ခုအတွက်
ဟောသည့်တောင်ယာက သားတစ်သက်စားမကုန်ဘူး
ဟောသည့်မှာ ခိုင်းနွားတစ်ရှဉ်း
လယ်ထဲဆင်းဖို့မပူရဘူး
ဟောသည့်မှာ ၀က်မိတစ်အုပ်
သားတစ်သက်လုံး ထုတ်စားလို့ရတယ်
ဟောသည့်မှာ လှေငယ်တစ်စင်း
သားခင်းငါးခင်းပဲ ရှာရှာ
ဘယ်ရွာကို ဘယ်လိုသွားသွား
ငါ့သား မျက်နှာမငယ်ဘူးပေါ့”

“ဟား..ဟား....ဟား....ဟား.....
ရွှေပြည်အေးတရားတွေလား အမေ
အမေပေးတဲ့ တောင်ယာအလုပ်
ကျွန်တော်ဖတ်တဲ့ တက်ကျမ်းစာအုပ်မှာ မပါဘူး
နွားတွေနဲ့နေရင် ရွှံ့ စင်တာထက် ဘာများတိုးတက်မလဲ . .
အမေပေးတဲ့ ၀က်မိတစ်အုပ်
တစ်သက်လုံး ဟင်းစားလုပ်လို့ မရဘူး . . .
အမေပေးမယ့် လှေငယ်တစ်စင်း
ကျွန်တော်က မြစ်ထဲဆင်းပြီး ငါးရှာရမလား . . .
ကြည့်စမ်းပါ့အမေ . .
ဒီကောင်က တံငါနားလည်း မနေဘူး
မုဆိုးနားလည်း မသွားဘူး
အနာဂတ်ကို ဖွင့်ထားတဲ့ အိပ်မက်တံတားကို လျှောက်ပြီး
ပန်းတိုင်ကို အရောက်သွားမယ့် ကောင်ဗျ”


“တောမှာနေ ...တောမှာကြီး
ကျွန်တော့်ဘ၀က တောမှာမပြီးဘူး
လင်ကွန်းကို အမေသိသလား
သစ်လုံးအိမ်ကို အမေသိသလား
အိမ်ဖြူတော်ကို အမေသိသလား
ကျွန်တော်ကတော့ သွားမှာပဲအမေ . . .”


ခွင့်လွှတ်အမေ . . .
အဲဒီတုန်းက အိပ်မက်တွေ တစ်နင့်တစ်ပိုးကို
မျှော်လင့်ချက်တစ်ပွေ့တစ်ပိုက် နဲ့ လွယ်ပိုးထားတာဆိုတော့
အမေ့ရဲ့  ငိုခြင်းတရားတွေလဲ
ကျွန်တော့်နားထဲ ဘယ်ဝင်ပါတော့မလဲ အမေရယ် . . .

အမြင့်ကို မှန်းတော့
အကျကလည်း ကြမ်းတယ်အမေ . . .
ကျွန်တော်တက်တဲ့ အဲဒီလှေကားမှာ
လက်ရန်းက မပါဘူးအမေ . . .။


အခုတော့ ကျွန်တော်
ကျားရဲတောထဲမှာပါ အမေ . .
နွားသင်းကွဲလေး ကျွန်တော့်အတွက်
ချိုမြိန်မယ်ထင်တဲ့ အိပ်မက်တွေကလည်း
ခါးသက်လို့ သွားခဲ့ပါပြီ အမေ . . .


မြို့ ကြီးကြီး ပြကြီးကြီး
မာယာမီးတွေ ထိန်ထိန်ညီးနေတဲ့ ညနက်တွေမှာ
ကျရာဇာတ်ရုပ်ကို ကြုံသလို ကရင်း
ဖောင်းတာက တစ်ခါ
ပိန်တာက အခါတစ်သောင်း
ပါလာတဲ့ တက်ကျမ်းစာအုပ်တွေတောင်
ကျွန်တော်ရောင်းစားလို့ ကုန်ပြီကော အမေ . . .


သမုဒ္ဒရာ ၀မ်းတစ်ထွာတဲ့လားအမေ. . .
တစ်ကယ်တမ်း ဗိုက်ဆာတဲ့အခါ
စကြ၀ဠာတောင် မကပါဘူးအမေရယ်
ငတ်တာကို ရှက်စရာနဲ့ လဲစားရတာလဲ အခါခါ . . .
အမေ့ကိုတော့ အားနာပါတယ် . . .


ပတ်ဝန်းကျင် ကျွန်တော့်အနားမှာလဲ
အမြီးကျက်ရင် အမြီးဝါး
ခေါင်းကျက်ရင် ခေါင်းစားမယ့်သူတွေ များလွန်းလို့
အားကုန်ထုတ်ပြီးသွားခဲ့တာတောင်
ဟောဒီနေရာထက်ပိုပြီး
ဘယ်ခရီးမှ မနီးသေးဘူး အမေ. . .

" ဒီမယ်ငါ့သား . . .
ချမ်းသာချင်လွန်းအားကြီးတာဟာ
ငရဲပြည်ကို အလည်သွားဖို့
နဖူးကို ထုံးတို့တာနဲ့ အတူတူပဲ" ဆိုတဲ့စကား
အခုမှ ပြန်ကြားယောင်မိတယ် အမေ . . .

အမေသင်ခဲ့တဲ့ အမေ့ရဲ့ကျောင်း
ဘ၀ကို စာလုံးပေါင်းနည်းက စ
ကျွန်တော်က နည်းနည်း အ တော့
အဲဒီကတည်းက အမေ ကျွန်တော့်ကို
အားမရခဲ့တာ မဟုတ်လားအမေ . . .
ငယ်ငယ်တုန်းက တက်ခဲ့ရတဲ့
အမေ့ရဲ့ဘ၀စာသင်ကျောင်းမှာ
ပျော်အောင်လည်း မနေတက်
သင်ရိုးမကုန်ခင် ကျောင်းထွက်ချင်ခဲ့တဲ့ အမေ့ရဲ့ကျောင်းသား
တကယ်တော့ . . .
ကျောင်းပျက်ရက်ကလည်း များတယ် မဟုတ်လား အမေ . . .

ဘ၀ရဲ့ နေနည်းထိုင်ပုံတွေကို

သင်ရိုးတစ်ခုလိုသာ ရေးပေးထားခဲ့ရင် . . .

အခုဆို ကျွန်တော့်မှာ ပြန်ထုတ်ကြည့်လို့ အဆင်ပြေတာပေါ့အမေ . . .။ ။
၂၀၀၉ ခုနှစ် January တွင် အဖြူရောင်သံစဉ် ဖိုရွမ်

 တွင် ကျွန်ုပ်ဖော်ပြဖူးသည်ကို ပြန်လည်ခံစားလျှက်
ရာဇ၀င် ...

ခန္တာနှင့်မျက်ကြည်လွှာလှူဖို.စိတ်ကူး ...

သူငယ်ချင်းတို့ မျက်ကြည်လွှာနဲ့ ခန္တာကိုယ်လှူဖို့ စိတ်ကူး မိခဲ့ဘူးလား။ ဒါတွေက အခုလှူရမှာ မဟုတ်ပါဘူး။ တချို့တွေက အဲဒါကို လန့်နေကြတယ် ခုများလားပေါ့ မဟုတ်ပါဘူး ကိုယ်သေသွားတဲ့ အခါကျမှာပါ။ ကျွန်တော်ကတော့ အားလုံးလှူပြီးသွားပါပြီ..။(၁၆-၁၂-၂၀၀၇)နေ့ ။ကျွန့်တော်မွေးနေ့မှာပါ။ အဲဒါကို အိမ်ကပြောပါတယ်။မင်းကသေတော့မှာမို့လို့လား ဘယ်အချိန်လှူလှူရတာပဲ ကျွန်တော်က ကိုယ်ဘယ်အချိန်သေတာကိုသိတာမှမဟုတ်တာလို့ အိမ်ကwhite board မှာ တောင်လှူဖို့ ဖုန်းနံပါတ်တွေ ရေးထားသေးတယ်။ မျက်ကြည်လွှာနဲ့ ဒီခန္တာကိုယ်ကြီး ဟာ သေသွားပြီးတဲ့အခါ ဘာမှအသုံးမ၀င်တော့ပါဘူး မီးရှို့လိုက်ရင် ပြာဖြစ်သွားမှာပါ...။
ဒီတော့ မျက်စိကွယ်နေတဲ့လူတွေကို လှူခဲ့မယ်ဆိုရင် သူတို့တွေ အလင်းပြန်ရနိုင်ခဲ့မယ်ဆိုရင် သူတို့ဘယ်လောက်ဝမ်းသာမလဲ။ ဒီလိုစဉ်းစား မိမယ်ဆိုရင်တောင် ၀မ်းသာပီတိဖြစ်ရပါတယ်။ ခန္တာကိုယ်ဆိုလည်း ဒီအတိုင်းပဲ ဆရာဝန်တွေက သူတို့လိုအပ်တဲ့နေရာ တွေမှာ အစားထိုးကုသမယ်။ ဆေးကျောင်းသားတွေက ခွဲစိတ်လေ့လာရင်း ပညာသင်ယူကြမယ်။ ဒီကနေရရှိမဲ့ အတွေ့အကြုံအသိ ပညာတွေဟာ ပြည်သူလူထုနဲ့ နိုင်ငံတော်ကို လုပ်ကျွေးရမှာပဲ မဟုတ်လား ပြာဖြစ်သွားမယ့်အတူတူတော့ ဒါတွေအားလုံးအကျိုးရှိတာ ပဲလား၊ဟုတ်ပါတယ်။တစ်ဦးတစ်ယောက်ရဲ့ အလှူနဲ့တော့ အကျိုးရှိလာမှာ မဟုတ်ပါဘူး။ကျွန်တော် စလှူဖို့ စုံစမ်းတုန်းက မင်္ဂလာဒုံ စစ်ဆေးရုံ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေး(၁) တို့ကိုအရင်သွားမေးခဲ့ပါတယ်။ နောက်ဆုံးဆေး(၁)က ဆေး(၂)မှာ လှူလို့ရကြောင်းသိခဲ့ပြီ
မှ လှူဖြစ်ခဲ့တာပါဘဲ ခုဆို သူငယ်ချင်းတို့ ဆန္ဒရှိမယ်ဆိုရင် လျှောက်ပြီးစုံစမ်းစရာမလိုတော့ဘူး။ဆေး(၂)မှာလှူလို့ရတယ်ဆိုတာ သိရပြီ။
မျက်ကြည်လွှာလှူဖို့က ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ ပထမထပ်ညာဘက် မျက်ကြည်လွှာဌာနမှာပါ။ကိုယ်လှူတာကို ထောက်ခံပေးဖို့ တယောက်တော့လိုပါတယ်။ အဲဒီမှာသူတို့က လှူဒါန်းတဲ့ ကဒ်ပြားသေးလေးပေးပါလိမ့်မယ်။ ဆုံးပါးပြီးတာနဲ့ ချက်ချင်းဖုန်းဆက်ဖို့ phone: number ပေးပါလိမ့်မယ်။ ကျွန်တော်သိခဲ့ရတာကတော့ မျက်ကြည်လွှာအစားထိုးပေးဖို့ မျက်စိကွယ်နေတဲ့ လူနာပေါင်း သောင်းချီရှိနေပြီး အလှူရှင်လိုအပ်နေတဲ့ အကြောင်း မျက်ကြည်လွှာမလှူထားသော သေဆုံးပြီး လူနာရဲ့ မိသားစုတွေကို မျက်ကြည်လွှာလှူဖို့ စည်းရုံး ရတဲံအကြောင်း တွေကိုသိခဲ့ရပါတယ်။ ဟုတ်တာပေါ့ မျက်ကြည်လွှာဆိုတာဟာ သေဆုံးပြီးမှ ထုတ်ယူလို့ရတဲ့အရာကိုး။ရော့ပိုက်ဆံ ပေး ဆိုပြီး ၀ယ်လို့ရတဲ့အရာလဲမဟုတ်။ ဒါကြောင့်သူငယ်ချင်းတို့ သိအောင်ပြောပြရုံပါ။ ဘယ်အရာမှ အတင်းလုပ်ယူလို့ ရတာမှမဟုတ်တာ။
ခန္တာကိုယ်အတွက်က ထောက်ခံဖို့ ဆွေမျိုးသားချင်းထဲက တစ်ယောက်ရယ် ဓါတ်ပုံ(၂)ပုံရယ် အသိသက်သေ တစ်ယောက်ရယ် ဒါပါပဲ သေဆုံးပြီး ၂၄ နာရီအတွင်း ဆက်သွယ်ရင် လာယူမယ်။ အကယ်ရွှေ့ အကြောင်းအမျိုးမျိုးကြောင့်လမ်းခရီး ကြန့်ကြာမယ်ဆိုရင် နီးစပ်ရာ အအေးတိုက်မှာ ထားထားလို့ရတယ်လို့ သိခဲ့ရပါတယ်။ ဆေးကျောင်းမှာလည်း ကျောင်းသားတွေ လက်တွေ့ဆင်းဖို့ ခန္တာကိုယ်တွေ လိုအပ်နေတယ်လို့ဆိုပါတယ်။ ခုလို သူငယ်ချင်းတို့ကို ပြောပြခွင့်ကြုံပြီး သူငယ်ချင်းတို့ သိပြီး ဒီ အပြာရောင် ကောင်းကငBlog Postကို ဖတ်မိတဲ့ စာဖတ်ပရိတ်သတ် (၁၀၀၀ )ထဲက (၁) ယောက်သာ လှူဒါန်းခဲ့မယ်ဆိုရင်ပဲ ကျေနပ်ပါပြီ။
                          ရာဇ၀င် 

မှတ်ဥာဏ်ကောင်းချင်ရင် နေ့လယ်တစ်ရေးအိပ်

ကျန်းမာရေး နဲ့ ပတ်သက်ပြီး ပို့စ်လေးတခု တင် ချင် ပါတယ် ။လူတယောက်မှာ ဘယ်လိုမှ အဖိုးမဖြတ်နိုင်တဲ့ အရာဟာ ကျန်းမာရေး ပါ။
ကျွန်တော်တို့ မြန်မာလူကြီးတွေသုံးစွဲလေ့ ရှိသော စကားရပ် တခုကို ပြန်ကြားသတိရမိပါသေးတယ် "*ကျန်းမာခြင်းသည် လဒ်ကြီးတပါး""*
တဲ့.. ကျွန်တော့်၏  ရာဇ၀င် ဘလော့ ကို လာရောက် ဖတ်ရှူ့ သောသူငယ်ချင်းများ အတွက် တင်ပြ လိုက် ရပါတယ် ခင်ဗျာ။
သင့်အနေနဲ့ သတင်းအချက်အလက် အသစ် တွေ မှတ်သားဖို့ လိုလာပြီဆိုရင် ပထဦးစွာ နေ့လယ်နေ့ခင်းမှာ တစ်ရေးလောက်မှေးပြီး အိပ်စက်လိုက်ပါတဲ့။
အမေရိကန်သိပ္ပံပညာရှင်တစ်ခု လေ့လာ တွေ့ရှိချက်အရ ဦးနှောက်အတွင်းမှာ ရှိတဲ့ ဟစ်ပိုကမ်းပတ်စ် (Hippocampus) လို့ ခေါ်တဲ့နေရာသည် သတင်းအချက်အလက် အတွေ့အကြုံ အမြင်အကြားအသစ်တွေကို လက်ခံပေးတဲ့နေရာဖြစ်ကြောင်း၊ တစ်နေ့တာကာလအတွင်း သတင်းအချက်အလက် အသစ်များ ပြန်ဖြည့်ပေးနိုင်ကြောင်း၊ သို့သော် ခေတ္တ ခဏအိပ်စက်ပေးဖို့လိုကြောင်း၊ ယင်းသို့ ခေတ္တအိပ်ပျော်နေစဉ်တွင် ရှိပြီးသား သတင်းအချက်အလက်များကို ဦးနှောက် ရှေ့ပိုင်းရှိ Prefrontal cortex ဟုခေါ်သောနေရာသို့ ပြောင်းရွှေ့ပေးလိုက်ပြီး ထိုနေရာတွင် တာရှည်မှတ်သားသိမ်းဆည်းထားပေးသွားတာ ဖြစ်ကြောင်း သိရပါတယ်။
ဟစ်ပိုကမ်းပက်စ်သည်အီးမေးလ်စာ တိုက်ပုံး (email inbox)နှင့် အလားသဏ္ဌာန်တူ ကြောင်း၊ သို့သော် အိပ်လိုက်ပြီးနောက် အီးမေးလ်ကဲ့သို့ သတင်းအချက်အလက်များကို ရှင်းထုတ်ပြီးမှသာလျှင် အသစ်ဝင်လာသောသတင်း အချက်အလက်များကို လက်ခံနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ ဒီဖြစ်စဉ်ဟာ အိပ်ပျော်ခြင်း အဆင့်(၂) non-REM sleep တွင် ဖြစ်ပေါ်ကြောင်းလည်း သိရပါတယ်။
NHK HEALTH NEWS ကို
တတ်သလောက်မှတ်သလောက်ဘာသာပြန်ထားတဲ့
ရာဇ၀င်

ဆံသား မပျက်စီး ရလေအောင်

ဆံပင်သားတွေကို အရောင်တွေ ဆိုးတဲ့ အခါ အထူး ရွေးချယ်တတ်ဖို့ လိုပါတယ်။ ထုပ်လုပ်တဲ့ ကုမ္ပဏီ ရဲ့ အာမခံချက် ပါဝင်တဲ့ တံဆိပ်ကို သာ ရွေးချယ် ၀ယ်ယူ သင့်ပြီး အရမ်း ပြင်းထန် လွန်းတဲ့ ဆေး အမျိုးအစား မဖြစ်အောင် ဂရုပြု ၀ယ်ယူ သင့် ပါတယ်။ ဆေးဆိုးထားတဲ့ ဆံသား အတွက် မရှိမဖြစ် သုံးသင့်တာ က ဆံပင် ပျော့ဆေး ပါပဲ။ ခေါင်းလျှော်ပြီး ချိန်တိုင်း ဆံပင်ပျော့ဆေးကို မဖြစ်မနေ သုံးပေးဖို့ လိုပါတယ်။ အဲဒီလို မှ မဟုတ်ရင် ဆံသား ခြောက်သွေ့ ပျက်စီးမှုတွေ ဖြစ်ပေါ်လာနိုင် ပါတယ်။ ဆံသားတွေ ခြောက်သွေ့လာပြီ ဆိုတာ နဲ့ ခေါင်းဖြီး ချိန်တိုင်း ဆံသားတွေ တစ်ဝက် တစ်ပျက် ပြတ်ထွက်ကာ နောက်ပိုင်း ဆံပင်အရင်း နေရာတွေ ခြောက်သွေ့ လာနိုင် ပါတယ်။ ခေါင်းလျှော်ရည် ရွေးချယ်ရာမှာ လည်း ဆေးဆိုး ထားတဲ့ ဆံသားတွေ အတွက် အဓိက ထုတ်လုပ်ထားတဲ့ ခေါင်းလျှော်ရည် နဲ့ ပျော့ဆေး ကို အသုံးပြုဖို့ လိုပါတယ်။ ဆေးဆိုး ပြီးတဲ့ ဆံသားကို ခြောက်လနဲ့ အနည်းဆုံး လေးလ အထိ ခြားပြီးမှ နောက်ထပ် ဆံသား ပြုပြင် ပြောင်းလဲမှုတွေ ကို ပြုလုပ် ပေးသင့် ပါတယ်။
ဘယ်လို ပြုပြင်မလဲ
အဓိက ကတော့ ဆံပင်သား ပြုပြင် ခြင်း (Hair care) ပြုလုပ်ဖို့ ပါပဲ။ ဓာတုဗေဒ ပါဝင်တဲ့ ဆေးတွေ နဲ့ ထိတွေ့မှုများ လာတဲ့ သင့်ဆံသား နဲ့ ဦးရေပြား ဟာ တဖြည်းဖြည်း ပျက်စီး လာတတ် ပါတယ်။ ဆဲလ်တွေ ဖွံ့ဖြိုးမှု နှေးလာပြီး ဆံသား ဖွံ့ဖြိုးမှု ကြန့်ကြာလာ တတ်ပါတယ်။ ဒါကြောင့် ဆံသားကို အကောင်းဆုံး ထောက်ပံ့ ပေးနိုင်ပြီး ဦးရေပြားကို အေးမြ စေမယ့် ခေါင်းလျှော်ရည် အမျိုးအစားကို ရွေးချယ် ပါ။ တစ်လကို နှစ်ကြိမ် ပေါင်းတင် ပေးပါ။ သဘာဝ သစ်သီးတွေ နဲ့ ပြုလုပ် ထားတဲ့ ဆံပင်ပေါင်းဆေးကို သာ ရွေးချယ် ၀ယ်ယူ အသုံးပြုပါ။
ဆံသား ဆုံးရှုံးမှု ရပ်တန့် သွားအောင်
ဆေးမဆိုးဘဲ သင့်ဆံသား ဟာ ပင်ကိုယ် အနက်ရောင်က နေ တဖြည်းဖြည်း ခြောက်သွေ့ ပျက်စီးလာပြီ ဆိုရင် ဆံပင် အဖျားပိုင်းတွေ မှာ နီကြောင်ကြောင် ဖြစ်လာတတ် ပါတယ်။ အညိုရောင် ဆံသား တွေမှာ ဆိုရင် ပိုပြီး အရောင် ပြောင်းလဲမှု ဟာ သိသာ လာပြီး ဆံသား သိပ်သည်းမှု လည်း ကင်းဝေး လာပါတယ်။ ဒါဟာဆံ ပင်သားမှာ အဆီဓာတ် ဆုံးရှုံးမှု ဖြစ်လာတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ ဒီအချိန်မှာ ဆံသား နဲ့ ဦးရေပြားကို သံလွင်ဆီ၊ အုန်းဆီ စသဖြင့် လိမ်းပြီး သွေး လည်ပတ်မှု ကောင်း အောင် နှိပ်နယ် ပေးပါ။

swesonemedia postကိုကိုးကားတင်ပြပါသည်။
ရာဇ၀င်

အမြန် ဆံပင်ပျော့သွားစေမည့်နည်းလမ်း

သင်ဟာ ပွဲတက်တွေသွားဖို့ ဆံပင်ကိုအဖြောင့်လေးချသွားချင်ပေမယ့် ဆံပင်သားဟာ ပျော့ပျောင်းမှုမရှိဘဲ ကြမ်းနေပါသလား။ မနက်ဖြန်လိုသွားမယ်ဆိုရင် ညဘက်အိပ်ရာမ၀င်ခင်မှာ ဆံပင်တွေကို တစ်ခေါင်းလုံးအုန်းဆီအနှံ့ လိမ်းထားလိုက်ပါ။တစ်ညနေလုံးလုံး ဒီအတိုင်းထားပြီး အိပ်ရာဝင်တော့မယ်ဆိုရင် သံပရာရည် ထမင်းစားဇွန်းသုံးဇွန်းကို သင့်ဆံပင်အနေအထား (အတို၊ အရှည်ပေါ်မူတည်ပြီး ရေနဲ့အနည်းငယ်ရောစပ်ပါ။) ဦးရေပြားကိုမဟုတ်ဘဲ ဆံပင်သားကိုပဲ အဲဒီသံပရာရည်နဲ့လိမ်းလိုက်ပါ။ (စပရေးဘူးထဲထည့်ပြီးလည်း ဖျန်းပေးနိုင်ပါတယ်)။ ပြီးရင် အိပ်ရာဝင်လိုက်ပါ။  မနက်မိုးလင်းလို့ အိပ်ရာနိုးရင် ရေနွေးနွေးလေးနဲ့ အုန်းဆီနဲ့ သံပရာရည်တွေကို ပြောင်စင်အောင်ခေါင်းလျှော်ပြီးပျော့ဆေးလေးသုံးပေးပါ။ ဆံပင်သားကို လေအေးမှုတ်စက်နဲ့ အခြောက်ခံပြီး ခေါင်းဖြီးလိုက်ချိန်မှာတော့ အံ့သြစရာကောင်းလောက်အောင် ပျော့ပျောင်းနူးညံ့နေတဲ့ဆံသားကို သင်ပိုင်ဆိုင်ရမှာဖြစ်ပါတယ်။

swesonemedia postကိုကိုးကားတင်ပြပါသည်။
ရာဇ၀င်

Friday 27 May 2011

နံရံကပ် စာတမ်း


 စေတနာကောင်းတိုင်း
ကံမကောင်းလို့
စေတနာရောင်းရန်
ရှိပါသည် . . . . .
ပျက်အစဉ် ဖြစ်ပြီး
ပြင်မရတဲ့သူတွေ
ကျေးဇူးပြုပြီး
        ငါနဲ့ ဝေးဝေးနေပါ . . . .


ဖောင်စီးရင်း
ရေငတ်မှတော့
ပင်လယ်ကို
          မမက်မောတော့ဘူး . . . . 


 မပိုင်ဘဲရိုက်တဲ့
ခြင်တစ်ကောင်က
ခြင်ထောင်အပြင်မှာ
     လှောင်နေသေးတယ် . . . .

  ရှဉ့်လျှောက်စရာမရှိ
ပျားဆွဲစရာမကျန်ရင်လောကဓံကို
    ခြေစုံကန်ရုံပေါ့ . . .


လောက ဓံကိုရင်ဆိုင်
ဘ၀ ကို ထုဆစ် ဖို့ အတွက်
ဒီနေ့(၂၈-၅-၂၀၁၁) နေ့
Silk Air Flight နဲ့
သူရန်ကုန် ပြန်ပီ..။

ကျွန်တော့် Blog Post ကို လာရောက်ဖတ်ရှု့အားပေးသော သူငယ်ချင်း......
ပါခင်ဗျာ.။

ရာဇ၀င်  

Thursday 26 May 2011

၁၅၀၀ Error.

ခေါင်းစားတယ်...
ပတ်သက်ဖူးသမျှ၁၅၀၀ တွေလဲ
Error တွေပဲပြပြနေတယ်
၅၂၈ ကလည်းအနားမှာမရှိဘူး၊
ကိုယ်စောင့်နတ်ကလည်းအိပ်ယာမထသေးဘူး
နှလုံးသား Folder လည်း Virus ကိုက်သွားပြီ
သက်ပျင်းတွေပဲချချနေရတယ်...
ကဗျာကောင်းကောင်းတစ်ပုဒ်ရေးဖို့
ဦးနှောက်နဲ့ရင်ဘတ်ကို
Network မချိတ်ရသေးဘူး
ဒိတ်အောက်နေတဲ့ငါ့ရင်ဘတ်ကြီးကိုလည်း

Update   ပြန်လုပ်ရအုန်းမယ်...
သိုးရေခြုံတဲ့ဝံပုလွေတွေငါ့နားမလာနဲ့
အနာဂတ်ကိုကြည့်ဖို့
ပစ္စုပန်ကိုမျက်မှန်တတ်ပေးလိုက်ပြီ
ဒီကဗျာ ဒီမှာပဲ ပုဒ်မချလိုက်ပြီ ။ ။

သစ္စာမရှိတဲ့လူတွေကြောင့်
ကမ္ဘာကြီးတောင်နှာဆေး ချောင်းဆိုး ဖြစ်နေလေရဲ့....
ရာဇ၀င်

ပျော်ရွှင်စွာ နေတတ်ကြသည့် အမျိုးသမီးများ၏ လျှို့ဝှက်ချက်

 
တစ်ချိန်လုံး အမြဲတမ်း ပျော်ရွှင် နေသူ တစ်ယောက် မှ မရှိကြပါဘူး။ ဒါပေမဲ့ တချို့သူတွေဟာ တခြားသူတွေ ထက် ပိုမို ပျော်ရွှင် နေတတ်ကြတာ ဟာ အောက်ပါ အကြောင်းတွေ ကြောင့်ပါ။

၁။ အကောင်းမြင်တတ်ပါတယ်

 
ပျော်ရွှင်စွာ နေတတ်သူတွေ ဟာ မကောင်းတဲ့ အရာတွေ ဖြစ်ပေါ် လာတာကို လက်ခံ ပေမယ့် မကြာခင် ပြီးဆုံးမယ်လို့ ယုံကြည်တတ် ကြပါတယ်။ အဆိုးမြင် ၀ါဒ ရှိတတ်သူတွေ အနေ နဲ့ တစ်ခုခု မှားရင် အကုန်လုံး မှားမှာပဲ လို့ ထင်တတ်ကြတဲ့ အလေ့အကျင့် ရှိတတ် ကြပါတယ်။
၂။ အကောင်းဘက်က ဖြစ်ပေါ်လာရင် ရေးမှတ် ထားတတ် ကြပါတယ်
 
 ကျွန်ုပ်တို့ဟာ များသောအားဖြင့် မကောင်းတာ (Negative) အပေါ်သာ အာရုံစိုက်လေ့ ရှိတတ် ကြပါတယ်။ ချီးကျူး ရမှာက ၁၀ ခု ရရှိပြီး မကျေနပ်တာ တစ်ခု ရှိနေမယ် ဆိုရင် သင်ဟာ ဘယ်အပေါ်မှာ အာရုံစိုက်လေ့ ရှိသလဲ။ ပျော်ရွှင်စွာ နေတတ်သူတွေ ဟာ ချီးကျူး ရမယ့် အကြောင်းအရာတွေကို သာ ကြားမြင် တတ်ကြ ပါတယ်။ အကောင်းမြင်တာကို စတင်ပြီး သတိထား မိရင် သင့်ဆီ အကောင်းတွေ ချည်းပဲ ရောက်လာမှာ လို့ ပိုမြင်မိတတ် ကြပါတယ်။
  
၃။ခွင့်လွှတ်နိုင်အောင် လေ့ကျင့်ပါတယ်
 
ပျော်ရွှင်စွာ နေတတ်သူတွေဟာ လွယ်လွယ် ကူကူပဲ ခွင့်လွှတ်တတ် ကြပါတယ်။ လူတွေကို ခွင့်မလွတ်နိုင်တာ ဟာ အဲ့ဒီသူ သေဆုံးဖို့ အထိ မျှော်လင့်နေတာကြောင့် သင့်ကိုယ် သင် အဆိပ်မိ ထားသလို ခံစားရတတ် ကြပါတယ်။ သင်ဟာ ခွင့်လွှတ်ဖို့ ခဲယဉ်းနေရင် မေတ္တာပို့ တတ်တဲ့ အကျင့်ကို ပြုလုပ်ပါ။ သင့်ကိုယ် သင် မေတ္တာပို့ပါ။ ပြီးရင် သင် ချစ်တဲ့သူ၊ သင် နဲ့ သိကျွမ်း ဖူးသူ၊ သင် ခွင့်လွှတ်ရမယ့် သူတွေကို မေတ္တာ ပို့ပါ။ ဥပမာ အားဖြင့် (ခွင့်လွှတ်ရမယ့် သူ နာမည် ထည့်ပါ) ကျန်းမာပါစေ။ ချမ်းသာပါစေ။ အန္တရာယ်ကင်း ပါစေ။ ကြင်နာတတ် ပါစေ အစ ရှိသဖြင့် မေတ္တာပို့ ကြည့်ပါ။ အလိုလို ခွင့်လွှတ်နိုင် သွားပါ လိမ့်မယ်။

 ၄။မိမိ ၀ါသနာ ပါရာ အလုပ်ကို လုပ်တတ် ကြပါတယ်
 
ပျော်ရွှင်စွာ နေတတ်သူတွေ ဟာ ငွေ ဒါမှမဟုတ် ဂုဏ်ကို အဓိက မထားဘဲ သူတို့ ၀ါသနာပါရာ အလုပ်ကို လုပ်တတ်ကြ ပါတယ်။ 

swesonemedia post ကိုကိုးကားတင်ပြပါသည်။
ရာဇ၀င်