ပထမနည်း ( တစ်ခါမှ မပို့ဖူးတဲ့သူက မေးလ်ပို့ခဲ့ရင် မဖွင့်နှင့် )
မေးလ်ပို့
ပြီး ခင်ဗျားတို့ password ကို ယူမယ့် program ကို ခင်ဗျားတို့
ကိုယ်တိုင်နှိပ်ချင်လာအောင် လုပ်တဲ့နည်းပါ .. ဒါကြောင့် ဂျီမေးလ်စစ်တဲ့အခါ
.. ကိုယ်နဲ့မသိတဲ့သူတစ်ယောက်ယောက် ( ကိုယ့်ကိုမေးလ်တစ်ခါမှ မပို့ဖူးတဲ့သူ
) က ပို့လာရင် ဖတ်လို့တော့ရပါတယ် . အထဲက ဘာကိုမှမနှိပ်ပါနဲ့
ပြန်ထွက်လိုက်ပါ ..
password
ကို ခိုးမယ့် ဖိုင်ဟာ သီချင်း ( SONG + Hack Program ) ဒါမှမဟုတ် ..
Software တစ်ခုခုဖြစ်နိုင်ပါတယ် .. နောက်ပြီး link လေးတွေလည်း
ဖြစ်နိုင်ပါတယ် .. ( ဥပမာ ဟိုမော်ဒယ်လ်ရဲ့ ဟိုကားကြည့်ချင်ရင် ဒီကိုနှိပ်
. ပြီးတော့ ဟိုကားမကြည့်ရပဲ .. password ပါသွားမယ် . သဘောတရားပြောတာပါ )
ဒုတိယနည်း ( remember password မလုပ်နှင့် )
ဒါကတော့
ခင်ဗျားတို့တွေ Gtalk သုံးရင် remember မှာ အမှန်လေးတစ်ခါတစ်လေ ပျင်းလို့
ခြစ်မိရင် .. ခင်ဗျားတို့ရဲ့ password ကို computer က မှတ်သွားမှာပါ ..
အဲ့ဒီ Password တွေက Mozilla ထဲရောက်သွားပြီး .. hack
မယ့်သူကရှာနိုင်ပါတယ် .
. နောက်ပြီး website တစ်ခု မှာ Member ၀င်တဲ့အခါ .. remember password လုပ်မလားမေးရင် မလုပ်နဲ့ပေါ့ ပိတ်လိုက်ပါ
တတိယနည်း ( အင်တာနက်ဆိုင်မှာသုံးရင် key logger ၀င်မ၀င်စစ်ပါ )
တတိယနည်းကတော့
keylogger software ကို ခင်ဗျားသုံးမယ့် စက်မှာ ကြိုတင်ပြီး run ထားတာပါ
.. အဲ့ဒီ software က ခင်ဗျား key board မှာရိုက်သမျှကို မှတ်ပေးနေမယ် ..
ခင်ဗျား ၀င်သမျှ website တွေကိုလည်း မှတ်ပေးနေမှာပါ .. ဒီတော့ကာ အဲ့ဒီ
software လေး run ထားလား မ run ထားလားသိအောင်လုပ်ရမပါ .. ဒီအပိုင်းကိုတော့
အမေ့သား နေလင်းဖြိုးရဲ့ blog ကနေကူးပြီးဖော်ပြလိုက်ပါတယ် ..
Ctrl+Shift+Esc
( or) Ctrl+Atl+ Del နဲ့ Task manager ကို ခေါ်လိုက်ဗျာ ..။ Process ဆိုတဲ့
tab ကို နှိပ်ပြီး msdts.exe ဆိုတာကို လိုက်ရှာကြည့်ဗျာ ။ ရှိတယ်ဆို
keylogger သုံးထားလို့ပေါ့ ။ အမြန် သာ click နှိပ်ပြီး End process ပေးလိုက်ပေတော့ ။ အဲဒါဆိုရင်တော့ keylogger ကို ကာကွယ်နိုင်ပြီ ဖြစ်ပါတယ်။
အကောင်းဆုံးနည်းလမ်းကတော့ taskmanager မှာရှိတဲ့ process tab ထဲမှာရှိနေတဲ့ကောင်တွေထဲကကိုယ်သုံးမယ့်gtalkလောက်ပဲအိုကေထားပြီးကျန်တာတွေကို disable သို့မဟုတ် end process
ပေးလိုက်တာပါပဲ…ဘာလို့ဆို ရိုးရိုး ယူဆာတွေ အနေနဲ့က ဘယ်လိုဖိုင်လ်က
အချက်အလက်တွေကို ရီကော့ လုပ်တာလဲဆိုတာ မသိနိုင်တော့ အန္တရာယ်ကင်းဘေးရှင်း
အားလုံးကို end process လုပ်ပြီး ကိုယ်သုံးတဲ့ကောင်ကိုပဲ manually ခေါ်သုံးတာ အကောင်းဆုံးပါပဲ။
စတုတ္ထ နည်း ( Email ထဲမှ remember password မလုပ်နှင့်)
အရင်ဦးဆုံးrun>firefox
အဲ့ဒီမှာ
ပေါ်ဆုံးမှာtools ဆိုတဲ့ဟာလေးရှိပါတယ်။အဲ့ဒါကိုန
ပြီးလျင် optionကိုရွေးပါပြီးလျင်
တစ်ခါတစ်လေမှာexception ကိုနှိပ်ပြီးတော့အဲ့ဒီကပာာလေးေ
ကဲ..ဒါဆိုရင် တော့ Hacker တွေရဲ့ ရန်မှာ မိမိ Email Account ကိုကာကွယ်ပြီးဖြစ်ပါပြီ။
ရာဇ၀င်
No comments:
Post a Comment