မမ ကိုငါ နံမည်တခုပေးမယ် …. ကော်ဖီ
မမ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ
မမ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ မမ ရဲ့နာမည်အသစ်ဟာ …. ကော်ဖီ။ မမ ကိုသတိရလိုက်ရုံနဲ့
ညတွေဟာအဆုံးမဲ့၊ အစမဲ့ရှည်လျား
တဟုန်ထိုး တိုက်ခတ်လာတဲ့ အလွမ်းလှိုင်းလုံးတွေကြား အိပ်ပျက်ညတွေ များသထက်များ …။
တို့ဆုံဆည်းကြမှာလဲ
မချင့်မရဲ ပူပန်မှုတွေ
ရင်ထဲထိုးဖောက် နှောက်ယှက်သွား စိတ်ကိုမှန်တဲ့မြှားချက်များ …။ မမ အချစ်ဟာ ခါးသက်သက်
ကော်ဖီတခွက်လို စွဲမက်ဖွယ်
ကြေကွဲမှုတွေပေးတယ်
သတိရခြင်းတွေပေးတယ်
အလွမ်းနဲ့ပူပင်သောကတွေပေးတယ် အတူတူနေရဖို့ တောင့်တခြင်းတွေပေးတယ် ….။ မမ ရယ် မ ရဲ့နာမည်အသစ်ဟာ … ကော်ဖီ...။ ရာဇ၀င်
No comments:
Post a Comment