Friday 13 January 2012

သိပ္ပံပညာရှင်များ ဗုဒ္ဓ၏ စွယ်တော်(သွား)ကို စစ်ဆေးကြခြင်း

ဗုဒ္ဓပွင့်ပေါ်ခဲ့တာက (BC 623)ဆိုတော့၊ ဗုဒ္ဓက ခရစ်တော်ထက် ၆၂၃ နှစ် ပိုစောခဲ့သလို၊ မိုဟာမက် ပေါ်ခဲ့တာက(AD 570)ဆိုတော့ ဗုဒ္ဓ က မိုဟာမက် ထက်လည်း

နှစ်ပေါင်း (၁၁၉၃)နှစ် ပိုစောခဲ့တော့ ၊ ယခု တရုတ်ပြည်မှာ ရှိနေတဲ့ ဗုဒ္ဓရဲ့စွယ်တော်(သွား) ရဲ့ သက်တမ်းဟာ နှစ်ပေါင်း(၂၆၃၃) နှစ်ရှိနေပါပြီ။ အဲဒီလောက် သက်တမ်းရှိပြီဖြစ်တဲ့ သွားအပေါ်မှာ

သံသယမကင်းဖြစ်နေတဲ့ အနောက်တိုင်း သိပ္ပံပညာရှင်တို့ကအဲဒီ့ သွားကို Genetic Engineering နည်းနဲ့ စမ်းသပ် စစ်ဆေးလိုပါတယ်လို့ အကြိမ်ကြိမ်တောင်းဆိုလို့ တရုတ်အစိုးရက

ခွင့်ပြုလိုက်တော့ သိပ္ပံပညာရှင်တို့စမ်းသပ်တွေ.ရှိချက်တွေကတော့

(၁)ဒီသွားဟာ လွန်ခဲ့တဲ့နှစ်ပေါင်း(၂၆၀၀)ခန့်ကသွားဆိုတာ မှန်ကန်ပါတယ်တဲ့

(၂)လူသားတဦးရဲ့သွားဆိုတာလဲ မှန်ကန်ပါတယ်တဲ့

(၃)၎င်းသွားထဲမှာပါတဲ့ DNA(Deoxyribo Nucleic Acid) ဟာ သာမန်လူသားတဦးရဲ့ DNA နဲ့မတူဘဲ Supreme Lord(အမြင့်မြတ်ဆုံးအရှင်သခင်) ရဲ့ DNA အဖြစ် ကောက်ချက်ချပါတယ်တဲ့

အဲဒီသိပ္ပံတွေ.ရှိချက်ထွက်လာစဉ်မှာဘဲ အနောက်အုပ်စု အစိုးရတွေက သူတိုရဲ့ သိပ္ပံပညာရှင်တွေကို စမ်းသပ်မှုကို ချက်ချင်းရပ်လိုက်ဖို့အမိန့်ထုတ်လိုက်ပါတယ်တဲ့။

ဘာကြောင့်လဲဆိုတော့ဗုဒ္ဓဘာသာကမ္ဘာကျော်သွားမှာကိုမဖြစ်စေချင်လို.ပါတဲ့။ အနောက်အုပ်စု/ အမေရိကန် နှင့် တရုတ် တို့ ပါဝါ ပြိုင်နေချိန်လဲ ဖြစ်နေတယ်လေ။

သိပ္ပံပညာတိုးတက်မှုဟာ ဒီနေရာမှာကျတော့ ဗုဒ္ဓဘာသာအတွက် ကောင်းမွန်နေပါတယ် သူငယ်ချင်းတို့ ရေ...........

မှတ်ချက်။ ။ ၁၉.၁.၂၀၁၀နေ.၊ထားဝယ်မြို့တွင်ဓမ္မစေတီဆရာတော်ဟောကြားခဲ့သော ဒါနကထာ တရားတော်မှ ကောက်နှုတ်ဆင့်ပွားချက်လေးပါ။

တရုတ်ပြည်ရဲ့ တန်ခိုးအကြီးဆုံး ဗုဒ္ဓစွယ်တော်တည်ထားတဲ့စေတီနဲ့ ဗုဒ္ဓစွယ်တော်အနီးကပ်ပုံတွေဖြစ်တယ်၊ ရခဲတဲ့ပုံတွေပါ၊

Resigzed ImageClick this bar to view the full image.


Resigzed ImageClick this bar to view the full image.


Resigzed ImageClick this bar to view the full image.


Resigzed ImageClick this bar to view the full image.


ယခုပို့စ်အား google တွင်ရှာပါက ဒီလင့်မှာ တင်ထားတာတွေ ရှိပါသည်။ သွားရောက် လေ့လာနိုင်ပါသည်။ဗုဒ္ဓ၏စွယ်တော်(သွား)ကို စစ်ဆေးကြခြင်း”အကြောင်းကိုသေချာဃဃဏဏသိချင်လျှင်တော့http://www.dhammaceti.org/contact.phpမှာတဆင့်ဆရာတော်ထံကိုဆက်သွယ်လျှောက်ထားမေးမြန်းနိုင်ပါတယ်။
ဆရာတော်ကအခုအမေရိကန်ပြည်ထောင်စု၊15741 Via Represa San Lorenzo, CA 94580 USA မှာသီတင်းသုံးနေတာပါ။
                                                           ရာဇ၀င်


No comments:

Post a Comment