Wednesday 7 March 2012

အကြွင်း မဲ့ ယုံလိုက်တော့ -..


သိလျက်သားနဲ့

မသိချင်ယောင်ဆောင်ပြီး

လူနုံလိုဖြစ်ရတာ

ဆေးခါးကြီးသောက်ရသလို
 
                       အခံရခက်တယ် ဗျာ။ ကောင်မလေးတွေ

ပေါက်ပေါက်ဖောက်သလို

စကားတွေပြောတာ
ကဂျီကဂျောင်နိုင်တာ

ဘယ်.....နတ်မင်းကများ

ဖန်ဆင်းခဲ့လေလဲ။

(ရာဇ၀င် ချစ်သူတော့မပါ ဘူးနော်)                                 
                    
ရန်သူမရှိဘူးဆိုမှ

ဘယ်ကနေဘယ်လို

ဘယ်သူကများ ဖန်တီးလို့

ငါ့မှာ ရန်ဖြစ်မယ့်

ရန်သူရှိလာရလဲကွယ်။

(ဓားမရှိ၊သေနတ်မကိုင်၊နှုပ်ခမ်းနီဆိုးထားလို့ပေါ့)
                            


   ရေစက်ဆိုတာကို

ဘယ်လိုဖွင့်ဆိုကြသလဲမသိ

ဒီအထဲ

အပေါင်ဆိုင်နာမည်ကိုတောင်

(ရေစက်)လို့ပေးသေး။

အံ့ပါရဲ့ ဗျာ.....။

   
   ရေစက်များကတော့

ဆုံ.....ဆုံ.....ဆုံပဲ ဆုံတတ်နိုင်လွန်း

ဘော်လုံး စကားနဲ့ပြောရရင်

အုပ်စု ကိုကျော်လို့

ရှုံးထွက်ကိုရောက်တဲ့အတိုင်းပဲ ဗျာ။   

   နွေဥတုရဲ့

အလှတရားတွေအားလုံးကို........

တိမ်တွေက အကုန်ယူသွားတယ်။

ရွာသွန်းလာတဲ့
မိုးရေတွေကို ..........

လက်ခုပ်နဲ့ခံပြီး ...

ကမ္ဘာမြေအနှံ ကျဲပက်ပါရစေ။

မုန်းသူ................

ချစ်သူတွေ အေးမြစေချင်လို့လေ။  
 


     နှင်းဆီပန်းမှာ  
ဆူးရှိတာ သိတာပေါ့။  အချစ်ဆိုတာ နှင်းဆီပန်းမှ မဟုတ်တာ။ အချစ်အကြောင်း ပြောမလား 
သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်တွေက

ညီညီညာညာ

အိပ်မှုန်စုံမွား အသံတွေနဲ့

နတ်ဘုံနတ်နန်းကိုရောက်အောင်

ပို့ပေးလိမ့်မယ်။

သူတို့ခင်ဗျာ ..

အဲဒီလိုမှမပို့ရင်

အိပ်ရေးပျက်မှာစိုးလို့ပေါ့ ။     

 အချစ်ကို ..  မျက်လုံးတွေနဲ့

ကြည့်လို့ရတယ်လို့
ထင်နေသလား။
စိတ်နဲ့သာ ကြည်လို့ရတာ။

အဲဒါကြောင့်

         တောင်ပံတွေပါတဲ့

မြားနတ်မောင်ဆိုတဲ့ ချာတိတ်ကို

မျက်စိကန်းနေတယ်လို့ ပြောတာပေါ့။
 
          ငါ့နှလုံးသားကငါ့ချစ်သူ.....
ဇာပန်:ထိုးဖို့လေ။   


ကြယ်ကလေးတွေကို

မီးလို့ မင်းသံသယရှိသလား ...!!!

နေမင်းကြီး ကျတော့ရော ...

မရွေ့တော့ဘူးလို့ မင်းသံသယရှိလား ...!!!

အမှန်တရားဆိုတာ ...

မုသာဝါဒတွေ ဖြစ်နေတယ်လို့ ရော

မင်း သံသယရှိလား ...!!!!

အဲဒါမှ မဟုတ်ရင်တော့

အချစ်ကို မင်းအနေနဲ့

ဘာသံသယမှ မရှိဘဲ ..

အကြွင်းမဲ့ ယုံလိုက်ပေတော့။  
                                 ရာဇ၀င်
                         

No comments:

Post a Comment