Thursday 3 May 2012

Facebook ပေါ်မှ အာဇာနည် အတု -


Facebook ပေါ်မှ RZar Ni အကောင့်မှာ သူမဟုတ်ဘဲ ပရိသတ်များ အထင်လွဲစေမည့် အကြောင်းအရာ များကို တခြားတစ်ယောက်က ဝင်ရေးနေကြောင်း အဆိုတော်  Rဇာနည်က ပေါ်ပြူလာ နယူးစ်သို့ မတ်လ ၅ ရက်နေ့တွင် ပြောသည်။
၎င်းအနေနှင့်  ZarniMyo Nyunt ဆိုသည့် အကောင့်တစ်ခု ထဲကိုသာ သုံးဖြစ်ကြောင်း ၄င်းက ဆိုသည်။ ”ကျွန်တော်မှာ Fanpage လည်း မရှိပါဘူး။ ရိုးရိုးအကောင့်ပဲ ရှိပါတယ်။ သူငယ်ချင်းတွေနဲ့ ဆက် သွယ်လို့ရအောင် သုံးတဲ့ အကောင့် ပဲရှိတယ်။ RZar Ni တို့ဘာတို့မှာ ရေးတဲ့ဟာတွေက ကျွန်တော် ရေးတာမဟုတ်ပါဘူး။
အဲဒီမှာ ရေးတဲ့သတင်းတွေက ဘာတွေကြားရလဲ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်  စည်းရုံးရေးသွားတဲ့ ခရီးတွေမှာ လူသေတယ်ပေါ့။ အဲလောက်ကြီး ဖြစ်တာ မကောင်းပါဘူး။ ဘာညာ နဲ့ရေးတယ်။ ပြီးတော့ အဲဒီ တစ်ခုတည်းတွင် မဟုတ်ဘဲ သံဃာတော် တွေကလည်း သူ့ အလုပ်သူ လုပ်ရမယ်ဆိုပြီး ရေးထားတယ်။ နောက် IC ကိုလည်း ပုတ်ခတ်ထားတယ်။ အဲဒါတွေဟာ ကျွန်တော် ရေးတာ လုံးဝမဟုတ်ပါဘူး။
ဒီလို ရေးထားတဲ့ သတင်းတွေ ကို ကျွန်တော့်ရဲ့ ညီလေးတစ်ယောက်က ဖုန်းဆက် ပြီးပြောတာ။ နောက်သူငယ်ချင်း ပွဲကန်ထရိုက် တွေကလည်း ဖုန်းဆက်ပြီး ကျွန်တော်ကို ပြောတယ်။ မသိတဲ့သူတွေ ကျတော့ အဲဒီမှာဝင်ပြီးကျွန်တော့်ကို ပြောထားတာတွေရှိတယ်။  ကိုယ်မဟုတ်တဲ့ အတွက် ဘာမှတော့ ကိစ္စမရှိပါဘူး။ ပုံကလည်း ကျွန်တော် သီချင်းဆိုထားတဲ့ ပုံကို သုံးထားတယ်” ဟု ၄င်းက ပြောသည်။
အဆိုပါ အဖြစ်ပျက်များကြောင့်  ယခုအခါ ပရိသတ်များအတွက်  (R ZARNI) www. facebook. com/ pages/R-ZAR-NI ဆိုပြီး၊ Fan Page ဖွင့်လိုက်ပြီဖြစ်ကြောင်း သိရသည်။
သတင်းအပြည့်အစုံဖတ်လိုပါက


ပုံရိပ်(burmesehearts.com)

No comments:

Post a Comment