Saturday 28 May 2011

ဆံသား မပျက်စီး ရလေအောင်

ဆံပင်သားတွေကို အရောင်တွေ ဆိုးတဲ့ အခါ အထူး ရွေးချယ်တတ်ဖို့ လိုပါတယ်။ ထုပ်လုပ်တဲ့ ကုမ္ပဏီ ရဲ့ အာမခံချက် ပါဝင်တဲ့ တံဆိပ်ကို သာ ရွေးချယ် ၀ယ်ယူ သင့်ပြီး အရမ်း ပြင်းထန် လွန်းတဲ့ ဆေး အမျိုးအစား မဖြစ်အောင် ဂရုပြု ၀ယ်ယူ သင့် ပါတယ်။ ဆေးဆိုးထားတဲ့ ဆံသား အတွက် မရှိမဖြစ် သုံးသင့်တာ က ဆံပင် ပျော့ဆေး ပါပဲ။ ခေါင်းလျှော်ပြီး ချိန်တိုင်း ဆံပင်ပျော့ဆေးကို မဖြစ်မနေ သုံးပေးဖို့ လိုပါတယ်။ အဲဒီလို မှ မဟုတ်ရင် ဆံသား ခြောက်သွေ့ ပျက်စီးမှုတွေ ဖြစ်ပေါ်လာနိုင် ပါတယ်။ ဆံသားတွေ ခြောက်သွေ့လာပြီ ဆိုတာ နဲ့ ခေါင်းဖြီး ချိန်တိုင်း ဆံသားတွေ တစ်ဝက် တစ်ပျက် ပြတ်ထွက်ကာ နောက်ပိုင်း ဆံပင်အရင်း နေရာတွေ ခြောက်သွေ့ လာနိုင် ပါတယ်။ ခေါင်းလျှော်ရည် ရွေးချယ်ရာမှာ လည်း ဆေးဆိုး ထားတဲ့ ဆံသားတွေ အတွက် အဓိက ထုတ်လုပ်ထားတဲ့ ခေါင်းလျှော်ရည် နဲ့ ပျော့ဆေး ကို အသုံးပြုဖို့ လိုပါတယ်။ ဆေးဆိုး ပြီးတဲ့ ဆံသားကို ခြောက်လနဲ့ အနည်းဆုံး လေးလ အထိ ခြားပြီးမှ နောက်ထပ် ဆံသား ပြုပြင် ပြောင်းလဲမှုတွေ ကို ပြုလုပ် ပေးသင့် ပါတယ်။
ဘယ်လို ပြုပြင်မလဲ
အဓိက ကတော့ ဆံပင်သား ပြုပြင် ခြင်း (Hair care) ပြုလုပ်ဖို့ ပါပဲ။ ဓာတုဗေဒ ပါဝင်တဲ့ ဆေးတွေ နဲ့ ထိတွေ့မှုများ လာတဲ့ သင့်ဆံသား နဲ့ ဦးရေပြား ဟာ တဖြည်းဖြည်း ပျက်စီး လာတတ် ပါတယ်။ ဆဲလ်တွေ ဖွံ့ဖြိုးမှု နှေးလာပြီး ဆံသား ဖွံ့ဖြိုးမှု ကြန့်ကြာလာ တတ်ပါတယ်။ ဒါကြောင့် ဆံသားကို အကောင်းဆုံး ထောက်ပံ့ ပေးနိုင်ပြီး ဦးရေပြားကို အေးမြ စေမယ့် ခေါင်းလျှော်ရည် အမျိုးအစားကို ရွေးချယ် ပါ။ တစ်လကို နှစ်ကြိမ် ပေါင်းတင် ပေးပါ။ သဘာဝ သစ်သီးတွေ နဲ့ ပြုလုပ် ထားတဲ့ ဆံပင်ပေါင်းဆေးကို သာ ရွေးချယ် ၀ယ်ယူ အသုံးပြုပါ။
ဆံသား ဆုံးရှုံးမှု ရပ်တန့် သွားအောင်
ဆေးမဆိုးဘဲ သင့်ဆံသား ဟာ ပင်ကိုယ် အနက်ရောင်က နေ တဖြည်းဖြည်း ခြောက်သွေ့ ပျက်စီးလာပြီ ဆိုရင် ဆံပင် အဖျားပိုင်းတွေ မှာ နီကြောင်ကြောင် ဖြစ်လာတတ် ပါတယ်။ အညိုရောင် ဆံသား တွေမှာ ဆိုရင် ပိုပြီး အရောင် ပြောင်းလဲမှု ဟာ သိသာ လာပြီး ဆံသား သိပ်သည်းမှု လည်း ကင်းဝေး လာပါတယ်။ ဒါဟာဆံ ပင်သားမှာ အဆီဓာတ် ဆုံးရှုံးမှု ဖြစ်လာတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ ဒီအချိန်မှာ ဆံသား နဲ့ ဦးရေပြားကို သံလွင်ဆီ၊ အုန်းဆီ စသဖြင့် လိမ်းပြီး သွေး လည်ပတ်မှု ကောင်း အောင် နှိပ်နယ် ပေးပါ။

swesonemedia postကိုကိုးကားတင်ပြပါသည်။
ရာဇ၀င်

No comments:

Post a Comment