မြစ်မကောအောင်လို့
သစ်တောတို့စိမ်းရပေမည်။
ရေဝေတောတွေ ဆိုင်းစို့စို့
မှိုင်းညို့ညို့ မှုန်မှုန်ရီ။
ချင်းတွင်းနဲ့ ဧရာဝတီ
ရေပြာကြည်သမျှ မြန်မာ့သွေးဟေ့။
တစ်တောလုံး ပြောင်
တစ်တောင်လုံး လဲ
မြစ်ကျဉ်းကာ သောင်တွေပေါ်တော့
နောင်အရှည်မမျှော် မြန်မာပျောက်အောင်လို့
ကိုယ့်သွေးကို ကိုယ်ပြန်သောက်ပြီလား
စိုးကြောက်ဖွယ် အဖြစ်သဘောရယ်က
မြစ်ကောတဲ့နေ့။
ရာဇ၀င် ၏ ကြိုက်နှစ်သက်သော ကဗျာ တစ်ပုဒ်ပါ ။ ။
No comments:
Post a Comment